ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

269 39 3
                                    

Chapter 64
September 17, 2023
Chapter 64

ကျောင်းအုပ်ကြီးက ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

" မင်းတို့ တိုက်ခိုက်ခဲ့တဲ့ ကျင်းစစ်က အရင်လ စာမေးပွဲမှာ 747 မှတ်တောင်ရခဲ့တာ မင်းတို့ သူ့ခေါင်းကို ရည်ရွယ်ချက်ရှိရှိ ရိုက်ခဲ့တာဆိုတော့ မင်းတို့က ဒီအမှတ်ကို အထင်သေးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်"

"ဆရာထင်တာတော့ မင်းတို့က အရမ်းတော်ပြီး ရည်မှန်းချက်ကြီးလောက်တယ် "

သူ ဘယ်ဘက် ခပ်ဝေးဝေးမှ ကျောင်းသားကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

" မင်းနဲ့ စကြတာပေါ့ မင်းရဲ့ နောက်ဆုံးစာမေးပွဲက စုစုပေါင်းအမှတ်ကို ဆရာ့ကိုပေး"

တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းတွင် နောက်ဆုံးပညာသင်နှစ်ဝက်ကာလအတွက် စာမေးပွဲ မရှိဘဲ ဘိုင်အို-Bio သည်လည်း မစသေးသောကြောင့် စုစုပေါင်းအမှတ်ပြည့်သည် 950 မှတ်ဖြစ်လေ၏။

အားကစားသမား ကျောင်းသားများသည် ကျောင်းအုပ်ကြီး ဘာလုပ်ချင်နေသည်ကို မသိသောကြောင့် သူတို့၏ အမှတ်များကို တုန်ယင်စွာ တင်ပြကြလေသည်။

ဘာတွေဖြစ်နေသည်ကို သူတို့ မသိပေ။ သူတို့သည် ယခင်က သိသာစွာ ယဉ်ကျေးမှု အတန်းများကို ဂရုမစိုက်ပေ။ သို့သော် ကျင်းစစ်၏ ရမှတ်များအကြောင်းကို ကြားသောအခါ သူတို့၏ ကိုယ်ပိုင် အမှတ်များကို ပြန်တွေးကြည့်လိုက်ပြီးနောက် မရှင်းပြနိုင်သော ရှက်ရွံ့မှုများသည် သူတို့နှလုံးသားထဲတွင် ရုတ်တရက် ပေါ်ပေါက်လာကြ၏။

ကျောင်းအုပ်ကြီးက ခေါင်းငြိမ့်လိုက်သည်။

" အများဆုံးက 290 နဲ့ အနည်းဆုံး 189ပဲ  747မှတ်ရအောင် ဖြေနိုင်လာတဲ့လူက ပေါ့ပေါ့ပါးပါး ဖြေလာတယ်လို့ မင်း ထင်ထားတည်းက မင်းတို့ရဲ့ ကိုယ်ပိုင် ရလဒ်တွေပေါ်မှာ တော်တော်လေး ယုံကြည်ချက်မြင့်တာပဲ"

"ဒီလိုလုပ်ရအောင် ဆရာ မင်းတို့အတွက် ပန်းတိုင် တစ်ခု ထားပေးမယ် ဖိုင်နယ် စာမေးပွဲမှာ စုစုပေါင်း ရမှတ် 350 မှတ်ထက်ပိုရမယ် မရတဲ့လူတွေက ..."

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Where stories live. Discover now