Episode 1 [ U + Z ]

46 7 0
                                    

{Unicode}

{မေတ္တာ}
ယောက်ျားလေးသီးသန့်အဆောင်

ပူလွန်းလှတဲ့နွေရဲ့နေဟာ သူ့အတွက်တော့ငရဲပင်။ဘယ်လိုပင်ဒုက္ခရောက်နေပါစေ ခိုလှုံစရာမရှိတဲ့ဒုက္ခက ပိုပင်စိတ်ဆင်းရဲဖို့ကောင်းလွန်းလှပါတယ်။ဘာဖြစ်ဖြစ် မနက်ကအဆောင်တွေထက် အဆင်ပြေကောင်းပြေနိုင်တာမို့ ဝင်စုံစမ်းဖို့ဘဲ ဆုံးဖြတ်ချက်ချလိုက်သည်။ကျောပေါ်ကအိတ်ကိုပင့် အဝတ်ထုတ်ကိုဆွဲ နဖူးကချွေးကိုလက်နဲ့သပ်ချပြီး အဖြူရောက်နှစ်ထပ်တိုက်ရှေ့သို့ လှမ်းလာလိုက်ရ၏။

ခြံတံခါးဟာ ဟာလာဟင်းလို့ မည်သူမျှမရှိ။အစောင့်တစ်ယောက်တော့ရှိနေရမည်ကို ယခုတော့ဖွင့်ပင်ထားတဲ့ခြံတံခါးတွင် လူသူမရှိ။ခြံစောင့်ခွေးတွေဘာတွေမွေးထားမည်စိုး၍ တစ်ချက်နှစ်ချက်ခြံထဲဝှေ့ပြီးအကဲခတ်ကြည့်တော့ အပင်အရိပ်တွေနဲ့ ခြံကျယ်ကျယ်မှာရှင်းလို့လင်းလို့ပင်။အရိပ်ရအပင်တွေနဲ့မို့ ခြောက်ခြားစရာပင်ကောင်းလှသည်။မည်သူမျှမတွေ့တော့ကြောင့် အဆောင်ထဲဝင်ရန်တာ ဦးတည်လိုက်တော့သည်။

"ဟို....အိမ်ရှင်တို့ လူရှိလားဗျ့"

"ဟေ..ဘယ်သူလဲကွ"

အသံဩဇာကောင်းကောင်းနှင့် ထွက်လာသောအသံပိုင်ရှင်သည် ဦးလေးကြီးတစ်ယောက်ဖြစ်သည်။

"ဟုတ်ကဲ့...ကျွန်တော် ခေါ်တာပါဗျ့...ဟို...အဆောင်နေဖို့ လာစုံစမ်းတာပါ"

"အော်...မေးစရာရှိမေးပါ ဦးကဒီအဆောင်ပိုင်ရှင် ဦးမေတ္တာပါ"

အိမ်ရှေ့၌ ကျွန်းစားပွဲတစ်ခုနှင့်မျက်နှာချင်းတွင် ခုံနှစ်ခုံရှိလေသည်။အဆောင်ပိုင်ရှင်ဟုဆိုသောဦးမေတ္တာသည် အတွင်းပိုင်းတွင်ထိုင်လိုက်သဖြင့် တံခါးနားကခုံကလေးတွင် သူခပ်ရို့ရို့ဝင်ထိုင်လိုက်သည်။သူလဲမတတ်နိုင်တော့ တအားပင်ညောင်းနေပြီဖြစ်သည်။

"အဆောင်လခလေး အရင်မေးလို့ရမလား"

တပ်ထားတဲ့ပါဝါထူမျက်မှန်အားလက်ညိုးဖြင့်ပင့်တင်၍

မေတ္တာဖြင့် အေးမြသော်Where stories live. Discover now