Part 11 - ​ရွှေ​ရောင်

823 53 10
                                    

A/N :  ဒီလို​နေ့ကြီး update ထ​ပေးတာ တမျိုးမထင်ပါနဲ့.. စာ​ရေးစာဖတ်မှ မလုပ်ရင် ရူးသွား​တော့မယ်လို့ ထင်တာရယ်..  ကိုယ့်လို FB က စိတ်ဆင်းရဲစရာ​တွေကြားက ပုန်း​ရှောင်ပြီး Wattpad မှာ ဂူလာ​အောင်းတဲ့ ဘ၀တူတွေအတွက်ရယ်ပါ.. ကလစ်ကာ​တွေ ဒါ​လေးဖတ်ပြီး သွားကလစ်ကြဦး​နော်.. ချစ်တယ်..😘

***

ပတ်၀န်းကျင်က ​ခေတ္တ ငြိမ်သက်​အေးခဲသွားသည်..။ ​ရှောင်းကျန့် ​ရှောင်ရှင်းချန်ကို ​မော့ကြည့်လိုက်သည်..။ သူ ဘယ်က​နေဘယ်လို ဆက်စပ်မိသွားလဲ​တော့ မသိ..။ အငြင်းစကားက ​ရှောင်းကျန့်နှုတ်ဖျားမှ ထွက်ကျ​တော့မည့်ဆဲဆဲတွင် ​ရှောင်ရှင်းချန်က ​တောင်းပန်တိုးလျှိုးသံဖြင့် ​ပြောသည်..။

" မင်း ဘာပဲ​ပြော​ပြော ငါယုံ​ပေးမှာပါ.. ဒါ​ပေမယ့် ငါ့ကို မလိမ်ပါနဲ့ ​ကျေးဇူးပြုပြီး.. "

​ရှောင်းကျန့်​လိမ်ပြောမည် ကြံထားသမျှ ​လေထဲသို့ လွင့်ပါး​ပျောက်ကွယ်သွားသည်..။ သူ ​ရှောင်ရှင်းချန်ကို မလိမ်နိုင်​တော့..။ မလိမ်ရက်​တော့..။

" ဘယ်လိုလုပ် သိတာလဲ"

အ​ဖြေမဟုတ်​သော အ​ဖြေ..။ ၀န်ခံခြင်းမဟုတ်​သော ၀န်ခံခြင်း..။ ​ရှောင်ရှင်းချန်က သူ့ကို ​ခေတ္တမျှ စိုက်ကြည့်ပြီး သူ့အရိုးများကျိုးလုမတတ် ဆွဲဖက် ဖျစ်ညှစ်ထားသည်..။

" Oh my God! တကယ်ပဲ.. တကယ်မင်းပဲကိုး... ငါအ​စောကြီးကတည်းက သိရမှာ.. မင်းမျက်နှာက မင်းအ​မေနဲ့ ​တော်​တော်ဆင်တာ"

"​ရှောင်.. ရှင်း... ချန်... ဘယ်လိုလုပ် သိတာလဲ ​ပြောပါဦး"

​ရှောင်းကျန့် အသက်ကို မနည်းရှူရသည်..။ သူဖုံးကွယ်လာတာ နှစ်ချီ​နေပြီ..။ ​ရှောင်ရှင်းချန် ဘယ်လိုလုပ် သိသွားပါလိမ့်..။

"မင်းငယ်ငယ်တုန်းက ချန်ဇဲက ​ရေခဲမုန့် ၀ယ်​ကျွေးမယ်ဆိုပြီး ငါ့ဆီ​ခေါ်လာတာ​လေ.. အဲ့တုန်းက ချန်ဇဲငါ့ကို ​ပြောင်​ခေါ်တာကို မင်းကြားပြီး ဦးဦးလို့ ​ခေါ်ခိုင်းလို့မရဘူး.. ဆရာ​လေးလို့ပဲ လိုက်​ခေါ်တာ.. ချန်ဇဲကကျ မင်းကို __"

"__ထုထု လို့​ခေါ်တာ"

​ငယ်ငယ်က အ​ကြောင်း​တွေကို ​ရှောင်းကျန့် အများကြီး မမှတ်မိ​တော့​သော်လည်း သူ့အ​ဖေ ​ချစ်စနိုး​ခေါ်သည့် နာမည်ကို​တော့ တသက်လုံး မ​မေ့နိုင်..။ ​ရှောင်ရှင်းချန်က သူ့ကို ဖက်ထားရာမှ လွှတ်လိုက်သည်..။

​ရောင်စဥ်Where stories live. Discover now