ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

328 51 0
                                    

Chapter 66
September 17, 2023
Chapter 66

သူ၏ စိတ်ထဲတွင်မူ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူသည် ထိုကဲ့သို့သောအခြေအနေတွင်တောင် အတန်းသို့ ပြန်လာသည်အတွက် ကောင်းမွန်သောအဆင့်များဖြင့် အမှန်စင်စစ်ထိုက်တန်လေ၏။

တက္ကသိုလ်ဝင်ခွင့်အတွက် အိုလံပစ်မှ အပိုရမှတ်များကို ရနိုင်တော့မည် မဟုတ်ကြောင်း တရားဝင်ဆုံးဖြတ်လိုက်သည့်အတွက် ​မူလပြိုင်ပွဲအတန်းမှကျောင်းသားများသည် ဆက်၍ သင်ယူရန် အားလျော့ စိတ်ပျက်နေကြလေသည်။ ၎င်းကိုတွေ့သောအခါ ကျောက်ဖုန် သည် သင်္ချာအိုလံပစ်အတန်းကို ရပ်ဆိုင်းလိုက်ကာ ကျောင်း၏ စီမံခန့်ခွဲမှုအရ ဆက်လုပ်မည် မလုပ်မည်ကို ဆွေးနွေးပြီးသည်အထိ စောင့်ဆိုင်းလေသည်။

ထို့ကြောင့် ယခု စာသင်ခန်းငယ်ထဲတွင် ကျင်းစစ်နှင့် ဖိုင်နယ်သို့ဝင်နိုင်သွားသော အခြားကျောင်းသား သုံးယောက်သာ ရှိလေသည်။

လူအနည်းငယ်သာ ရှိသောကြောင့် ကျင်းစစ်၏ နီရဲနေသောမျက်နှာက ပို၍သိသာမြင်သာ၏။

ထို့ကြောင့် ကျောက်ဖုန်သည် ကျင်းစစ်ကို နေကောင်းရဲ့လား အတန်းမှနားမလားဟု မေးလိုက်သည်။

ကျင်းစစ် ငြင်းပြီးသောအခါ ကျောင်ဖုန်သည်လည်း ကျိုးချောင်ကဲ့သို့ပင် တူညီသော စိတ်အခြေအနေကို ဖော်ပြလာသည်။

ကောင်းမွန်သောအဆင့်များရရန် လွယ်လွယ် ကြိုးစားခဲ့ရခြင်း မဟုတ်သည်မှာ အသေအချာပင်။ ကျင်းစစ်၏ အဆင့်များသည် အမြဲတမ်း အရမ်းကောင်းလွန်းသော်လည်း သူက ကျင်းစစ် မည်မျှကြိုးစားခဲ့ရသည်ကို မသိတော့ပေ။

ကျင်းစစ်သည် သူတို့၏ စိတ်ထဲတွင် မည်ကဲ့သို့ တွေးနေသည်များကို မသိနိုင်ဘဲ သူ၏ထိုင်ခုံတွင် ထိုင်ကာ ကျောက်ဖုန်ပေးသော မေးခွန်းစာရွက်များကို စိုက်ကြည့်နေလေသည်။ သူသည် မေးခွန်းများကို ဖတ်နေပုံပေါ်သော်လည်း အမှန်တွင် သူ၏ စိတ်တစ်ခုလုံးက ဗလာဖြစ်နေပြီး ယင်းကျောင်း၏ မေးခွန်းကိုသာ နားထဲတွင် ထပ်ကာထပ်ကာ ကြားနေရလေသည်။

(မင်း ချစ်သူကောင်လေး တစ်ယောက်လောက်လိုချင်လား...)

ကျင်းစစ်က တခြားလူကို မကြိုက်ဖူးပေ။ သူ့တွင် ကြိုက်ရန်လည်း အချိန်မရှိပေ။ သူတစ်ဘဝလုံးတွင် အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းသာ နေချင်သည်။ သူသည် ငယ်ငယ်တုန်းကလို အရှက်ရမှူများ အကူအညီမဲ့မှုများဖြင့် ရှင်သန်နေတော့မည် မဟုတ်တော့ဘဲ သူ၏ အင်အား အချိန် အားလုံးကို စာသင်ရာတွင်သာ မြှပ်နှံထားလေသည်။

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Where stories live. Discover now