အခန်း(၁)

3.5K 493 7
                                    

အခန်း(၁) အိမ်ထောင်ရေး

တုံးအသော အိုမီဂါသည် ထိုနေ့တွင် အယ်လ်ဖာတစ်ဦးနှင့် တွေ့ဆုံရမည်ဖြစ်သည်။

သတင်းကို သူ့အဖေက သူ့ကို ပြောပြခဲ့သည်။

သူ့အဖေက ဒါဟာ မဟာမိတ်အိမ်ထောင်ရေးတစ်ခုဖြစ်ဟည်ဟု ဆို‌လေ၏။

အိုမီဂါက သူ့အဖေကို “ မဟာမိတ်အိမ်ထောင်ရေး” က ဘာကိုဆိုလိုတာလဲဟု မေးမြန်းခဲ့ပြီး သူ့အဖေက “ မဟာမိတ်အိမ်ထောင်ရေး” ဆိုသည်က အယ်လ်ဖာတစ်ယောက်နှင့် မိသားစုတစ်ခုကို ထူထောင်ခြင်းပါဟု ပြောပြခဲ့လေသည်။

မိသားစုတစ်ခုထူထောင်တာ၊ ဟမ်။ ထိုစကားလုံးများကို ကြားလိုက်ရသောအခါ အိုမီဂါလေး၏မျက်လုံးများ တောက်ပလာခဲ့လေသည်။ သူက အယ်လ်ဖာတစ်ယောက်နဲ့  မိသားစုတစ်ခု ဖြစ်လာတော့မှာလား။ မိသားစုဆိုတာက တစ်ယောက်ယောက်နဲ့ အတူတူ စားသောက်မယ်၊ အိပ်မယ်... ဒါဆို မိုးရွာတဲ့နေ့တွေမှာ သူ မိုးကြိုးပစ်သံကို ထပ်ပြီးကြောက်နေစရာ မလိုတော့ဘူးပေါ့။ သူ အလွန်ပျော်သွားလေသည်။ သူ ကလေးဘဝတုန်းက ပြင်းထန်သည့်အဖျားတစ်ခုရှိခဲ့ပြီး သူ့တုံ့ပြန်မှုသည် လူတော်တော်များများထက် နှေးကွေးသွားခဲ့လေသည်။ ပထမတော့ သူ့အဖေသည် စိတ်ရှည်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ထိုစိတ်ရှည်မှုသည် ပျောက်ကွယ်သွားခဲ့လေ၏။

အဖေ၊ ညီလေးနဲ့ မိထွေးတို့ကသာ မိသားစုတစ်ခုလိုပါပဲ။ ပြီးတော့ သူက အပိုလေးတစ်ခုပေါ့။

ထို့ကြောင့် သူ့တွင် သူငယ်ချင်းအများကြီးမရှိသလို သူ့စကားကို နားထောင်ပေးမည့်သူလည်း မရှိခဲ့ပါချေ။ သို့သော် မကြာခင်မှာတော့ သူ့ကိုယ်ပိုင်မိသားစုလေး ရှိလာတော့မည်။ သူ သူ့ခရီးဆောင်အိတ်ကို ပျော်ရွှင်စွာထုပ်ပိုးနေခဲ့လေ၏။

ရှန့်အိမ်သည် အလွန်ကြီးမားလှသည်။ အိုမီဂါသည် အိမ်တော်ထိန်းအဘိုးအိုတစ်ဦးနောက်မှ လိုက်သွားပြီး သုတ်သုတ် သုတ်သုတ်နှင့် လမ်းလျှောက်လာပြီး လှည့်ပတ်ကြည့်ရှုရန် သူ့လည်ပင်းလေးကို ဆန့်တန်းထားလေသည်။

ပန်းခြံထဲတွင် အပြာရောင်ပန်းပင်များစွာရှိပြီး သက်ဝင်လှုပ်ရှားနေသော ငှက်ကလေးတစ်ကောင်သည် ဝင်ပေါက်နားရှိ သစ်ပင်ပေါ်တွင် ၎င်း၏အတောင်ပံများကို ခတ်လိုက်၏။ လက်ဆွဲသေတ္တာကို လူသွားလမ်းတစ်လျှောက် ဆွဲသွားပြီး ဂလုတ် ဂလုတ် အသံမြည်နေလေ၏.....

အရူးလေးလက်ထပ်တော့မယ် 《 မြန်မာဘာသာပြန် 》Where stories live. Discover now