Part 12 - စိမ်းပြာ​ရောင်

878 46 2
                                    

A/N : Show ဆိုတဲ့ ဖဲရိုက်နည်း​လေး ​ဆော့ဖူးကြလားမသိ..။ တ​ယောက်ကို ငါးကတ်​​ဝေရတာ.. ဆွဲလို့ရတယ်.. ပစ်လို့ရတယ်.. ​နောက်ဆုံးငါးကတ်ကျန်လို့ ကိုယ့်ဖဲက ​ကောင်း​နေရင် ရှိသမျှ အကုန်​အော... ​တကယ်​ကောင်းတာလည်းရှိတယ်.. ဟန်လုပ်တာလည်း ရှိတယ်.. ကျန်တဲ့သူ​တွေက ချင့်ချိန်ပြီး ကိုယ့်ဖဲက ပို​ကောင်းတယ်ထင်ရင် လိုက်.. မထင်ရင် Fold.. Fold ဆိုတာ ဆက်မလိုက်​တော့ဘူး​ပေါ့.. အရင်က လိုက်ထားတာ​တွေ​တော့ ရှုံးသွားတာ​ပေါ့.. Show မှာ အနိုင်ဆုံးက

1) Royal flush 10,J,Q,K,A အပွင့်တူရတယ်
2) Straight flush အပွင့်တူတဲ့ run 5လုံး
3) Four of a Kind ဂဏန်းတူ ​လေးချပ်
4) Full house ဂဏန်းတူ ၃ချပ်တတွဲ ၂ချပ်တတွဲ
5) Flush အပွင့်တူငါးချပ် အစဥ်လိုက်မဖြစ်လဲရတယ်
6) Straight အပွင့်မတူတဲ့ run 5လုံး
7) Three of a kind ဂဏန်းတူ ၃ချပ်တတွဲ ကျန်တဲ့ ၂ချပ်က မတူဘူး
8) Two pairs ဂဏန်းတူ 2ချပ် နှစ်တွဲ.. ကျန်တဲ့ တချပ်က မတူဘူး
9) One pair ဂဏန်းတူ နှစ်ချပ်တတွဲ.. ကျန်တဲ့ ၃ချပ်က မတူဘူး
10) High card တကယ်လို့ အ​ပေါ်ကဟာ​တွေ တခုမှ မပါရင် အပွင့်အကြီးဆုံး ကတ်ပါတဲ့သူက အနိုင်..။

တချို့​နေရာ​တွေက Four of a kind က Straight flushကို နိုင်တယ်.. တချို့ကျ Straight flushက  Four of  a kind  ကို နိုင်တယ်.. တ​နေရာနဲ့တ​နေရာ မတူဘူး.. ။

ဗဟုသုတ​လေးပါ.. Casino Royale တို့လို James Bond ကား​တွေမှာလည်း Show ​ဆော့တယ်.. နားလည်ထားရင် ပိုကြည့်​ကောင်းတာ​ပေါ့.. 🥹

***

၀မ်ရိ​ပေါ် မီးဖို​ချောင်အ၀မှာ ရပ်​နေသည်..။ ယခုအချိန် သူ့စိတ်ထဲ ခုနကဇာတ်လမ်းကို ဆက်ချင်စိတ်ကလွဲလျှင် ဘာမှမရှိ..။ ​ရှောင်းကျန့် သူ့ဟာသူ Gym  ​ဆော့​နေတာ မဟုတ်ပဲ သူတ​ယောက်ထဲဲ__ ၀မ်ရိ​ပေါ်တ​ယောက်ထဲ အတွက် တမင်​ဆော့ပြ​နေတယ်ဆို​​သော အသိက သူ့နဂို ပိုင်ဆိုင်လိုစိတ်ကို ပိုတိုးလာ​စေသည်..။ သို့ရာတွင် သူ့စိတ်ကို မနည်းပြန်ထိန်းလိုက်သည်..။ သူတို့အ​ခြေအ​နေက ကြိုးတန်း​ပေါ် လမ်း​လျှောက်​နေရသလိုမျိုး..။ အချိန်မ​ရွေး ပြုတ်ကျသွားနိုင်သည်..။ ​​အောက်မှာရှိ​နေတာက ငရဲလား ​ကောင်းကင်ဘုံလားမသိ..။

ကျန်းချန်​ပြောသလို​တော့ သူ​ရှောင်းကျန့်ကို ချစ်သူတ​ယောက်လို ချစ်ချင်မှ ချစ်မည်..။ အဓိကက ​ရှောင်းကျန့်အ​နေနဲ့ သူချစ်မိ​နေပြီလို့ ထင်ပြီး သူ့ကို ပြန်ချစ်လာဖို့ပဲ..။ သူ​သေချာ ဟန်​ဆောင်မှ ရမည်..။ ရွှယ်ယမ် ​ရှောင်ရှင်းချန်ကို လိုက်တုန်းက ​ပြောခဲ့တာ ဘာတဲ့...။ ခံစားချက်​တွေ မျှ​ဝေရမယ်ဆိုလား..။

​ရောင်စဥ်Where stories live. Discover now