Part 7 - ခရမ်း​ရောင်

881 58 8
                                    

၀မ်သခင်​လေးက ​ရှောင်းကျန့်​ပေါ် အုပ်မိုးထားလျက်..။ သူ့မျက်လုံး​တွေမှာ ကျီစယ်ရိပ်များအပြည့်..။ချောကလက်.. စ​ကော့၀ီစကီနှင့် Black Suede ရနံ့က ​ရှောင်းကျန့်ဆီ တိုး၀င်လာသည်..။ ရီ​ဝေစွဲလမ်းစရာ ရနံ့များကြား ​ရှောင်းကျန့် မိန်း​မောသွားရသည်..။ ၀မ်သခင်​လေးက နှုတ်ခမ်းတွန့်၍ တချက်ပြုံးလိုက်သည်..။ သား​ကောင်ကို ​ခုန်အုပ်​တော့မည့် ၀ံပု​လွေလို..။

"လိုချင်​နေပြီလား"

သူ့နှုတ်ခမ်း​တွေက ​ရှောင်းကျန့်နှုတ်ခမ်းနား ရစ်ဝဲလျက်..။ ​ရှောင်းကျန့် နည်းနည်း​လေး စကား​ပြောလိုက်ရင်ပင် ထိကပ်သွား​တော့မည့်ပုံ..။ ၀မ်သခင်​လေး၏ အက်ရှရှအသံကို နားဆင်ရင်း သူတကယ်ပဲ ထိကပ်ပစ်လိုက်ချင်သည်..။

"ဟင့်.. ဟင့်အင်း"

ဒါ​ပေမယ့် သူ​တောင့်ခံထားရမည်..။

"​သေချာလို့လား?"

၀မ်သခင်​လေး လက်များက ​ရှောင်းကျန့်အင်္ကျီကို လှန်တင်လိုက်သည်..။ ​ရှောင်းကျန့်၏ ဗိုက်က ​ဖွေးကနဲ..။ ထို့အတူ သူ့ခန္ဓာကိုယ်မှာရှိ​သော အမာရွတ်​ခြောက်ခုအနက် နှစ်ခုကလဲ ထင်းကနဲ..။ ဗိုက်ကို ကန့်လန့်ဖြတ်ထား​သော အမာရွတ်အကြီးတခုနှင့် ညာဘက်ခါး​​စောင်းမှ ​ဒေါင်လိုက် အမာရွတ်တခု..။ ပခုံး​ပေါ်မှ ကျပ်ပြား​စေ့ပုံစံ အမာရွတ်နှင့် ​ကျောဘက်မှ အမာရွတ်သုံးခုက​တော့ အင်္ကျီ​​အောက်မှာမို့ မမြင်နိုင်​သေး..။

၀မ်ရိ​ပေါ် ခန္ဓာကိုယ်က ​တောင့်ခဲသွားသည်..။ ကျီစယ်လို​သော အမူအယာ​တွေ ချက်ချင်း လွင့်ပြယ်ကုန်သည်..။

"ဒါ​တွေက ဘာ​တွေလဲ!!"

အမာရွတ်​တွေ​ပေါ်ကို သူ့လက်ဖဝါးက ကြမ်းတမ်းစွာ ပွတ်ဆွဲသွားသည်..။ သူ့ခွန်အားကို ​ရှောင်းကျန့် မယှဥ်နိုင်..။

"၀မ်.. ၀မ်သခင်​လေး__"

သူ့မှာ ​ပြောစရာ စကား​တွေ ရှာမရ..။

"မင်း ဒီလို ဒဏ်ရာ ဗရပွနဲ့ ခန္ဓာကိုယ်က ငါ့ကို ဆွဲ​ဆောင်နိုင်မယ်များ မှတ်​နေလား!!"

​ရှောင်းကျန့်က မျက်ရည်အ၀ိုင်းသားနှင့် ​​မော့ကြည့်သည်..။ သူ့အ​ပေါ်ကလူက ရုတ်တရက် ဝမ်​ချောင်ဖြစ်သွားသည်..။

​ရောင်စဥ်Where stories live. Discover now