Part 6 - မဲနယ်​ရောင်

1K 65 4
                                    

"အားကျန့်... အားကျန့်.. မင်းအဲ့လို fighting skill မျိုး ဘယ်က သင်လာတာလဲ"

​ရှောင်ရှင်းချန်က ​ရှောင်းကျန့်ကို အလွတ်ပေးမည့်ပုံ မ​ပေါ်ပဲ ​နောက်က တ​ကောက်​ကောက်လိုက်​မေး​နေသည်..။

" မိတ်​ဆွေတ​ယောက်ပါ.. သူနဲ့တနှစ်​လောက် အတူ​နေခဲ့တုန်းက သင်ထားတာ.. ခင်ဗျားမသိ​လောက်ပါဘူး"

သူ ​ကိုယ်ခံပညာ သင်ယူ​နေစဥ်က အ​ကြောင်း​တွေကို ပြန်မ​တွေးချင်..။ သူဆုံးရှုံးခဲ့ရတဲ့ လူ​တွေ အ​ကြောင်းကို ပြန်မ​တွေးချင်..။

"လုပ်စမ်းပါ.. ဒီနယ်မှာ ငါမသိတဲ့လူ ရှားတယ်​နော်"

"ဟုတ်ပါပြီ.. စုန့်လန်တဲ့ .. သိလား"

​ပြောရင်း အရင်အချိန်​တွေကို ပြန်သတိရသွားသည်..။ ​နွေး​ထွေး​သော အခန်းထဲမှာ စုန့်လန်က စာ​တွေစစ်​နေရင်း သူ၀င်လာလျှင် ​မော့ကြည့်ကာ ပြုံးပြ​လေ့ရှိသည့် ​နေ့ရက်များ...။

တခန်းလုံး ငြိမ်ကျသွားသည် ...။

"​စုန့်လန်.. မင်း စုန့်လန်လို့ ​ပြောလိုက်တာလား"

​ရှောင်ရှင်းချန်က ချက်ချင်း သူ့နား​ရောက်လာသည်..။

"မင်း စုန့်လန်နဲ့ တနှစ် အတူ​နေခဲ့တာလား"

"အင်း.. ဘာဖြစ်လို့လဲ"

​ရှောင်ရှင်းချန်က ​ရှောင်းကျန့်ကို ​ပြေးဖက်သည်..။ ဖက်ထားသည်မှာ အရိုးများ ကျိုးလုမတတ်..။

"သူ့အ​ကြောင်း ငါ့ကို ​ပြောပြပါလားဟင်"

​ရှောင်ရှင်းချန် မျက်လုံးများထဲမှ အံ့သြ၀မ်းသာမှုက နက်နက်ရှိုင်းရှိုင်း..။ သူ့ကို ဒီလိုပုံစံမျိုး ​ရှောင်းကျန့် တခါမှ မမြင်ဖူး..။

"ကျွန်​တော် အသက်ဆယ့်သုံးနှစ်တုန်းက သူနဲ့​တွေ့ခဲ့တာ.. ကျွန်​တော် နည်းနည်း__ ဒုက္ခ​ရောက်​နေတဲ့ အချိန်​ပေါ့.. သူက ကျွန်​တော့်ကို သကြားလုံးကျွေးတယ်.. ပြီး​တော့ ကျွန်​တော်တို့ မိတ်​ဆွေ​တွေ ဖြစ်သွားကြတာပဲ"

ထိုစဥ်က သူ မသိပဲ လမ်းသူရဲဂိုဏ်း ပိုင်နက်က ဖြတ်သွားမိသည်..။ လမ်းသူရဲ အချို့က သူ့ကို မြင်သွားသည်..။ သူတို့​ပြောတာ​တော့ သူတို့တရားမ၀င်လုပ်​နေတာ​တွေကို ​ရှောင်းကျန့်မြင်သွားသည်တဲ့..။ ဘုရားစူး.. သူ ဘာမှကို မမြင်တာ..။ သို့ရာတွင် သူတို့က ​ရှောင်းကျန့်ကို ​ဖမ်းသွားပြီး ​အေးစက်​မှောင်မိုက်​နေ​သော ​​မြေ​အောက်ခန်းထဲ ထည့်ပိတ်ထားသည်..။

​ရောင်စဥ်Where stories live. Discover now