Episode 7 [ U + Z ]

21 4 0
                                    

{Unicode}

"ခွပ်!"

အံတင်းတင်းကြိတ်ပြီးသူ့ပါးပေါ်ကြလာတဲ့ ထိုးချက်တွေကိုတင်းခံနေတယ်။တုန်လှုပ်ခြင်းမရှိ၊နာကျင်ခြင်းမရှိ၊ထိုအစားး ရှက်ရွံမှုသာရှိသည်။ဘေးနားမှတားနေတဲ့အော်သံတွေဟာ စူးစူးဝါးဝါး၊သူမုန်းတယ်..မုန်းလွန်းလို့သေပြစ်ချင်လောက်တဲ့အထိ။

::::::::::::::::::::

"ဆလိုင်းး"

"ဗျာ.."

"ဇိုင်းဇန်ကိုစောင့်နေတာလားး"

"ဟုတ်တယ်မမကြည်..သူညနေကတည်းကထွက်သွားတာ၊ဘယ်သွားတာလဲလည်းမပြောသွားဘူးး"

"မမကြည်ကူစောင့်ပေးမယ်လေ.."

"ရပါတယ်..မမကြည်ကပင်ပန်းနေတာကို၊သွားနားနေပါ ကျွန်တော်လဲခနနေဝင်တော့မှာပါ.."

"ဟင်းး..ဒါဆိုမမကြည်ဝင်ပြီနော်.."

"ဟုတ်ကဲ့..ကောင်းသောညပါမမကြည်"

အပျင်းကြောဆန့်ပြီးသူခနထပြီးလမ်းလျှောက်လိုက်တယ်။မဟုတ်ရင်..သူခြင်တွေကိုသွေးလှူနေရသကဲ့ပင်။ညအမှောင်ကိုအားယူပြီး သွေးဆာနေတဲ့ခြင်တွေဟာ သူ့အနားတဝီဝီပင်။ဗန်ဒါပင်အောက်မှာသူထိုင်နေတာဖြစ်သဖြင့် လေတအေးအေးနဲ့အိပ်ချင်စဖွယ်ပင်။

"ကျွတ်..ဟေ့"

အသံကြားရသို့ဆတ်ကနဲ့ လှည့်ကြည့်လိုက်ရာ

"ဟင်!ဇိုင်းဇန်.."

ဓာတ်တိုင်ကမီးရောင်ရိပ်မှိန်မှိန်ကြား နားကပ်အရောင်တလတ်လတ်နဲ့ဇိုင်းဇန်ဟာမှောင်ရိပ်ခိုနေလျက်။

"မင်းမျက်နှာက..!"

"ရှူးး တိုးတိုးဟ..ကိုအောင်ထူးတို့မရှိရင်မင်းအခန်းငှားပါလားကွာ တစ်ညပါဘဲနောက်မို့ဆို့ငါတခြားနေရာဒိုးရမှာ"

"အေး..အေးပါကွာ"

"ငါလာတာမသိစေနဲ့အုန်း..ဒဏ်ရာတွေနဲ့မြင်ရင်မမကြည်သတ်လိမ့်မယ်.."

ခြေသံဖွဖွဖြင့်သူတို့နှစ်ဦး ခိုးကြောင်ခိုးဝှက်ဖြင့်တက်လာခဲ့ရသည်။ထိုသည့်တိုင်သူ့အခန်းမရောက်ခင် မမကြည်တို့အခန်းကအရင်မို့လို့ တံခါးသာဖွင့်ထားခဲ့ရင်ဇိုင်းဇန်ကိုတွေ့မှာအမှန်။သို့သော် ဇိုင်းဇန်ဟာကံကောင်းတာလားပင်မသိ အခန်းတံခါးဟာမပိတ်ထားတိုင်အောင် အနည်းငယ်စိထားသည်။သူတို့သုတ်သုတ်နှင့်ခြေကုန်သုတ်လာပြီး အခန်းထဲရောက်တော့တံခါးအမြန်ဂျက်ထိုးထားရသည်။

မေတ္တာဖြင့် အေးမြသော်Место, где живут истории. Откройте их для себя