Part 17- ကြက်​သွေး​ရောင်

861 51 10
                                    

ထို​နေ့မနက် အ​စောပိုင်း

သူ့လက်ထဲမှ သတင်းစာကို ကြည့်ရင်း လန်ရှီးချန် ဘာလုပ်ရမှန်းမသိ..။ ကြင်နာချိုသာတတ်တဲ့ ​ရှောင်းကျန့်က သူ့ရန်သူရဲ့သားတဲ့..။ ချန်ဇဲ​​ကောသေရတဲ့ တရားခံတဲ့.. ( ​ရှောင်းကျန့်သာ မရှိရင် ချန်ဇဲ​​ကောက သူ့​နောက်ကို အသာတကြည် လိုက်လာမှာ.. ဒါဆို ​သေစရာ မလို​တော့ဘူး..)။ သူ ကြင်နာတတ်တဲ့ လူ​ကောင်း​လေးလို့ ထင်ထားသူက သူ့ကို ပ​လေး​နေတာ သိရ​​တော့ နာကျင်ရသည်..။ ထင်ထားတာထက်ကို ပိုနာသည်..။

ဒါ သူ သူများကို ယုံကြည်မိလို့ ခံရတာ..။ သူ့ကို ရုပ်​သေးရုပ်လို ကြိုးဆွဲပြီး ကစားသွားတာ..။ သူလို ​ကောင်ကို​လေ..။ သူ ငယ်ငယ်တုန်းကဆို သူများကိုပဲ ပ​လေးခဲ့တာ..။

အခု​တော့ မရ​တော့ဘူး..။ အရင်ကဟာ​တွေကို အဆုံးသတ်ဖို့ အချိန်ကျပြီ..။ လက်စား​ချေချိန် ​ရောက်ပြီ..။ ပထမဆုံး ​ရှောင်းကျန့်ကိုရှာ__

တံခါးက ၀ုန်းကနဲ ပွင့်သွားသည်..။

"ရှီးချန်​ကော.. အခုဆို အားလုံး သိ​လောက်​ရော​ပေါ့.. ကျွန်​တော် ​စော​စောက မ​ပြောမိတာ​တောင်းပန်ပါတယ်..."

​ရှောင်းကျန့် မျက်လုံးမှာ မျက်ရည်​တွေ အပြည့်..။ ရုတ်တရက် ​ရှောင်းကျန့်ကို နှစ်သိမ့်​ပေးချင်စိတ် ​ပေါ်လာသည့်အတွက် လန်ရှီးချန် ကိုယ့်ကိုယ်ကိုယ် မုန်းမိသည်..။ အဲ့ဒီ ချန်ဇဲ​ကောနဲ့ တူတဲ့ မျက်လုံး​တွေ..။ သူ့မှာ​တော့ ချန်ဇဲ​ကောမရှိ​တော့တဲ့ ​နောက်ပိုင်း နားခိုစရာ တခုရပြီထင်ထားတာ..။

အားလုံး​က အလိမ်အညာ​တွေပဲ..။ သူ့ လည်​ချောင်းထဲ ဆို့တက်လာသည်..။ ချန်ဇဲ​ကောလို သူ့ကို ပ​လေးသွားတာပဲ..။

"ငါ ရီလင်းသခင်​လေးကို အရူးအမူး လိုက်ရှာ​နေတာကို ကြည့်ပြီး ကွယ်ရာမှာ ဟားရတာ ​ကောင်းလား"

သူ ချစ်တယ်ဆိုတဲ့​ကောင်နဲ့ တိတ်တိတ်​လေး ဟား​နေမှာ​ပေါ့..။ ​ရှောင်းကျန့်မျက်လုံး​တွေထဲ အပြစ်ရှိသလို ခံစားချက် ​ပေါ်လာသည်..။ ဘာလို့ အဲ့မျက်လုံး​တွေက ချန်ဇဲ​ကောနဲ့ တူ​နေရတာလဲ..။ ဘာလို့ သူ့အ​မေနဲ့ မတူနိုင်ရတာလဲ..။ လန်ရှီးချန်က​ကော ဘာလို့ ဒီ​လောက် နာကျင်​နေရတာလဲ..။

​ရောင်စဥ်Where stories live. Discover now