အပိုင်း-၁၆

994 18 1
                                    

ကိုယ့်အချစ်က မင်းဆီမှာ (အပိုင်း-၁၆)

သာယာတဲ့ညနေခင်းတစ်ခုမှာ
"ဒယ်ဒီနော်  ရောင်ရောင်စက်ဘီးစီးချင်လို့ပါနော်"
"ကလေး ဒယ်ဒီကမစီးနဲ့လို့မပြောဘူး စီး ဒါမဲ့ခြံထဲမှာပဲစီးရမယ်လေ ကလေးအန္တရာယ်ဖြစ်မှာစိုးလို့ပါ"
"ဟင့်အင်း ရောင်ရောင်အပြင်ထွက်စီးချင်တယ် ဒယ်ဒီလည်းလိုက်ခဲ့လေနော်🥺🥺🥺"
အက္ခရာဘာလို့လဲမသိ။ဒီနေ့စိတ်တွေအရမ်းလေးနေတယ်။ဒါကြောင့်ကလေးကိုတားနေရခြင်း။ဒါမဲ့ကလေးရဲ့မျက်ရည်တွေရစ်ဝဲနေတဲ့မျက်နှာကိုမြင်ပြီးပိုစိတ်မချမ်းမသာဖြစ်ရတယ်။ဒါကြောင့်
"အင်း ဒယ်ဒီလိုက်ခဲ့မယ် ဒါမဲ့ခနပဲစီးရမယ် စီးလို့မဝသေးရင်ခြံထဲမှာဆက်စီးရမယ်"
"ဟီးဟီး ဟုတ်ကဲ့ဒယ်ဒီ အာ့ကြောင့် ဒယ်ဒီ့ကိုအများကြီးချစ်တာ အူးမွ 😘😘😘😘"
ကလေးလေးပြုံးပျော်နေတာမြင်တော့လည်းသူစိတ်လေးနေတာဘာမှမဖြစ်နိုင်ပါဘူးဆိုပြီးစိတ်ကိုလျှော့ချလိုက်တယ်။ဒါမဲ့ဘယ်သူသိမလဲ။သူတို့ကိုမဲ့ပြုံးတစ်ခုနဲ့ကြည့်နေတဲ့သူတစ်ယောက်ရှိတယ်ဆိုတာ။
ရောင်လေးတစ်ယောက်အပြင်ဘက်မှာလေကောင်းလေသန့်ရှူပြီးစက်ဘီးစီးနေတော့တယ်။အက္ခရာလည်းကလေးလေးပျော်နေတာလေးကိုဗီဒီယိုနဲ့ရော ဓာတ်ပုံနဲ့ရောမှတ်တမ်းယူနေတယ်။ထိုစဉ်အရှိန်ပြင်းပြင်းနဲ့မူမမှန်ပဲကလေးလေးဆီမောင်းလာတဲ့ကားတစ်စီး။
"ကလေး သတိထား ကားကား"
"ဝုနျးးးးးးးးးးးးးးးးဒုနျးးးးးးးးးးးးးးးး"
အက္ခရာပဲပြောတာနှေးသွားတာလား။ကားပဲမြန်လွန်းတာလားမသိဘူး။ကလေးကိုဝင်တိုက်သွားပြီ။အဖြစ်အပျက်တွေကမြန်ဆန်လွန်းလှတယ်။အက္ခရာရဲ့ကမ္ဘာကြီးလည်းခေတ္တခနရပ်တန့်သွားသလိုပဲ။အမြန်ကလေးဆီပြေးသွားကာ
"ကလေး ကလေး သတိထားအုံးလေ ဘာမှမဖြစ်ရဘူးနော် ဒယ်ဒီရှိတယ်နော်"
"ဒယ်......ဒီ......ရောင်ရောင် အ့ အရမ်း အ့ နာတယ်"
"ခနပဲတောင့်ခံထားနော် ခနလေး‌ေနာ်ကလေးလေး"
"ရောင် ရောင် အိပ် ချင်တယ် ဒယ်ဒီ"
"မရဘူးကလေး မျက်လုံးမမှိတ်ရဘူးနော် ခနလေးပဲတောင့်ခံထားပါကလေးငယ်ရယ်"
သူပြောလို့ပင်မဆုံးသေး ကလေးငယ်ကမျက်လုံးမှိတ်ကျသွားတယ်။
"ဘော့စ် ဆေးရုံကားလာနေပြီ"
အက္ခရာလည်းကားပေါ်ကလေးကိုတင်လိုက်ကာသူပါရောလိုက်သွားတော့တယ်။
"ဘယ်လိုလဲ အောင်မြင်လား"
"ကားကအရှိန်ပြင်းပြင်းနဲ့တိုက်တော့သာမန်လူတောင်အသက်မရှင်နိုင်ပါဘူး မမလေး သူ့လိုကလေးကတော့ပိုဆိုးပေါ့"
"ဟက် နောက်ဆုံးတော့ကိုစစ်ကငါ့အပိုင်ဖြစ်လာတော့မယ် ရော့ မင်းတို့တော်လို့ဆုချတာ သွားလို့ရပြီ"
ယုဝါလှိုင်တစ်ယောက် သတင်းကြားပြီးအပျော်ကြီးပျော်နေတော့တယ်။
"ဟက် ယုပြောသားပဲ ကိုစစ်ရယ် ကိုစစ်ကယုအပိုင်ပါလို့ ခုတော့အဲ့အရှုပ်ထုပ်ကိုရှင်းပြီးပြီဆိုတော့ကိုစစ်ကယုဆီရောက်လာတော့မှာပေါ့ ဟားဟား"
တစ်ဖက်တွင်တော့
"မင်းတို့သူ့ကိုရအောင်ကုပေးကြ သူတစ်ခုခုဖြစ်ရင်ဆေးရုံတစ်ခုလုံးပြာကျပြီသာမှတ်"
"ကျ ကျနော်တို့ရအောင်ကုပေးပါ့မယ်ဗျာ ‌စိတ်လျှော့ပါသခင်လေး လာလာခွဲခန်းထဲပို့ရအောင်"
ထိုအခါ Johnရောက်လာပြီး
"ဘော့စ်"
"John 😭😭😭😭 ကလေးလေးကလေခွဲခန်းထဲမှာကွာ ငါဘယ်လိုလုပ်ရမလဲ တကယ်ဆိုကလေးနေရာမှာငါဖြစ်သင့်တာ ငါရှိနေရက်နဲ့ငါအသုံးမကျလို့ခုလိုဖြစ်တာ ငါကာကွယ်မပေးနိုင်လို့ဖြစ်တာ ဟာကွာ ဒုန်း......ဒုန်......"
အက္ခရာလည်းစိတ်တိုကာ နံရံကိုထိုးနေတော့တယ်။
"ဘော့စ်ရယ် စိတ်လျှော့ပါ သခင်လေးကဘာမှမဖြစ်ပါဘူး သက်သာသွားမှာပါ ကျနော်လည်းအခုတရားခံကိုရှာနေပါတယ်ဘော့စ်"
"ကလေးကိုခုလိုလုပ်တဲ့ကောင်ကိုငါအရှင်မထားဘူး နှိပ်စက်ပြီးသတ်ပစ်မယ် အမြန်စုံစမ်း John"
ထိုစဉ်ဆရာဝန်ထွက်လာပြီး
"လူနာကသွေးထွက်လွန်သွားတယ်သခင်လေး ဒဏ်ရာကလည်းနက်တယ် ဒါမဲ့အသက်အန္တရာယ်တော့မစိုးရိန်ရတော့ပါဘူး သတိရဖို့တော့ကြာပါအုံးမယ်သခင်လေး အခုတော့အခန်းထဲကိုရွေ့ပြောင်းပြီးရင်ဝင်တွေ့လို့ရပါပြီ သေချာတော့ဂရုစိုက်ပေးပါဗျ"
"ကျေးဇူးပါဗျာ"
"ရပါတယ်ဗျာ ကျနော့်ကိုခွင့်ပြုပါအုံး လူနာအခန်းပြောင်းဖို့စီစဉ်ရမှာမို့ပါ"
"ဟုတ်ကဲ့ပါဗျာ"
ဆေးရုံကုတင်ပေါ်တွင်ဆေးပိုက်ပေါင်းများစွာ ပတ်တီးပေါင်းများစွာနဲ့အိပ်စက်နေသောကလေးကိုကြည့်ရင်းအက္ခရာခမျာရင်နာလို့မဆုံးနိုင်ပေ။တစ်ဆက်တည်းစိတ်ထဲတွင်လည်း
"ယုဝါလှိုင် မင်းကမင်းကိုယ်မင်းတော်လှပြီထင်နေလား မင်းစောင့်ကြည့်လိုက် ငါကိုယ်တိုင်မင်းကိုငရဲခန်းကိုပို့ပေးမယ်"

#Akvi

ကိုယ့်အချစ်က မင်းဆီမှာ (Complete)Where stories live. Discover now