Episode 3 [ U + Z ]

24 5 0
                                    

{Unicode}

"ကြားလား!"

"ဟင်.."

"အားကိုးလို့ရတယ်လို့!"

"အေးပါ...ဘာလို့အဲ့လက်ပတ်တွေဝတ်ထားတာလဲ...နားစွဲတွေရော..."

"ကြိုက်လို့လေ..စတိုင်ဆိုလဲဟုတ်တာပေါ့ ဇိုင်းဇန်ရဲ့မူပိုင်စတိုင်"

"မင်းစတိုင်ကငါ့အမြင်မှာတော့ တအားမျက်စိနောက်လွန်းတယ်"

ပွင့်လင်းလွန်းတဲ့ချင်းကောင်လေးရဲ့အပြောမှာ သူပါးစပ်အဟောင်းသားဖြစ်သွားရပေ။

ကျစ်!ဒီလိုစော်ကြည်တဲ့စတိုင်ကမျက်စိနောက်စရာ?

"မင်းကခုမှမြင်ဖူးတာမို့လို့နေမှာပါ ပုံမှန်ဆိုငါကဒီမှာ စတိုင်အကျဆုံးဘဲ"

"ငါကတော့ရိုးရိုးလေးဘဲကြိုက်တယ်"

"ဘယ်လို ရိုးရိုးလေး..."

"ဒီတိုင်းပုဆိုးလေးနဲ့ ပုံမှန်အတိုင်းလေးပေါ့"

"ငါကပုံမှန်ဖြစ်မနေတာလား.."

"အဲ့လိုပြောတာမဟုတ်ပါဘူး!ငါ့အတွက်နည်းနည်းဆန်းနေလို့..."

အလန့်တကြားထငြင်းတဲ့ချင်းကောင်လေးမှာ သူစိတ်ဆိုးသွားမှာကြောက်သွားပုံပင်။

"ဟက်!မဆိုးပါဘူး မင်းမျက်လုံးထဲမှာဆန်းနေတော့လည်းး"

ပထမဆုံးအဆောင်ရောက်ရက်မှာတင် စကားမှားသွားလျှင် စိတ်ဆိုးသွားမည်စိုး၍ ပြောလိုက်သည်ကို ထိုသူအမှန်ထင်နေပုံ။တကယ့်ကိုသိပ်ရှုပ်လှတဲ့ကောင်ပင်။

"မင်းမမကြည်ကိုဘယ်လိုမြင်မိလဲ"

"ဟင်...မမကြည်ကမိန်းမလျှာဆို.."

"အေးလေ...မင်းအမြင်မှာရောလို့မေးတာ"

"အင်းး..အဲ့တိုင်းပါဘဲ"

"ငါစစရောက်တုန်းကဆို မမကြည်ကအထူးဆန်းဖြစ်လို့ တစ်ပတ်လောက်ထိမမကြည်ရဲ့စိတ်ခံယူချက်ကိုလိုက်မေးနေမိတာ"

"အင်း..သိပ်မထူးဆန်းပါဘူးရယ်"

"ဇိုင်းဇန်....!"

ခြံတံခါးဝကနေအော်ခေါ်တဲ့လူတစ်ယောက်....

"ဘာလဲ!လာလေကွာ.."

မေတ္တာဖြင့် အေးမြသော်Dove le storie prendono vita. Scoprilo ora