Episode 4 [ U + Z ]

19 4 0
                                    

{Unicode}

ရေချိုးပြီးအဆောင်ပေါ် ပြန်တက်လာချိန် ညတောင်မှောင်နေပြီ။ဇိုင်းဇန်တို့အခန်းကိုဖြတ်ပြီး ကိုယ်နေတဲ့အခန်းထဲဝင်မဲ့ချိန် ဂီတာသံသဲ့သဲ့အားကြားလိုက်ရသည်။သေချာနားမထောင်ဖြစ်တော့ဘဲ အခန်းထဲသာဝင်ပြီး အကျီအဝတ်အစားလဲလိုက်သည်။ပြန်ထွက်လာတော့ ဟိုဘက်အခန်းမှ ဇိုင်းဇန်အထွက်နဲ့ဆုံလေသည်။
သီချင်းလေးညဉ်းပြီး ထွက်လာတဲ့ဇိုင်းဇန်ဟာသူ့မြင်လိုက်ပုံမပေါ်။

"ဇိုင်းဇန်.!"

"ဟင်"

ဇတ်ကနဲလှည့်ပြီး မေးငေါ့ပြတဲ့ကောင်ဟာ သူ့ထက်တစ်နှစ်သာကြီးသော်ညားအရပ်အတော်ရှည်လှတယ်။

"ဟင်းဝယ်ဖို့ဘယ်မှာဝယ်ရမလဲ"

"အော် ငါတောင်ခုလေးတင်သွားဝယ်ဖို့ လိုက်ခဲ့လေ"

"အာ ခန"

ခြေလှမ်းကျဲကျဲနဲ့အခန်းထဲပြန်ဝင်သွားတဲ့ ချင်းကောင်လေး ဘာသွားယူလဲမသိ။ဆပ်ပြာနံကတော့ သင်းပျံလို့ပင်။

"လာ ငါပိုက်ဆံသွားယူတာ"

"အော် မပါလဲငါစိုက်ပေးမှာပေါ့ကွာ"

"ရပါတယ်...အဲ့လိုငါမချေးတတ်ပါဘူး"

"ဟ...အေးပါကွာ"

ခြံပြင်ရောက်တော့အေးစိမ့်စိမ့်နှင့်ပင်။မကြာသေးခင်ကမှ ရေချိုးထားသည်မို့ထင်သည်။

"အာ..စောနကဂီတာသံကြားတာမင်းမလား"

"အွန်းးပျင်းလို့ရယ် မမကြည်ကလဲမလာသေးတော့ ဟင်းသွားဝယ်ဖို့လဲ ပျင်းနေတာ"

"အမြဲဝယ်စားကြတာလား"

"ချက်လဲစားပါတယ် မမကြည်၊ငါ၊ဦးမေတ္တာ တစ်ယောက်တစ်လှည့်ချက်ကြတယ် ဝယ်စားတာကချက်မစားဖြစ်တဲ့ရက်‌တွေမှ"

"မင်းကဟင်းလဲချက်တတ်တယ်ပေါ့"

"ဒီလိုပါဘဲ ဟိုစပ်စပ်ဒီစပ်စပ်...မင်းရော"

"အင်း...အနည်းပါးတော့ရပါတယ်"

အဆောင်ကနေလမ်းအတွင်းဘက်ကိုသွားရင်း လမ်းဆုံးလေးရဲ့ ညာဘက်မှာလက်ဖက်ရည်ဆိုင်၊အအေးဆိုင်၊စတိုးဆိုင်လေးအပြင် စတိုးဆိုင်ရဲ့ကပ်ရပ်လေးမှာထမင်းဆိုင်အသေးလေးရှိသည်။လူနေအိမ်စိပ်သဖြင့် သူ့ဟာနဲ့သူတော့ လူစည်လှသည်။

မေတ္တာဖြင့် အေးမြသော်Where stories live. Discover now