ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

380 47 0
                                    

Chapter 41
September 08, 2023
Chapter 41

-----------------------

ထိပ်ဆုံးကနေ အောက်ဆုံးအထိ ပေါ်ပျူလာဖြစ်တဲ့ ရုပ်ရှင်တွေထဲမှာ နှစ်ခုက သေနတ်နဲ့တိုက်ခိုက်တာ နောက်ထပ်သုံးခုက ရိုးရိုးတိုက်ခိုက်တာ နောက်ပြီး သရဲကားနှင့် လူငယ်အချစ် ဇာတ်ကားတွေဖြစ်၏။

ယင်းကျောင်းရဲ့ နှုတ်ခမ်းတွေ တွန့်ချိုးသွားတော့သည်။တခြားယောက်ျားတွေကတော့ ယခုလိုလူကြိုက်များတဲ့ ဇာတ်ကားတွေကိုကြိုက်ပေမဲ့ သူကတော့ကြိုက်ရင်တောင် မူးလာတတ်သည့်အတွက်မကြည့်နိုင်ပေ။

(Eng T/n: ယင်းကျောင်းကသွေးတွေကို ကြည့်လို့မရဘူး ...)

ဘယ်လိုတောင်ကံကောင်းမှုကြီးလဲ။

ထိုကဲ့သို့ ရုပ်ရှင်မျိုးတွေသည် နှစ်တွေကြာမှ ပေါ်လာတတ်ပြီး သူနှင့်ကြုံကြိုက်သွားရခြင်းဖြစ်၏။

သို့ပေမဲ့ သူက ကျင်းစစ်ကို လူငယ်အချစ်ဇာတ်လမ်းကြည့်ဖို့ခေါ်သွားမယ်လို့ပြောရင် ကျင်းစစ်က သူ့ကို ထူးဆန်းတယ်လို့ထင်သွားလောက်သည်။

ယင်းကျောင်းက စွန့်စားဖို့ဆုံးဖြတ်လိုက်သည်။

သူ့ဖုန်းကို ကျင်းစစ်ဆီ ပေးလိုက်ပြီး အေးအေးဆေးဆေးပြောလိုက်သည်။

" မင်းရွေးလိုက် မင်းကြည့်ချင်တဲ့ကားကို ကြည့်ကြမယ်"

ကျင်းစစ် ဆဲလ်ဖုန်းကိုယူလိုက်ပြီး တစ်ခုပြီးတစ်ခု ဂရုတစိုက်ကြည့်လိုက်သည်။ သူ့ရဲ့လက်က ရုပ်ရှင်တစ်ကားပေါ် ထောက်မိတိုင်း ယင်းကျောင်းပိုပြီး စိတ်လှုပ်ရှားလာသည်။

ကျောင်းလူဆိုးဆိုတဲ့ ဂုဏ်သိက္ခာမှာ ဝန်ထုတ်ဝန်ပိုးကြီးလို ခံစားနေရပြီး ကျင်းစစ်ကို သူရဲ့ အားနည်းချက်ကိုပြောပြဖို့ ငြင်းဆန်နေခဲ့သည်။ သူမှားယွင်းတဲ့ ဇာတ်ကားကိုကြည့်မိပြီး သတိလစ်သွား၍ ကျင်းစစ်ရှေ့မှာ သူ့ကိုယ်သူ့ အရူးလုပ်မိပြီး သူ့စိတ်ထဲက သူ့ပုံရိပ်ကိုထိခိုက်မှာစိုးရိမ်မိသည်။

" မင်းရွေးပြီးပြီလား" ယင်းကျောင်းက ချောင်းဟန့်လိုက်ပြီး ကျင်းစစ်ကိုမေးလိုက်သည်။

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Where stories live. Discover now