{Unicode}
သံချေးတက်နေပြီဖြစ်တဲ့ ဂျက်တံခါးဟာအပိတ်တုန်းကလို လွယ်ကူစွာပြန်ဖွင့်မရ။အားနည်းနည်းစိုက်ထုတ်ပြီး ဖွင့်မှသာရသွားတော့သည်။ထိုအချိန်လှေကားမှတက်လာကြသော လူနှစ်ဦးနှင့်ဆုံလေရာ....
"အဆောင်သား အသစ်ကလေးထင်တယ်.."
"ဟုတ်ကဲ့"
ရှေ့မှဦးစွာတက်လာသော ရှပ်အကျီပွပွ၊မညီမညာတစ်ဖက်တိုတစ်ဖက်ရှည် ပုဆိုးကိုဝတ်ထားပုံမှာ ဝတ်တတ်လှပုံမပေါ်။ထို့ပြင်သနပ်ခါးနဲ့မို့ အတော်ပင်ထူးဆန်းလှသည်။
"တို့နာမည်ကကြည်မြတ်ဦးတဲ့ ဒီကလေးကတော့မမကြည်လို့ခေါ်တယ် ကြည်ကြည်လို့လဲခေါ်ကြသလို မာမီကြည်လို့လဲပြောကြတယ် ကောင်ကလေးကြိုက်သလိုခေါ်ပေါ့ ဟုတ်ပြီလား...တို့ကမိတ်ကပ်ပြင်တဲ့မာမီ....မိန်းမလျှာလဲဟုတ်တယ်.."
"ဟုတ်..ကျွန်တော်မမကြဥ်ဘဲခေါ်ပါ့မယ် ကျွန်တော့်ထက်လဲကြီးတဲ့ပုံမို့"
မမကြည်ဘေးမှ ကောင်လေးကထရီတော့သည်။
"မမကြည်ပါကွ...ကြဉ်ဖြစ်နေပြီ"
"စကားဝဲတာမို့ တောင်းပန်ပါတယ်ဗျ...မမ..ကြည်.."
"ဇိုင်းဇန်စုတ်ကတော့ကွာ...အကြည်နားလည်ပါတယ် ကြိုက်သလိုခေါ်..ဟုတ်ပြီလား..ဘာမှမစားရသေးဘူးထင်တယ်"
"ဟုတ်.."
"ကဲ..မမကြည်တို့နဲ့ တူတူမျှစားကြတာပေါ့.."
"ရပါတယ်..ကျွန်တော်.."
"ကဲကဲ..ဇိုင်းဇန် သွားခေါ်သွားအခန်းထဲ"
"ဟေးးငေးမနေနဲ့..လာ"
စကားသွက်လှတဲ့မမကြည်ကိုအမှီလိုက်နေတုန်း ဘေးကကောင်လေးမှသူ့အားအခန်းထဲလိုက်ဖို့ ခေါ်တော့သည်။
"ဒါ..ငါတို့အခန်းဘဲ ရှုပ်တော့ရှုပ်တယ် ကြည့်ကြပ်ထိုင် ကုတင်ပေါ်ထိုင်လဲရတယ်.."
အရပ်မြင့်မြင့်နှင့်အသားညိုညိုရှိသည့် ကောင်လေးကသူ့အရွယ်လောက်ပင်ရှိမည်ထင်သည်။ဂျင်းဘောင်းဘီအကျပ်ကိုတီရှပ်အပွနဲ့ဝတ်ထားပြီး နားမှာလဲနားကပ်တွဲလောင်းတွေနဲ့ လက်မှာလဲလက်ပတ်တွေနဲ့ ဒီကောင်လေးကိုကြည့်ရတာသိပ်ရှုပ်လှသည်။
အနီးနားကကုတင်တစ်ခုမှာဝင်ထိုင်တော့ မျက်လုံးမှေးမှေးနဲ့သိပ်ရှုပ်တဲ့ကောင်လေးကသူ့ရှေ့မှာလာထိုင်ပြီး စမိတ်ဆတ်သည်။
YOU ARE READING
မေတ္တာဖြင့် အေးမြသော်