{Unicode}
အဆောင်ရှေ့၌မြင်တွေ့လိုက်ရသည့် ဇိုင်းဇန်နှင့်မနက်ကချင်းကောင်ကလေး၏ အပြူအမူဟာသူ့အတွက်မရင်းနှီးသော်ညားထူးဆန်းနေခြင်းလဲမဟုတ်။ပွဲပြင်ပြီးပြန်လာချိန်မှာ မှောင်ရိပ်သန်းနေပြီမို့ဇိုင်းဇန်ဟင်းဝယ်အမှီ သူအမြန်ပြန်လာရခြင်းဖြစ်သည်။ဇိုင်းဇန်ရဲ့မျက်ဝန်းလက်လက်တွေနဲ့၊ပါးချိုင့်ထင်းထင်းဟာ အဝေးကကြည့်နေသူတောင်မြင်တွေ့နိုင်လောက်သည့်အထိ တောက်ပပေါ်လွင်နေသည်။နူးညံလွန်းတဲ့မြင်ကွင်းလေးကို မြင်ပြီးနောက်သူ့ရဲ့ရင်ခုန်သံတွေဟာ အတိတ်ကအဖြစ်အပျက်များနှင့်အတူ အသက်ဝင်လာလေသည်။ဒါတွေကိုတွေးဖို့သူသိပ်ကြောက်လွန်းသည်။
"ကြည်မြတ်ဦး ပြန်လာပြီလား"
"ဟုတ်ကဲ့ဦးမေတ္တာ.."
"ဒါဆိုဒီညဟင်းဘဲဝယ်စားမယ်ပေါ့..."
"အကြည်ပြန်လာတာနောက်ကျလို့ ဇိုင်းဇန်ကဝယ်နှင့်ထားပြီတူတယ်"
"ဟုတ်ပြီ....သွားနားတော့"
............
"ဇိုင်းဇန်...."
"ဟင်..မမကြည်!ပြန်လာပြီလား.."
"ဘယ်နှယ့်အလန့်တကြားတွေဖြစ်နေရတာတုန်း.."
"တံခါးဖွင့်သံမကြားလိုက်လို့ပါ..."
"တံခါးကဖွင့်ထားပြီးသားးလေကွယ်.."
"အာ...ကျွန်တော်ပိတ်ဖို့မေ့သွားတာထင်တယ်"
"...."
"ကျွန်တော်ဟင်းဝယ်ပြီးပြီနော်...နောက်ဖေးမှာချိတ်ထားတယ်.."
"တစ်ယောက်ထဲသွားတာလား.."
"အင်းးးဟမ်!ဟင့်အင်း..မဟုတ်ဘူး..နှစ်ယောက်"
ကြောင်တောင်တောင်နှင့်လက်နှစ်ချောင်းတွေထောင်ပြနေတဲ့ ဇိုင်းဇန်ကြောင့်ရယ်ချင်သွားသည်။
"ပြာယာခတ်နေတာဘဲ...ဇိုင်းဇန်၊ဘာဖြစ်နေတာလဲ"
"အမ်းးးဖြစ်တော့ဖြစ်နေတယ် ဒါပေမဲ့ဘာဖြစ်နေမှန်းမသိဘူး"
"ကဲ...ခေါင်းတွေအတင်းကုတ်မနေနဲ့၊မမကြည်ရေသွားချိုးအုန်းမယ်၊ပြီးမှထမင်းစားမယ်"
![](https://img.wattpad.com/cover/353030171-288-k73427.jpg)
YOU ARE READING
မေတ္တာဖြင့် အေးမြသော်