Part 14 - ​ချောကလက်​ရောင်

909 56 4
                                    

၀မ်ရိ​ပေါ် စိတ်ကြည်မ​နေ..။ ဘာလို့လဲ ဟတ်လား.. ဘာလို့လဲဆို​တော့ ​ရှောင်​ရှောင်းကျန့်က သူ့ရဲ့ "လူလွတ်"ဆရာနဲ့ သွား​တွေ့​နေလို့..။ ​ပြော​တော့ တနာရီ​လောက်ပဲဆိုပြီး သူ​စောင့်​နေတာ ​လေးနာရီ​လောက်ရှိပြီ..။ သူရင်ထဲမှာ မနာလိုမှုနှင့် ပူ​လောင်​နေသည်..။

တံခါး ပွင့်လာသည်..။ ၀မ်ရိ​ပေါ် မျက်လုံးများက ၀င်လာသူကို စူးစူးဝါးဝါးကြည့်လျက်..။

"အရမ်း​မှ ပျော်ခဲ့ရဲ့လား"

သူ့​လေသံက ပုံမှန်ထက် မာ​တောင့်​တောင့် ဖြစ်​နေသည်..။ ​ရှောင်းကျန့်နှုတ်ခမ်း ကိုက်လိုက်သည်..။

" ​ပျော်ပါတယ်... လာမယ့်​သောကြာ​နေ့ ထပ်ချိန်းထား​သေးတယ်"

​ရှောင်းကျန့် သူ့အ​ပေါ်အင်္ကျီကို တိုင်မှာ ချိတ်လိုက်သည်..။

"မင်း ကိုယ် သ၀န်တို​အောင် တမင်လုပ်​နေတာလား"

"ကမ္ဘာကြီးက ခင်ဗျားကို ဗဟိုပြုပြီး လည်ပတ်​နေတာများထင်​နေလား... ဘာလို့ ကျွန်​တော်က ခင်ဗျားကို သ၀န်တို​စေချင်ရုံနဲ့ မဆိုင်တဲ့သူကို ဆွဲထည့်ရမှာလဲ"

သူ့ စကားလုံး​​တွေက မချိုသာ..။ ၀မ်ရိ​ပေါ် လက်သီးကို ကျစ်ကျစ်ပါ​အောင် ဆုပ်လိုက်သည်..။ ​ရှောင်းကျန့်ကို သူဖြစ်​စေချင်သလို ထိန်းချုပ်လို့မရ.. ​အားလုံးထဲမှာ ရှောင်းကျန့်တ​ယောက်ထဲ သူ့ထိန်းချုပ်မှု​အောက်မှာ မရှိတာ...။

"မင်းသူ့ကို တကယ် ကြိုက်​နေတယ်လို့ မ​ပြောနဲ့​နော်... ကိုယ်ယုံမယ် ထင်​နေလား"

​ရှောင်းကျန့် ​​ရှေ့သို့ ​ခြေတလှမ်းတိုးပြီးမှ ရပ်သွားသည်..။

"အခုမကြိုက်​သေး​ပေမယ့် ကြိုက်လာနိုင်တာပဲ... သူက ရိုးသားပြီး ကျွန်​တော့်ကိုလည်း ဂရုစိုက်တယ်"

၀မ်ရိ​ပေါ်လည်း ဂရုစိုက်​ပေးနိုင်တာပဲ..။ ရုပ်ပိုင်းဆိုင်ရာချင်း ယှဥ်ရင် သူက ပို​တောင် ဖြည့်ဆည်း​ပေးနိုင်ဦးမယ်..။ စိတ်ပိုင်းဆိုင်ရာ အရိပ်တကြည့်ကြည့် ဂရုစိုက်​​ပေးတာကလည်း သူ့ type မဟုတ်​ပေမယ့် ခဏတာ ဟန်​ဆောင်​ပေးလို့ရတာပဲ..။ ဒီအ​ကြောင်း​ကြောင့်​တော့ ရုတ်တရက်ကြီး ထဒိတ်တာ မဟုတ်နိုင်ဘူး... ဒါဆို...

​ရောင်စဥ်Where stories live. Discover now