အပိုင်း-၁၇

1K 17 0
                                    

ကိုယ့်အချစ်က မင်းဆီမှာ (အပိုင်း-၁၇)

"ငါ့ကလေးနိုးလာမှ မင်းနဲ့ငါစာရင်းရှင်းရမှာပေါ့ ယုဝါလှိုင် မင်းရောမင်းအမေရော ရစရာမရှိအောင်ငါလုပ်ပြမယ် ထမင်းဝအောင်စားထား"
ဒီနေ့ဆို ကလေးလေးသတိမေ့နေသေးတာတစ်ပတ်ပြည့်ပြီ။ခုထိတစ်ချက်မှနိုးမလာသေး။
"ကလေးကတော့အေးချမ်းစွာ‌အိပ်ပျော်နေတာ ဒယ်ဒီမှာတော့ပူလောင်နေရတယ်ကလေးရယ် အရင်လိုကလေးရဲ့အသံသေးသေးလေးနဲ့ပြောတဲ့စကားသံလေးတွေရယ် ကလေးလေးရဲ့ချစ်စရာကောင်းတဲ့အပြုအမူတွေရယ် ကလေးလေးပေးတဲ့အနမ်းတွေကိုဒယ်ဒီအရမ်းလွမ်းနေပြီကွာ အမြန်ဆုံးနိုးလာပါတော့ကလေးငယ်ရယ်"
ထိုစဉ်အက္ခရာရေပတ်တိုက်ပေးနေတုန်းမှာပဲ
"အင်းးးးးးးဟင်းးးးးးးးးးဒယ်ဒီ"
"ဟင် ကလေးလေး နိုးလာပြီလား ဝမ်းသာလိုက်တာကွာ ဒယ်ဒီ့ကလေးလေးနိုးလာပြီ ဒယ်ဒီတောင်းပန်ပါတယ်ကွာ ဒယ်ဒီ့ကလေးလေးကိုမကာက်နိုင်လိုက်ဘူး အရမ်းချစ်တယ်ကလေးရယ် အသက်ထက်ပိုချစ်တာမို့ဒယ်ဒီ့အနားကထွက်မသွားပါနဲ့ကွာနော်"
အက္ခရာတစ်ယောက်ရောင်လေးကိုအရိုးကျိုးကျေမတတ်ဖက်ထားပြီးမျက်ရည်များပင်ကျကာဝမ်းသာအားရစကားတွေပြောနေတော့တယ်
ရောင်လေးလည်းမျက်ရည်တွေကျလာကာ
"အီးးးးးးးးဟီးးးးးးးးးဗြဲ............ရောင်ရောင်ကလေ အင့်ဟင့် ဒယ်ဒီနဲ့မနေရတော့ဘူး အဟင့် ထင်ထားတာ ဒယ်ဒီနဲ့ခွဲရမှာအရမ်းကြောက်နေတာ 😭😭😭"
"ဘာလို့ခွဲရမှာတုန်းကလေးရယ် မငိုနဲ့နော်တိတ်တိတ် လိမ်မာတယ်"
ထို့နောက်ဆရာဝန်ရောက်လာပြီး
"လူနာလေး ဆရာမေးတာသေချာဖြေနော်အမှန်တိုင်းဖြေနော်မကြောက်နဲ့"
"ဟုတ်"
"လူနာလေးခေါင်းကိုက်နေသေးလား ဘယ်နားကနာလဲ"
"မကိုက်တော့ပါဘူးဆရာ ဒဏ်ရာတွေလည်းမနာတော့ပါဘူး"
"ဟုတ်ပါပြီ အဲ့ဒါဆို လူနာဘာတွေဖြစ်ခဲ့လဲမှတ်မိလား"
"ဟုတ် မှတ်မိပါတယ်"
"ပြောပြလို့ရမလား"
" ဟုတ် ရပါတယ် အဲ့နေ့ကသားကစက်ဘီးစီးနေတာအာ့တာသားကိုကားတစ်စီးဝင်တိုက်သွားတာပါ"
"လူနာကဘယ်ဆိုးလို့လဲ မှတ်မိသားပဲ ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး ဒါမဲ့ဆေးရုံမှာတော့နေ‌ေစချင်သေးတယ်သခင်လေး"
"ဟုတ်ကဲ့ကျနော်တို့နေပါ့မယ်"
"ဒါဆိုကျနော့်ကိုခွင့်ပြုပါအုံးသခင်လေး တခြားလူနာကြည့်စရာရှိသေးလို့ပါဗျာ"
"ဟုတ်ကဲ့ဒေါက်တာ"
ဆရာဝန်ထွက်သွားပြီးနောက်
"ကလေးလေး အားရှိအောင်ဆန်ပြုတ်သောက်ရမယ်နော် ပြီးရင်ဆေးသောက်ရမယ်နော်ကလေးလေး"
"ဟုတ်ကဲ့ဒယ်ဒီ"
"ဒယ်ဒီ့ကလေးလေးလိမ်မာတာကွာ 😘😘😘"
"ဟီးဟီး"
အက္ခရာလည်းရောင်လေးကိုဆန်ပြုတ်တိုက်ဆေးတိုက်ပြီး ချော့သိပ်လိုက်တယ်။ရောင်လေးလည်းဆေးအရှိန်နဲ့အိပ်ပျော်သွားခဲ့တယ်။ထို့နောက်အက္ခရာတစ်ယောက်မျက်နှာကြောကခုနကနဲ့မတူပဲအေးစက်ပြီးတင်းမာလာကာ ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်ပြီး
"ဘယ်လိုလဲ John"
"အဆင်သင့်ဖြစ်ပါပြီဘော့စ်"
"အိုခေ သေချာထိန်းသိမ်းထား ငါအခုလာခဲ့မယ်"
"ဟုတ်ကဲ့ဘော့စ်"
အက္ခရာလည်းဖုန်းချပြီး အိပ်နေတဲ့ကလေးလေးဆီသွားကာ
"ကလေးလေးအတွက်ဒယ်ဒီကသွေးကြွေးပြန်ဆပ်ခိုင်းဖို့ ကလေးလေးကခနအိပ်နေနော် ဒယ်ဒီပြန်လာခဲ့မယ် အူးမွ"
ရောင်လေးကို bodyguard တွေနဲ့သေချာထားခဲ့ကာ သူပိုင်တဲ့အိမ်ကြီးတစ်ခုဆီကိုထွက်လာခဲ့တယ်။အဲ့ဒီအိမ်ကတော့အက္ခရာရဲ့သွေးကြွေးတွေကိုဆပ်ရတဲ့လူတွေအတွက်ငရဲခန်းကြီးပေါ့။အစကအက္ခရာအိမ်တော်ရဲ့မြေအောက်ခန်းကိုအသုံးပြုပေမဲ့ကလေးငယ်ရောက်လာပြီးနောက်ပိုင်းမမြင်သင့်တဲ့အက္ခရာရဲ့ dark side တွေကိုမြင်ပြီးကြောက်လန့်သွားပြီစိုးသဖြင့်တခြားသူပိုင်တဲ့အိမ်တော်ဘက်ကိုနေရာရွေ့လိုက်ကြတယ်။ခုလည်းအဲ့အိမ်ကြီးကိုရောက်ပြီးအခန်းထဲဝင်လိုက်တာနဲ့မြင်လိုက်ရပါပြီ။ကျက်သရေတုံးမျက်နှာနဲ့ မိန်းမပျက်မယုဝါလှိုင်။
"ဟင် ကိုစစ် ယုကိုလာကယ်တာလား ယုဝမ်းသာလိုက်တာကိုစစ်ရယ် ယုပြောသားပဲကိုစစ်ကယုအပိုင်ပါလို့"
"ဖြန်းးးးးးးးးးးးးးးးးး အောက်တန်းကျတဲ့ပါးစပ်နဲ့အဲ့စကားတွေမပြောစမ်းပါနဲ့ ရွံလွန်းလို့ အခုကငါမင်းနဲ့စာရင်းရှင်းဖို့လာတာ"

#Akvi

ကိုယ့်အချစ်က မင်းဆီမှာ (Complete)Where stories live. Discover now