Episode 9 [ U + Z ]

4 2 0
                                    

{Unicode}

နွေမနက်ခင်းရဲ့နေဟာ မျက်စိကျိန်းရလောက်သည့်
အပူချိန်ရှိလှပါသည်။သို့သော် ခုတင်ပေါ်စောင်တစ်ထည်နှင့်လူးလိမ့်အိပ်ပျော်နေသော မန္တလေးသားမောင်ဇိုင်းဇန်ကတော့ နွေအပူကိုအန်တုပြီး ယခုထိအိပ်ပျော်နေစဲပင်။

"ဇိုင်းဇန်..ထတော့။မမကြည်သွားစရာရှိတယ်.
...မင်းနိုးတာစောင့်နေတာ နေမြင့်လှပြီအဆောင်မှာလဲမင်းနဲ့မမကြည်ဘဲရှိတော့တယ်။အောက်မှာမင်းအတွက်မနက်စာပြင်ပေးထားတယ်....ထတော့"

ပြတင်းပေါက်တံခါးများဖွင့်၍ ခြင်ထောင်‌လာဖြုတ်ပေးနေသော မမကြည်မှာအလောတကြီးရှိလှသည်။

"ပူလိုက်တဲ့နေဗျာ..."

"ဇိုင်းဇန်ညကအင်္ကျီချွတ်အိပ်တာလား.."

စောင်ပုံထဲမှထွက်လာသည့် အမောင်ဇိုင်းဇန်မှာအောက်တွင်သာ ဘောင်းဘီအတိုရှိသည်။

"ညကတော့အင်္ကျီပါတယ်ဗျ...တရေးနိုးပြီးပူလို့အိပ်မရတာနဲ့..ချွတ်အိပ်လိုက်တာ"

"အေးကွယ်..လေကလဲမတိုက်တော့မမကြည်တို့လဲအိုက်တာဘဲ"

အပြင်သွားရန်ပြင်ဆင်နေသည့်မမကြည်က သူ့စကားကိုထောက်ခံသည်။သူအင်္ကျီကောက်စွပ်ပြီး စောင်ခေါက်နေရင်း မမကြည်ပြောတာကိုစဉ်းစားမိသည်။

"မမကြည်...ဦးမေတ္တာကိုပန်ကာတပ်ခိုင်းလိုက်ရမလား.."

သေတ္တာပေါ်ကမှန်ကိုကြည့်၍ နှုတ်ခမ်းနီဆိုးနေတဲ့မမကြည်က ဟာသတစ်ခုကြားလိုက်သလို ရီတော့သည်။

"ဦးကပ်စီးကုတ်ကပန်ကာတပ်ဖို့မပြောနဲ့...ဆက်သွယ်ဖို့တယ်လီဖုန်းတောင် မထားပေးတာကို၊စောနကဆလိုင်းကိုတောင် ဖုန်းလာလို့ဖုန်းဆိုင်ကဦးလေးလာခေါ်သွားတယ်.."

"ဗျာ...သူဒီနေ့ကျောင်းမရှိဘူးလား"

"သူကျောင်းသွားခံနီးခေါ်သွားတာဆိုတော့...ဖုန်းပြောပြီးကျောင်းတန်းသွားတယ်ထင်တယ်"

"သွားတာကြာပြီလား.."

"မကြာသေးဘူး..မမကြည်မတက်လာခင်လေး...ဟဲ့ ဘယ်တုန်း"

"လိုက်သွားဖို့"

"ဟယ်.."

သူပြောတာကိုမစောင့်ဘဲလှစ်ခနဲထွက်သွားသည့် ဇိုင်းဇန်စုတ်ကိုသူမျက်စောင်းထိုးလိုက်သည်။မမြင်ရမှန်းသိပေမဲ့လဲ ပိုလွန်း‌နေလို့ကိုသူအမြင်ကပ်မိသည်။

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Apr 30 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

မေတ္တာဖြင့် အေးမြသော်Tahanan ng mga kuwento. Tumuklas ngayon