Episode 8 [ U + Z ]

16 3 0
                                    

{Unicode}

အဆောာင်၏ဧည့်ခန်း၌ဦးမေတ္တာနှင့်စကားထိုင်ပြောနေသောဇိုင်းဇန်အား သူနှင့်မမကြည်ခပ်လှမ်းလှမ်းမှကြည့်နေကြသည်။သူတို့ဘက်အားနောက်ကျောပေးထိုင်နေတဲ့ဇိုင်းဇန်၏ကျောပြင်ကို သူစိုက်ကြည့်နေမိသည်။ဦးမေတ္တာကလှမ်းမြင်လိုက်သည်မို့ ဇိုင်းဇန်အားသူတို့ဘက်မေးဆတ်ပြသည်။
လှည့်ကြည့်လာတဲ့ဇိုင်းဇန်ဟာ သူတို့ကိုနှစ်လိုဖွယ်အပြုံးတောက်"နှင့်ပြုံးပြသည်။အပြစ်ကင်းစင်ပြီး ဘာမှမလုပ်ထားသကဲ့သို့။

"ကဲ...မင်းသွားရင်သွားတော့။ဟိုမှာမျှော်နေကြပြီ...လက်ဆောင်တွေတွက်ကျေးဇူးပါကွယ်...."

"ဟုတ်ကဲ့.."

သူမမကြည်နှင့်ဆလိုင်းဆီသို့လက်ဆောင်တွေယူ၍ လာခဲ့သည်။
သူလာတာမြင်တော့မမကြည်ကအပေါ်ကိုပြန်တက်သွားသည်။
သူလာသည့်တိုင်ကြောင်ကြည့်နေတဲ့ဆလိုင်းကို လက်ဆွဲပြီးအပေါ်သို့ခေါ်လာလိုက်သည်။

"ဟင်..."

လက်ဆွဲပြီးထွက်သွားတဲ့ကလေးနှစ်ယောက်ကိုလှမ်းကြည့်ပြီး ဦးမေတ္တာသက်ပြင်းချလိုက်သည်။

သိပ်နားလည်ရခက်တဲ့ကောင်..!

အပေါ်ကိုအတင်းလက်ဆွဲခေါ်လာတဲ့ဇိုင်းဇန်ဟာ လက်တစ်ဖက်ကလည်းလက်ဆောင်အိတ်များနှင့်ပင်။
မမကြည်နှင့်နေတဲ့အခန်းကိုမဝင်ဘဲ သူ့အခန်းစီကိုသာခေါ်လာသည်။အခန်းထဲရောက်တော့ သူ့အားကုတင်ပေါ်ထိုင်စေကာ အထုပ်တွေကိုကုတင်ပေါ်တင်၍..

"ကဲ..ဒီမှာထိုင်၊ငါမင်းတွက်လက်ဆောင်တွေပါတယ်ကွ.."

ကုတင်ပေါ်၌သူ့အား ကုတင်ပေါ်ပုံထားတဲ့အထုပ်တွေထဲမှ လက်ဆောင်ထုပ်တစ်ထုပ်ကို‌ပေး၏။
အတင်းထိုးပေးတဲ့လက်ဆောင်အိတ်ကိုယူကာ...

"မင်းဘယ်တွေသွားနေတာလဲ..ဇိုင်းဇန်"

"အာ...မင်းကစာတွေလုပ်နေရပြီဘဲ။ပင်ပန်းနေပြီမို့လား.."

သူသက်ပြင်းသာချမိတော့သည်။သူ့မေးခွန်းကိုမဖြေချင်တာနဲ့ စာလုပ်စစားပွဲစီသွား၍ရှောင်နေသည်။

"ငါမေးနေတယ်လေ..."

သူ့ရဲ့ကုတင်ပေါ်ကန့်လန့်ဖြတ်လှဲကာသူ့ပေါင်ပေါ်တွင် ခေါင်းအုံးလျက်သူ့မျက်နှာကိုသေချာမော့ကြည့်၍

မေတ္တာဖြင့် အေးမြသော်Where stories live. Discover now