အပိုင်း-၄

1.5K 23 0
                                    

ရောင်လေးလည်းအငိုတိတ်သွားမှ အက္ခရာလည်းစကားပြန်စရတော့တယ်။
"ကလေးထမင်းစားရအောင်နော်။ဗိုက်ဆာနေပြီမလား။ထမင်းစားပြီးရင်ဆေးသောက်ရအုံးမယ်။လာ ထ ထမင်းသွားစားရအောင်။"
ရောင်လေးလည်းကြောက်ကြောက်နဲ့ခေါင်းသာငြိမ့်ပြလိုက်တယ်။ရောင်လေးလက်ခံလိုက်တာနဲ့အက္ခရာကလည်းရောင်လေးကိုစွေ့ခနဲပွေ့ချီလိုက်တယ်။ရောင်လေးကလည်းအလန့်တကြားနဲ့အက္ခရာလည်ပင်းကိုသိုင်းဖက်လိုက်ရင်း
"ဟို ဟို ရောင်ရောင့်ကိုဘယ်ခေါ်သွားမလို့လဲဟင်🥺🥺🥺"
"ထမင်းစားခန်းထဲသွားမလို့လေကလေးရဲ့။ဒါမှာမဟုတ်ကလေးကဘယ်ခေါ်သွားစေချင်လို့လဲ😏😏😏"
"အာ......မခေါ်သွားစေချင်ပါဘူး။ခုလည်းလွှတ်ပေးပါ။ရောင်ရောင့်ဘာသာသွားပါ့မယ်။"
"ကျစ်....ကလေးရာစကားများလိုက်တာ။အဆာလွန်ကုန်တော့မယ်။"
အက္ခရာလည်းချီရင်းနဲ့ပဲထမင်းစားခန်းထဲခေါ်လာခဲ့တယ်။အိမ်အောက်ထပ်ကိုရောက်တာနဲ့အလုပ်သမားတွေကလည်း‌ေရာင်‌ေလးကိုမျက်လုံးကျွတ်ကျမတတ်ကြည့်နေကြသည်။ဒါကိုအက္ခရာလည်းမြင်တော့
"မင်းတို့ခေါင်းလည်ပင်းပေါ်မြဲချင်သေးရင် အဲ့အကြည့်တွေအကုန်ပြင်။နောက်ခါသူ့ကိုမျက်လုံးနဲ့ယောင်လို့တောင်မကြည့်ကြနဲ့။ကြည့်မိတဲ့ကောင်အရှင်မထားဘူး။ခွေးစာဖြစ်ပြီသာမှတ်။ကြားလားအားလုံး"
"ဟုတ်ကဲ့ ကြားပါတယ်ဘော့စ်"
ထမင်းစားခန်းထဲရောက်တာနဲ့စားပွဲဝိုင်းတွင်ဟင်းတွေရောထမင်းရောအဆင်သင့်ဖြစ်နေပြီ။အက္ခရာနဲ့ရောင်လေးတို့ကလည်းဗိုက်ဆာဆာနဲ့ထမင်းစားလိုက်ကြတော့တယ်။စားနေတဲ့တစ်လျှောက်လုံးအက္ခရာကရောင်လေးကိုကြည့်နေရတာနဲ့ပင်ထမင်းစားဖို့မေ့နေတဲ့အထိပဲ။
"ဟို ဟိုလေ ရောင်ရောင့်မျက်နှာမှာတစ်ခုခုပေနေလို့လားဟင်"
"အင်း ပေနေတယ် ချစ်စရာကောင်းမှုတွေနဲ့ 😁😁😁"လို့ပြောပြီး အက္ခရာလည်းမနေနိုင်မထိုင်နိုင်ရောင်လေးပါးလေးကိုပြွတ်ခနဲနမ်းရှိုက်လိုက်တယ်။
ရောင်လေးကလည်းအခုလိုတွေတစ်ခါမှမကြုံရဖူးတော့နားရွက်ဖျားတွေနီပါးတွေနီကာရှက်နေတော့တယ်။ဒါကိုအက္ခရာမြင်တော့
"အားးးးးးးအသည်းယားလာပြီကလေးရာ။ကိုယ့်အသည်းကိုအမျိုးမျိုးခြွေနိုင်လွန်းတယ်။"
ရောင်လေးလည်းအရှက်ကြီးရှက်နေတော့တယ်။
(ဒီနေ့ဒီနှစ်ယောက်စားလို့သောက်လို့ပြီးနိုင်တော့မှမဟုတ်ဘူး။သာသာပဲကျော်ခွပြီးရေးပေးမှရတော့မယ်။)
စားလို့သောက်လို့ပြီးစီးတော့ ရောင်လေးကိုသူ့အိပ်ခန်းဆီခေါ်လာပြီး ‌မနက်ကဒေါက်တာပေးခဲ့တဲ့ဆေးဆိုပြီးရောင်လေးကိုတိုက်လိုက်တယ်။
(ဒါဒါလေးတို့အရှေ့ပိုင်းကသတိထားမိကြလား။တကယ်တော့ဒေါက်တာကဘာဆေးမှမပေးခဲ့ဘူးလေ။)
တကယ်တော့အက္ခရာကရောင်လေးထွက်ပြေးသွားမှာစိုးလို့ အိပ်ဆေးကိုဒေါက်တာပေးတဲ့ဆေးဆိုပြီးလိမ်သောက်ခိုင်းခဲ့တာပါ။ဆေးစွမ်းပြလာတော့ရောင်လေးလည်းအိပ်ချင်လာပြီး ကုတင်ပေါ်မှာပဲအိပ်ပျော်သွားတော့တယ်။အက္ခရာကတော့ရောင်လေးအိပ်နေတာကြည့်ပြီး နှုတ်ခမ်းကော့တက်အောင်ပြုံးကာ
"ကောင်းကောင်းအိပ်စက်အနားယူပါကလေးငယ်။မင်းလေးနိုးလာရင်မင်းလေးကဒယ်ဒီအပိုင်ဖြစ်ပြီ။မွ😘😘😘"လို့ဆိုကာရောင်လေးနှဖူးကိုနမ်းပြီး
"John ငါ့ကိုကလေးငယ်အိမ်ကိုလိုက်ပို့ပေး။ခုချိန်ဆိုကလေးအဒေါ်အိမ်ကိုရောက်နေလောက်ပြီ။"

#Akvi

ကိုယ့်အချစ်က မင်းဆီမှာ (Complete)Where stories live. Discover now