ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

229 39 1
                                    

Chapter 77
September 20, 2023
Chapter 77

တစ်နေ့တာ အစီအစဥ်များ နှင့် အခြား အကြောင်းအရာများကို ကျင်းစစ်အားပြောပြပြီးသည့်နောက် ကျောက်ဖုန်က ဖြည့်ထားသော ဖောင်ကို ချကာ ပြောလိုက်သည်။

" စာတွေလည်း အရမ်းမဖတ်နဲ့ စာမေးပွဲပြီးမှဖတ်"

သူက အစတည်းက အနည်းငယ် စိတ်လှုပ်ရှားနေသောကျိုးချောင်နှင့် ကျန်းချုံးကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။

"မနက်ဖြန်က ဖွင့်ပွဲနေ့ပဲ ဒါနဲ့ စကားမစပ် မနက်ဖြန်နေ့ခင်းမှာ ငါတို့ စာမေးပွဲဖြေခန်းကိုတွေ့ရလိမ့်မယ်"

ပြောပြီးနောက် ကျောက်ဖုန်က ရပ်တန့်လိုက်ပြီး ကိုယ့်ကိုယ်ကို ရယ်မောကာ ပြောလိုက်မိသည်။

"နေ့လည်မှာတော့ အခမဲ့ နှီးနှောဖလှယ်ပွဲရှိတယ် ဒါပေမဲ့ အဲ့ဒါက ငါတို့နဲ့ မဆိုင်ပါဘူး"

ကျင်းစစ်နှင့် အခြားသူများမှာ ရှုပ်ထွေးသွားကာ ခေါင်းမော့ပြီး သူ့ကို ကြည့်လာကြသည်။

"ပိုပြီး အင်အားတောင့်တဲ့ ပြည်နယ်စုတွေ ကောလိပ်တွေနဲ့ တက္ကသိုလ်တွေကတော့ သူတို့ရဲ့ ပန်းတိုင်အတွက် ရှင်းလင်းတဲ့ အကြံတွေရှိတယ် ငါတို့ တုန်းဟိုင်ပြည်နယ်စု အတွက်တော့ ... မင်းတို့ အဲ့ဒီကိုသွားပြီး စိတ်လှုပ်ရှားစရာတွေ သွားကြည့်လေ ချင်းဟွာနဲ့ ပီကင်း တက္ကသိုလ်တွေရဲ့ သင်ခန်းစာတွေကို နားထောင်ရတာကောင်းပါတယ် ဒါနဲ့ သူတို့ရဲ့ မေဂျာတွေ အကြောင်းလည်း သင်ယူခဲ့ကြလေ"

တုန်းဟိုင် ပြည်နယ်စုသည် တကမ္ဘာလုံးတွင် သာမာန်မျှသာ ဖြစ်ပြီး ဖိုင်နယ်ပွဲတွင် ပဲငံပြာရည် အဖြစ်သာ သဘောထားကြလေသောကြောင့် ကောလိပ်များနှင့် တက္ကသိုလ်များက သူတို့ကို အရေးပေးလိမ့်မည် မဟုတ်ပေ။ အခြားပြည်နယ်စုများကလည်း သူတို့ကိုယ်တိုင်ထက် အင်အားကြီးမားသော ပြည်နယ်များနှင့် ဆက်ဆံပြောဆိုရန် မျှော်လင့်နေကြသဖြင့် သဘာဝကျစွာပင် သူတို့က တုန်းဟိုင်ပြည်နယ်စုမှ လူများဆီသို့ လာမည်မဟုတ်ပေ။

ကျင်းစစ်နှုင့် အခြားသူများသည် ရှုပ်ထွေးနေသော အမူအရာများဖြင့် ခေါင်းငြိမ့်ကာ အိပ်ရန်အတွက် သူတို့၏ အခန်းများဆီသို့ ပြန်သွားလိုက်ကြသည်။

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Where stories live. Discover now