အပိုင်း-၁၁

1K 16 0
                                    

ကိုယ့်အချစ်က မင်းဆီမှာ (အပိုင်း-၁၁)

"ရရဲ့လားကောင်လေး ဘယ်နားနာသွားသေးလဲ"
"ရပါတယ်ဗျ မနာပါဘူး အကိုရီး"
"ဟို မှောက်ကျသွားတဲ့ရေခဲမုန့်ကိုအကိုပြန်ဝယ်ပေးမယ်နော်"
"ရပါတယ်အကိုရီး မဝယ်ပေးပါနဲ့ သားလည်းရေခဲမုန့်စားရင်း မမြင်မိပဲဝင်တိုက်မိတာကို သားအမှားလည်းပါပါတယ်ဗျ"
"မဟုတ်တာကွာ အကို့အမှားပါ အကိုအလောတကြီးဝင်လာမိလို့ ပြန်လျော်ပေးမယ်နော် မငြင်းနဲ့တော့"
ခေတ်ဆက်သွေးလည်းဆက်ငြင်းမနေတော့ပဲလက်ခံလိုက်သည်။ဒီလိုနဲ့ခေတ်နဲ့ John တို့ဆိုင်ထဲမှာပဲရေခဲမုန့်မှာကစကားပြောကြတော့တယ်။
"ဟို ဒီကညီလေးနာမည်က"
"‌သားနာမည်ကခေတ်ဆက်သွေးပါဗျ အကိုရီးနာမည်ကရော"
"အကို့နာမည်က John ပါ မြန်မာနာမည်က မင်းထက်သော်ပါ"
"ဟုတ်ကဲ့"
"အသက်ကရော ခေတ် ဟို ခေတ် လို့ပဲခေါ်မယ်နော် ရင်းနှီးသွားအောင်လေ အကို့ကိုလည်း ရင်းရင်းနှီးနှီးခေါ်ပါ"
"ဟုတ် ခေတ်အသက်က 18နှစ်ပါ ကိုသော်"
ခေတ်ပါးစပ်က "ကိုသော်" ဆိုပြီးကြားလိုက်ရတော့ John ခမျာ ရင်ထဲမှာ ကုလားဘုရားပွဲလှည့်သလိုဖြစ်နေတော့တယ်။ပြီးတော့ခေတ်ကိုမြင်ကတည်းကသူ့နှလုံးခုန်သံတွေထိန်းမရသိမ်းမရ။
"ကိုသော် ကိုသော်"
"ဟမ် ဟမ် ခေတ် ဘာပြောလိုက်တာလဲ"
"ကိုသော့်ကိုသားခေါ်နေတာကြာပြီ ဘာတွေတွေးနေတာလဲဟင်"
"အော် ဘာမှမဟုတ်ပါဘူး ကိုယ်အလုပ်ကိစ္စထဲစိတ်ခနရောက်သွားလို့ပါ စားတော့လေခေတ် အရည်ပျော်သွားရင်စားလို့မကောင်းတော့ဘူး"
"ဟုတ်ကဲ့ ကိုသော်လည်းစားလေ"
သူတို့နှစ်ယောက်လည်းရေခဲမုန့်လေးစားလိုက် စကားလေးပြောလိုက်နဲ့နောက်ဆုံးတော့နှုတ်ဆက်ပြီးအိမ်ကိုပြန်ခဲ့ကြတယ်။ John ကတော့အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံး ပြုံးဖြီးပြီး သူ့ဘော့စ်ကိုအပြင်လွှတ်လို့ကျေးဇူးတင်နေတော့တယ်။အိမ်မှာတော့သူမလာသေးလို့ဒေါပွနေတဲ့တစ်ယောက်ရှိနေတာကိုတော့သူမသိသေး။အိမ်ကိုရောက်တော့
"John ကြာလိုက်တာဟ ဘယ်တွေသွားနေတာလဲ"
"ဟို မိုးကရွာနေတော့ဆိုင်တွေကရှားလို့ရှာနေရတာပါဘော့စ်"
"အေအေ ‌စားစရာတွေကိုအိမ်တော်ထိန်းကိုပေးလိုက်"
"အဒေါ်ကြီး စားစရာတွေကိုသေချာပြင်ဆင်ပေး"
"ဟုတ်ကဲ့ဘော့စ်"
"John မင်းသွားလို့ရပြီ"
"ဟုတ်ကဲ့ဘော့စ်"
"ဘော့စ်နဲ့သခင်လေး စားစရာတွေအဆင်သင့်ဖြစ်ပါပြီ"
"လာကလေး ကလေးမှာထားတာတွေရပြီ သွားစားရအောင်"
"ဟုတ်ကဲ့ ဒယ်ဒီ အာ့ကြောင့်ဒယ်ဒီ့ကိုအရမ်းချစ်တာမွ 😘😘😘"
"ဟင် ကလေး ကလေးဒယ်ဒီကိုဘာပြောလိုက်တာလဲ"
"အရမ်းချစ်တယ်လို့ပြောလိုက်တာလေ မကြားဘူးလား ရောင်ရောင်ဗိုက်ဆာနေပြီ သွားစားရအောင်"
"အင်းအင်း ကလေး သွားစားမယ်နော်"
ရောင်ရောင်ဘက်ကချစ်တယ်လို့ပြောလိုက်တော့အက္ခရာခမျာ မှိုရတဲ့မျက်နှာကြီးနဲ့ ပြုံးဖြီးနေတော့သည်။ စားသောက်နေတဲ့တစ်လျှောက်လုံးလည်းကလေးက "ဒယ်ဒီဟိုဟာစားကြည့် ဒယ်ဒီဒီဟာစားကြည့် ဒယ်ဒီရေပေးပါအုံး စပ်တယ်" နဲ့ ထမင်းစားခန်းထဲရောင်လေးအသံနဲ့ဆူညံနေတာပေါ့။အက္ခရာကတော့သူ့ကလေးပြောသမျှတစ်ချက်မှမငြီးငြူပဲပြုံးဖြီးပြီးလိုက်လုပ်ပေးနေတော့တယ်။အဲ့နေ့ကတော့အက္ခရာအတွက်‌ေပျာ်ရွှင်မှုဆိုတာဘာနဲ့မှမလဲနိုင်တဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့တယ်။ကလေးကသူ့ကိုချစ်တယ်လို့ပထမဆုံးပြောခဲ့တဲ့နေ့လေး။
ဒီနေ့ကရောင်လေးကျောင်းပိတ်ရက်မို့လို့အက္ခရာနဲ့အတူကုမ္ပဏီကိုလိုက်လာတယ်။ရောင်လေးကအက္ခရာကိုချစ်တယ်လို့ဝန်ခံပြီးနောက်ပိုင်းပိုချွဲလာတယ်။ပိုအနိုင်ကျင့်လာတယ်။ပိုရစ်လာတယ်။ရှေ့တိုက်ရောကွယ်ရာမှာရောသဝန်တိုတတ်လာတယ်။သူ့ဒယ်ဒီက်ုသူကလွဲပြီးတခြားသူကလက်ဖျားနဲ့ထိတာတောင်မကြိုက်ပါ။အထူးသဖြင့်အက္ခရာဘေးနားမှာဝိုင်းနေတဲ့မိတ်ကပ်တစ်ပိဿာနဲ့အစစ်မတွေဆိုပိုဆိုး။ကာမပိုင်ရှိမှန်းသိရက်နဲ့တောင်စနှိုက်ကြော်ချင်ကြတာ။အေးလေရောင်ရောင့်ဒယ်ဒီကဘယ်သူနဲ့မှယှဉ်လို့မှမရတာကို။
အက္ခရာနဲ့ရောင်လေးလည်းကုမ္ပဏီကအိမ်ကိုအပြန်အိမ်ထဲဝင်လိုက်တာနဲ့ ဧည့်ခန်းထဲမှာ
"ဟက် တော်တော်ပျော်နေကြတယ်ပေါ့"
"အဖေ"

#Akvi

ကိုယ့်အချစ်က မင်းဆီမှာ (Complete)Where stories live. Discover now