အခန်း(၄)

2.3K 433 2
                                    

အခန်း(၄) ကျွန်တော့်လောင်ကုန်းက အရမ်းကြင်နာတတ်တယ်

အိုမီဂါလေးသည် သူတို့၏အိမ်ကို သန့်ရှင်းရေးလုပ်နေရသည်ကို သဘောကျလေ၏။ အယ်လ်ဖာသည် ၎င်းကို မကြာသေးမီကမှ ရှာဖွေတွေ့ရှိခဲ့လေ၏။ နေ့စဉ်နေ့တိုင်း အလုပ်ပြီးနောက် သူသည် သူတို့၏အိမ်တွင် မတူညီသည့်အရာတစ်ခုကို ရှာဖွေတွေ့ရှိလိမ့်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကော်ဖီစားပွဲပေါ်တွင် ယုန်ရုပ်တစ်ရုပ်ကို ထည့်ထား‌လိမ့်မည်ဖြစ်ကာ အခြားအချိန်များတွင် ၎င်းသည် ပြတင်းပေါက်ပေါ်တွင် iron begonia အပင်တစ်ပင် ဖြစ်နေလိမ့်မည်ဖြစ်သည်။

အပြောင်းအလဲများသည် သေးသေးလေးဖြစ်လေသော်လည်း အိမ်ဆီသို့ သက်၀င်လှုပ်ရှားမှုအများအပြား ထပ်ထည့်လိုက်သည့်ပုံ ပေါ်လေ၏။ ဤကာလအတွင်း အိုမီဂါလေးသည်လည်း သူ့၏ မူလအိမ်သို့ အကြိမ်ပေါင်းများစွာ ပြန်သွားပြီး ခရီးဆောင်အိတ် အများအပြားကို မောမောပန်းပန်း ပြန်သယ်လာပြီး ပြန်ရောက်လာခဲ့လေသည်။ သူပြောခဲ့သည်မှာ အဲ့ဒါက သူ့ရဲ့ပစ္စည်းအားလုံးဖြစ်ပါသည် ဟူ၏။

အယ်လ်ဖာသည် မှိန်ဖျော့နေသော အရုပ်တန်းကြီးကို တိတ်တဆိတ်ကြည့်ရင်း " အဲ့ဒါတွေကလား" အယ်လ်ဖာသည် ယုံကြည်ရန်ခက်ခဲကြောင်း တွေ့ခဲ့ရလေသည်။

"ဟုတ်တယ်လေ " မိုက်မဲသောအရူးလေးသည် အယ်လ်ဖာ၏ တုံ့ဆိုင်းမှုကို နားမလည်ခဲ့ပါချေ။ သူသည် အရုပ်တစ်ရုပ်စီကို တစ်ခုပြီးတစ်ခု ထုတ်ယူပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က အယ်ဖာသည် မိုက်မဲသောအရူးလေးသည် ပစ္စည်းများကို ယူရန်အိမ်ပြန်သွားသည်ဟု ကြားလိုက်သောအခါ တစ်စုံတစ်ယောက်ကို တပ်ဆင်ခိုင်းထားသည့် ဗီရိုပေါ်တွင် အရုပ်များကို ဂရုတစိုက် ချထားလိုက်လေ၏။

သူသည် အရုပ်များကို စီထားပြီး အရုပ်တန်းကို ပြောလိုက်လေ၏။ "အခုကစပြီး ဒါက ငါတို့အိမ်ဖြစ်လိမ့်မယ်"  သူ တကယ်ပင် ပျော်နေခဲ့ပြီး သူသည် အရုပ်တန်းကို ပျော်ရွှင်စွာစကားပြောရင်း သူ့လေသံသည် သူ့ပျော်ရွှင်မှုကို ဖုံးကွယ်ထားလို့ မရခဲ့ပါချေ။

သူ တစ်ယောက်တည်းမဟုတ်တော့ပါ။ ယခုအချိန်မှာတော့ သူတို့အကုန်လုံးတွင် တကယ့်အိမ်ကြီးတစ်အိမ်ရှိပြီး အရမ်းကောင်းသည့်ယောက်ျားတစ်ယောက်နှင့် အလွန်ကြီးလှသည့် အိမ်ကြီးတစ်လုံးရှိနေပြီဖြစ်သည်။

အရူးလေးလက်ထပ်တော့မယ် 《 မြန်မာဘာသာပြန် 》Where stories live. Discover now