Part 9 - ​ငွေ​ရောင်

865 54 4
                                    

Warning :  Bed scene

"နည်းနည်း... နည်းနည်း​လောက်ပဲ ​ကျွေးပါ"

​ရှောင်းကျန့် စိတ်ထဲမှ အကြိမ်တသန်း​လောက် ​ပြော​နေမိသည်..။ ပါးစပ်က ထုတ်​ပြောဖို့ စိတ်ကူးမိ​သေးသည်..။ သူ့လည်​ချောင်း​တွေ ​ခြောက်ကပ်​နေ၍ အသံက ထွက်မလာ..။ ​​ကျောင်းမှာ သူများ​တွေ ​နေ့လည်စာ စား​နေကြချိန် သူဗိုက်ဆာဆာနှင့် ထိုင်​နေရသည်ကပင် ဆိုးလှပြီ..။ က​လေး​တွေက ကုန်​အောင်လည်း မစားကြ..။ သို့​သော် သူ ​တောင်းမစားရဲ..။ ကျိုးချန်ကပြန်တိုင်လျှင် သူ့ဦး​လေးနှင့် ၀မ်က​တော်က သူ့ကို ရိုက်လိမ့်မည်..။

ယခုလည်း ကျိိုးချန်​မွေး​နေ့အတွက် ပြင်ဆင်ထား​သော ​စား​ကောင်း​သောက်ဖွယ်များကို သူထိုင်ကြည့်​နေရသည်..။ ၀မ်က​တော်က သူန​မော်နမဲ့ လုပ်မည်စိုး၍ ကူလုပ်ခွင့်ပင်မ​ပေး..။ အားလုံးပြင်ဆင်ပြီးသွား​တော့လည်း ထိခွင့်မပြု..။ တကယ်​တော့ ဒီလို​နေ့ထူးရက်မြတ်မှာ သူစတိုခန်းထဲ ထည့်ပိတ်မထားခံရသည်ကပင် ကံ​ကောင်းမှုတခု..။ သူ့လို လူသတ်သမားကို ​ခုလိုဆက်ဆံကြသည်က ​ကောင်းလွန်း​နေပြီ..။ သူ့ဦး​လေးက ​ပြောပြသည်မှာ သူ့မိဘ​တွေ ​သေရတာ သူ့​ကြောင့်တဲ့..။ သူ့မိဘ​တွေ ချန်ထားခဲ့တဲ့ အ​မွေ​ကြောင့်သာ မဟုတ်ရင် သူ့ကို ရဲလက်အပ်လိုက်ပြီတဲ့..။

​တော်​သေးတယ်.. သူကံ​ကောင်းလို့..။

"ဟို​ကောင်​လေး!! စားပွဲနားမှာ ရပ်ပြီး ဘာ​မျှော်​နေတာလဲ!! ​ကား​သော့သွားယူ​ပေးစမ်း!!"

၀မ်​ချောင်က မိုးချုန်းသလိုအသံနှင့် ​အော်သည်..။ ​ရှောင်းကျန့်ခမျာ သူ့ဦး​လေးအခန်းဆီသို့ အမြန် ​ပြေးသွားရသည်..။ အခန်းထဲမ၀င်ခင် ခလုတ်တိုက်သွားသဖြင့် ​ဘေးစားပွဲမှ အံဆွဲလက်ကိုင်ကို ကိုင်ပြီး ထိန်းလိုက်ရသည်..။ အံဆွဲက ပွင့်ထွက်လာသည်..။ အထဲမှာ သတ္တု​ရောင် ​တောက်​ပြောင်​နေ​သော အရာတခု..။ အဲ့ဒါဘာလဲ သူသိသည်..။ ဖြတ်သွားဖြတ်လာလုပ်ရင်း TV ထဲမှာ မြင်ဖူးသည်..။ ကျိုးချန်ဆီက အဲ့လိုအရုပ်ထဲ ​ကော်​စေ့ထည့်၍ ပစ်ခံရဖူးသည်..။ တကယ့်အစစ်ကို​တော့ ခုမှ မြင်ဖူးတာ..။ ​ရှောင်းကျန့်က ထိုအရာကို လက်နှင့် အသာအယာ ပွတ်ကြည့်သည်..။ ထိကြည့်ရသည်ကိုက ရင်ခုန်စရာ..။ သူ ပြုံးမိသွားသည်..။

​ရောင်စဥ်Where stories live. Discover now