အခန်း(၃)

2.5K 434 3
                                    

အခန်း(၃) ကောင်းကောင်း အိပ်ခဲ့ရရဲ့လား။

သူ နောက်နေ့ အိပ်ရာက နိုးလာသောအခါ အိပ်ယာပေါ်တွင် ဘယ်သူမှ မရှိတော့ချေ။ အိပ်ငိုက်နေလျက် သူ့မျက်လုံးများကို ပွတ်သပ်ရင်း အရူးလေးသည် အိပ်ယာပေါ်ကဆင်းပြီး ဖိနပ်ပါးတစ်ရံ စီးသွားလိုက်၏။

" ကောင်းတယ် "

"လောင်ကုန်း " အရူးလေး၏ အသံသည် နူးညံ့နေပြီး မီးဖိုချောင်ထဲတွင် ရပ်ကာ မနက်စာပြင်ဆင်နေသည့် အယ်လ်ဖာကို တွေ့လိုက်ရသောအခါ သူသည် မိုက်မဲစွာ ပြုံးလိုက်၏။ "မင်္ဂလာနံနက်ခင်းပါ လောင်ကုန်း "

"လောင်ကုန်း~ မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား" သူ့၏ မနက်ခင်းလုပ်ငန်းစဉ်များ ပြီးသွားပြီးနောက် သူသည် အယ်လ်ဖာကမ်းပေးလာသော နို့ကို ကိုင်ထားပြီး မျက်လုံးလေးကို  တဖျပ်ဖျပ်ခတ်နေလေ၏။

ရှန့်ကျစ်: ...

"ဟီးဟီး~ကောင်းလိုက်တာ။ ကျွန်တော်လည်း  ကောင်းကောင်းအိပ်ခဲ့ရတယ်။ အဲ့ဒါက လောင်ကုန်းကြောင့်ပဲ ဖြစ်မယ်။ မနေ့ညက ကျွန်တော့်မှာ အိပ်မက်ဆိုးတွေတစ်ခုမှ မရှိခဲ့ဘူး။ " မိုက်မဲသောအရူးလေးသည် မျက်လုံးလေးများ ကွေးညွတ်သည်အထိ ပြုံးပြနေလေ၏။ သူနှင့်အတူ ဘယ်သူမှ မအိပ်သည်မှာ ကြာနေပြီဖြစ်ကာ၊ သူသည် သူ့လောင်ကုန်းသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးလူဖြစ်သည်ဟု တွေးနေခဲ့လေသည်။

မနက်စာစားပြီးနောက် ရှန့်ကျစ်သည် ရုံးသို့သွားရန် စီစဉ်ထားလေ၏။ မသွားခင် မိုက်မဲသောအရူးလေးသည် ခြေဖျားထောက်ကာ သူ့ခင်ပွန်းသည်၏ လည်စည်းကို ချည်နှောင်ပေးလိုက်လေသည်။

“လောင်ကုန်း၊ ကျွန်တော် ခင်ဗျားအတွက် လည်စည်းကို ချည်ပေးလို့ရမလား” သူသည် ငွေဖြူရောင်လည်စည်းကြိုးကို ကိုင်ထားကာ ခဏလောက် စဉ်းစားလိုက်ပြီးနောက် အညိုရင့်ရောင်တစ်ခုနှင့် လဲလိုက်လေ၏။ မျှော်လင့်နေသော မျက်လုံးများနှင့် ကြည့်နေပြီး မေးလိုက်လေ၏။

သူ့လောင်ကုန်းအတွက် လည်စည်းချည်ပေးဖို့ ကြိုးစားရမယ်။ မိုက်မဲသောအရူးလေးသည် ယခင်က ဤကဲ့သို့ တစ်ခါမှ မလုပ်ခဲ့ဖူး‌‌ချေ။

အရူးလေးလက်ထပ်တော့မယ် 《 မြန်မာဘာသာပြန် 》Όπου ζουν οι ιστορίες. Ανακάλυψε τώρα