Part 13 - မ​ဟော်ဂနီ​ရောင်

790 48 7
                                    

ရှောင်ရှင်းချန် ဘ၀မှာ လူ​တော်​တော်များများကို ဆုံးရှုံးခဲ့ဖူးပြီ..။ သူချစ်ခင်ရသူ​တွေ ​​သူ့​ရှေ့မှာ ​သေသွားဖူးပြီ..။ တချို့က ငရဲမှ ပြန်လွတ်လာကြသည်..။ အခု​တော့ မျက်စိ​ရှေ့မှ အချစ်ရဆုံးသူငယ်ချင်းကို စိုက်ကြည့်​နေမိသည်..။ ယမမင်းက လာ​ခေါ်သွားလျှင် သူ နှုတ်ဆက်ချိန်​တောင် ရလိုက်မှာမဟုတ်..။

သူ စိုက်ကြည့်​နေတာ ကြာလာ​တော့ ရွှယ်ယမ်က ဖတ်​နေ​သော စာအုပ်ကို ချပြီး​မေးလာသည်..။

"ဘာဖြစ်​နေတာလဲ"

သူ့အသံက ခပ်ဩဩ..။ ​ရှောင်ရှင်းချန် ရင်ထဲ တချက်လှုပ်ခတ်သွားသည်..။ သူ ရွှယ်ယမ့်အ​ပေါ် ခံစားချက်ရှိ​နေသည်မှာ ကြာပြီဖြစ်​သော်လည်း မာနကို မချနိုင်သဖြင့် ၀န်မခံခဲ့..။ ဒါ​ပေမယ့် ဘာလုပ်မှာလဲ ..။ အမှန်တရားကို တသက်လုံး ဖုံးကွယ်ထားလို့မှ မရတာ..။ ​ရှောင်းကျန့်လို ရဲ၀ံ့ရမည်..။

ဒီ​နေ့​နေ့လည်က ရှောင်းကျန့်က သူ့ကို ​နေ့လည်စာ လိုက်​ကျွေးရင်း ​ပြောစရာရှိသည်လို့ ဆိုလာသည်..။

​ရှောင်းကျန့်က ရီလင်းသခင်​လေးတဲ့..။ ဒါဆို ချန်ဇဲနဲ့ စန်းရန်က...

သူ့၀မ်းနည်းမှုကို ဘယ်စကားလုံးနဲ့မှ ​ဖော်ပြ၍ မရနိုင်..။ ယာဥ်တိုက်မှုလို မ​တော်တဆ ဆုံးသွားတာမျိုး.. ချန်ဇဲက စုံ​​ထောက်မို့လို့ ပစ်ရင်းခတ်ရင်း ဆုံးသွားတာမျိုးကို သူလက်ခံနိုင်​သေးသည်..။ အခု​တော့ စိတ္တဇ ​သွေး​​အေး လူသတ်သမားလက်မှာ ညှင်းပန်းနှိပ်စက်ခံရပြီး အသတ်ခံရတာတဲ့လား..။

သူ စကားတခွန်းမှ မ​ပြောနိုင်..။ ​ရှောင်းကျန့်ကလည်း သူ့ကို နားလည်​ပေးသည်..။ ​ရှောင်းကျန့်​လေး.. သူ့​နောက်​ကြောင်းကို ဖုံးကွယ်.. မိဘအ​ကြောင်းကို ဖုံးကွယ်ပြီး သူကြုံခဲ့ရတာ​တွေကို ​တော်ရုံလူ ရင်ဖွင့်ပြလို့မရတဲ့ ​ရှောင်းကျန့်​လေးက သူ့ကို နားလည်​ပေးသည်တဲ့..။ ​ရှောင်ရှင်းချန် မျက်ရည်မကျ​သော်လည်း ရင်ထဲဆို့လာသည်..။

"​ရှောင်ရှင်းချန်?"

ရွှယ်ယမ်က သူပြန်မ​ဖြေသဖြင့် စိုးရိမ်မှု အနည်းငယ်စွက်​သော ​လေသံဖြင့် ​မေးလာသည်..။ ​ရှောင်ရှင်းချန် ​နေရာမှ ထလာကာ ရွှယ်ယမ့်ကို အင်္ကျီ​ကော်လံမှ ဆွဲမလိုက်သည်..။

​ရောင်စဥ်Where stories live. Discover now