ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

761 87 0
                                    

Chapter 11

ဟယ့်ကျိုးနှင့်အခြာသူများက ကျင်းစစ်၏လျို့ဝှက်ချက်ကို မတော်တဆဖော်ထုတ်မိသွားပြီးနောက် သူတို့ကဘုရင့်ထံ၌ သစ္စာရှိမှုခံယူသကဲ့သို့ ကျင်းစစ်အပေါ်သူတို့၏အပြုအမူတွေက ၁၈၀ဒီဂရီပြောင်းပြန်လှန်သွားသည်။ 

တစ်ခါက ဟယ့်ကျိုးသည် ကျင်းစစ်အတွက် လမ်းဖယ်ပေးသည်အား ယင်းကျောင်းတွေ့လိုက်သေး၏။ 

ဟယ့်ကျိုးဆိုသညိက ဝပြီးသဘောမကောင်းတတ်ချေ။ သူလမ်းလျှောက်ပုံကလည်း သောင်းကျန်းလွန်းလှသည်။ တစ်ယောက်ယောက်နှင့် လမ်းကျဉ်းလေးထဲမှာ တိုက်မိသည်ဆိုလျှင်ပင် သူကလမ်းဖယ်ပေးမည့်လူတွေက လက်တစ်ဖက်မပြည့်သည်အထိနည်းသည့် လူနည်းစုသာရှိသည်။ 

ဟယ့်ကျိုးက သူ့ဝမ်းဗိုက်ကိုထိပြီး သက်ပြင်းချလိုက်သည်။  “အကို‌ကျောင်း..မင်းနားမလည်ပါဘူး..ကျင်းစစ်တစ်ယောက် ကျန်းဟူမှာ လုပ်ပြသွားတာတွေက ငါ့တစ်သက်တာအိမ်မက်ပဲလေ… ”

သူကခဏရပ်လိုက်ပြီးနောက် စာကိုအာရုံစိုက်လုပ်နေသည့် ကျင်းစစ်ကိုကြည့်လိုက်ကာ တီးတိုးဆိုလာသည်။

“နောက်ပြီး သူကတော်တော်လေးချောတယ်လို့ မင်းမထင်မိဘူးလား..” 

ယင်းကျောင်းက နှာမှုတ်လိုက်ပြီးပြောသည်။ “သူကချောတယ်မချောဘူးဆိုတာ မင်းနဲ့ဘာဆိုင်လို့လဲ…” 

ဟယ့်ကျိုးက ဘာမှမဆိုင်ပါဘူးဟု ပြောလိုက်ချင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အတန်းထဲ၌ နောက်ထပ်အချောကြီးတစ်ယောက်ရှိသေးကာ ထိုအကြောင်းကိုပြောရန်က မျက်နှာပြောင်ရန်လိုပေသည်။ 

ယင်းကျောင်းကပြောလိုက်သည်။ “သူကြိုက်တာဘယ်သူလဲဆိုတာ မင်းကိုသတိပေးရဦးမယ်…” 

ဟယ့်ကျိုး : ”..” 

ဟယ့်ကျိုးကမေးလိုက်၏။ ”အကိုကျောင်း မင်းတစ်ခုခုလွဲနေတာလား.. ကျင်းစစ်က မင်းကိုနှောက်ယှက်တာကို မင်းမုန်းတယ်မဟုတ်ဘူးလား….” 

ယင်းကျောင်းက ရယ်လိုက်ကာ ဘာမှထပ်မပြောချေ။ 

သူက ခုံပေါ်ကလေ့ကျင့်ခန်းစာအုပ်ကို ကျပန်းဆွဲထုတ်လိုက်ကာ စာမျက်နှာတစ်ခုကိုလှန်လိုက်ပြီးနောက် ကျင်းစစ်၏ နေရာထံထသွားလိုက်သည်။ 

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Where stories live. Discover now