အပိုင်း-၆

1.3K 20 1
                                    

ကိုယ့်အချစ်က မင်းဆီမှာ (အပိုင်း-၆)

ဒီနေ့လေးကတော့အက္ခရာအတွက်မဂ်လာရှိတဲ့နေ့လေးတစ်နေ့ပေါ့။သတင်းမီဒီယာတွေမှာလည်း SM company  CEO ရဲ့ လက်ထပ်ပွဲဆိုပြီးသတင်းတွေကတော့ပလူပျံနေကြ။ပြီးတော့ အက္ခရာပိုင်တဲ့ဟိုတယ်တစ်ခုမှာတော့ ကြီးကျယ်ခမ်းနားတဲ့မဂ်လာပွဲတစ်ခု။အနက်ရောင်သတို့သားဝတ်စုံလေးနဲ့ခန့်ညားနေသောအက္ခရာနဲ့ အဖြူရောင်သတို့သားဝတ်စုံလေးနဲ့လှပကျော့ရှင်းနေတဲ့ရောင်လေးတို့နှစ်ယောက်။မကြာခင်မှာပဲပွဲကစတော့မယ်။ဤလက်ထပ်ပွဲလေးမှာပျော်နေတဲ့သူလေးကတစ်ယောက် လက်မထပ်ချင်လို့ ဝမ်းနည်းနေတဲ့သူလေးကတစ်ယောက်ပေါ့။
"ကလေး ပြုံးထားစမ်းပါကွာ။ဘယ်လိုဖြစ်လို့ငိုချင်နေသလိုဖြစ်‌ေနရတာလဲ။ခုကပျော်နေရမဲ့အချိန်လေကွာ။ပြုံးပြုံးလေးနေနော်ကလေး။"
"ဟုတ်ကဲ့ဒယ်ဒီ"
ရောင်လေးကလည်းခုချိန်အက္ခရာပြောသမျှနာခံရုံကလွဲပြီး ဘာမှမလုပ်တတ်တော့ပေ။ဟိုနေ့ကသူ့ကိုအက္ခရာနမ်းလိုက်ပြီးကတည်းကအတော်ကြောက်သွားတာ။အဲ့ချိန်ကစပြီးအက္ခရာပြောသမျှနာခံနေတော့တယ်။အခုလည်းပြုံးခိုင်းနေတော့ပြုံးထားရပြန်ပြီ။ကဲကဲ မဂ်လာပွဲစပါပြီ။
ခန်းမထဲသို့အဒေါ်လက်လေးကိုကိုင်ပြီးလျှောက်လှမ်းလာသောလူသားလေးကိုကြည့်ပြီးအက္ခရာခမျာမှင်သက်နေတော့တယ်။
"သားလေးအက္ခရာ ကြီးကြီးသားငယ်လေးကိုမင်းလက်ထဲအပ်ပါတယ်နော်။သားငယ်လေးမလိမ်မာတာရှိရင်ဆုံးမပေးပါကွယ်"
"စိတ်ချပါကြီးကြီး ကျနော်က‌ေလးကို ကိုယ်ဖိရင်ဖိစောင့်ရှောက်ပြီး ပိုးမွေးသလိုမွေးထားပါ့မယ်"
ထို့နောက်ဖာသာရှေ့ရပ်ပြီး
"သတို့သားမောင်စစ်မင်းအက္ခရာသည်သတို့သားမောင်လရောင်လွှမ်းကိုသေတပန်သက်တဆုံးသစ္စာရှိရှိပေါင်းသင်းနိုင်ပါသလား"
"ပေါင်းသင်းနိုင်ပါတယ်"
"သတို့သားမောင်လရောင်လွှမ်းကရောသတို့သားမောင်စစ်မင်းအက္ခရာကိုသေတပန်သက်တဆုံးသစ္စာရှိရှိပေါင်းသင်းနိုင်ပါသလား"
"ဟုတ်ကဲ့"
"ကဲ ဒီသတို့သားနှစ်ယောက်လုံး လင်လင်တွေဖြစ်သွားကြပါပြီ။ဒါကြောင့်နမ်းနိုင်ကြပါပြီ"
ဖာသာတောင်စကားမဆုံးသေး အက္ခရာတစ်ယောက် ရောင်လေးနှုတ်ခမ်းသားလေးကိုအပိုင်သိမ်းလိုက်တော့တယ်။
မင်းနှုတ်ခမ်းလေးကအရမ်းချိုတယ်ကလေး။သောက်လေသောက်လေငတ်မပြေတဲ့ပင်လယ်ရေလိုပဲ နမ်းလိုက်တိုင်းမလွှတ်ချင်တော့ဘူး။
ကြာလာတော့ရောင်လေးလည်းအသက်ရှူကြပ်လာပြီးထုရိုက်တော့မှအောက်နှုတ်ခမ်းလေးကိုကိုက်ပြီးလွှတ်ပေးလိုက်တော့တယ်။ရောင်လေးလည်းအဲ့တော့မှအသက်ကိုဝဝရှူရတော့တယ်။လူတွေအများကြီးရှိနေတော့ရှက်လည်းရှက်နေတာပေါ့။
ဒီလိုနဲ့ဧည့်သည်တွေကိုလိုက်ဧည့်ခံပြီး မဂ်လာပွဲလည်းအောင်အောင်မြင်မြင်လေးပြီးစီးသွားတော့တယ်။ပွဲပြီးလို့အိမ်ပြန်ဖို့လုပ်တော့
"သားလေး သားခင်ပွန်းဆီမှာလိမ်လိမ်မာမာနေရမယ်နော် မဆိုးရဘူးနော်သား အခုဆိုသားကအိမ်ထောင်ရှင်ဖြစ်သွားပြီ အရင်လိုကလေးဆန်နေလို့မရတော့ဘူးနော် မငိုပါနဲ့တော့ကွယ် ကြီးကြီးဆီမကြာမကြာလာလည်လို့ရနေတာပဲနော်သား"
"အီးးးးးဟီးးးးးးးအဟင့် 😭😭😭 ဟုတ်ကဲ့ကြီးကြီး သားမကြာမကြာလာခဲ့မယ်နော် ကြီးကြီးလည်းကျန်းမာရေးဂရုစိုက်နော် သားကိုလည်းသတိရနေနော် 😭😭😭"
"အေးပါသားလေးရယ် မငိုနဲ့တော့ တိတ်တိတ် ခုလိုရက်လေးမှာမငိုကောင်းဘူးလေကွယ် ကြီးကြီးလည်းပြန်တော့မယ်နော်"
"ဟုတ်ကဲ့ကြီးကြီး"
ဒေါ်ကလျာလည်းငိုချင်နေပေမဲ့ သူငိုရင်ရောင်လေးပိုငိုပြီး သူနဲ့ပြန်လိုက်ဖို့ပြောမှာစိုး၍မငိုမိအောင်ထိန်းရင်းအမြန်နှုတ်ဆက်ပြီးပြန်လာခဲ့တော့သည်။
အက္ခရာလည်း John ကိုမှာကြားစရာရှိတာမှာကြားပြီးရောင်လေးကိုခေါ်ကာ အိမ်တော်ကိုပြန်လာခဲ့တော့တယ်။အိမ်တော်ရောက်ပြီး မဂ်လာဦးအခန်းလေးထဲဝင်လာကြသည်။
"ကလေး ရေချိုးလိုက်လေ ပင်ပန်းနေတယ်မလား"
"ဟုတ်ကဲ့ဒယ်ဒီ"
ရောင်လေးရေချိုးပြီးထွက်လာမှအက္ခရာလည်းသပတ်တစ်ထည်ယူပြီး ရေချိုးခန်းထဲဝင်သွားတော့တယ်။ အက္ခရာရေချိုးပြီးထွက်လာတော့
"ဒယ်ဒီအဝတ်ဝတ်လိုက်အုံးလေ"
"ခနနေချွတ်ရမှာပဲကိုကွာ မဝတ်တော့ပါဘူး"
"ဗျာ ဗျာ"
"ဒီနေ့က ဒယ်ဒီတို့ရဲ့မဂ်လာဦးညလေကွာ"

#Akvi

ကိုယ့်အချစ်က မင်းဆီမှာ (Complete)Där berättelser lever. Upptäck nu