အပိုင်း-၁၂

1K 18 0
                                    

ကိုယ့်အချစ်က မင်းဆီမှာ (အပိုင်း-၁၂)

"ဟက် တော်တော်ပျော်နေကြတယ်ပေါ့"
"အဖေ"
ဧည့်ခန်းထဲတွင်ခြေချိတ်ထိုင်ကာအက္ခရာတို့နှစ်ဦးကိုမျက်နှာတည်နဲ့ကြည့်နေသောစစ်မင်းအက္ခရာရြဲအဖေဦးကျော်ဝ‌ဏ္ဏ။
"အဒေါ်ကြီး ကလေးကိုအပေါ်ထပ်ကိုခေါ်သွား အောက်ကိုဆင်းမလာစေနဲ့ ကလေးပင်ပန်းနေတယ်မလား ရေချိုးပြီး ခနအိပ်နေနော် ဒယ်ဒီခနနေရင်လိုက်လာမယ်"
အဖေရဲ့ပုံစံကြောင့်အဖေ့ကိုကြောက်နေဟန်ရှိသောကလေးကြောင့်အမြန်ပင်အပေါ်ထပ်ကိုတက်ခိုင်းလိုက်တယ်။
"အဖေ ဘာလာလုပ်တာလဲ"
"ဟ မင်းစကားကဘာစကားလဲ ကိုယ့်အဖေကိုတောင်မကြိုဆိုဘူးလား"
"ကျနော်မေးတာသာဖြေပါ အဖေဘာလာလုပ်တာလဲ"
"ဟက် မင်းတို့နှစ်ယောက်ကိုလာခွဲတာ ငါသဘောမတူဘူး မင်းမရှက်တတ်ဘူးလားအက္ခရာ ဟမ်"
"ကျနော်တို့ကိုလာခွဲရအောင် အဖေကဘာမို့လို့လဲ နေပါအုံး အရင်တုန်းကကျနော့်ကိစ္စတွေကိုစိတ်မဝင်စားတဲ့အဖေကခုမှလာစိတ်ဝင်စားနေတယ်ဆိုတော့ သေချာပေါက်ဘာလိုလို့လာတာလဲ"
"ဘာကွ မင်း ဒါ အဖေတစ်ယောက်ကိုပြောရမဲ့စကားလားကွ ဟမ် အဖေကမင်းသိက္ခာကျမှာစိုးလို့သိက္ခာလာဆယ်ပေးတာကွ"
"သွားစမ်းပါအဖေရာ ကျနော့်ကိုသိက္ခာကျတယ်ပြောရအောင် အဖေကရောသိက္ခာရှိနေလို့လား မိန်းမတွေကိုမရေတွက်နိုင်အောင်ယူနေတာဘယ်သူလဲ မယားငယ်ယူတာအောင်အားမရသေးပဲ အပြင်မှာတောင်ပျော်တော်ဆက်တွေနဲ့သာယာနေတာကရောဘယ်သူလဲ ဟမ် အခုမှကျနော့်ကိုသူတော်ကောင်းလိုလိုလာမပြောပါနဲ့ ကျနော့်ကိုပြောချင်ရင် အဖေကိုယ်တိုင်အမြင်မှန်ရအောင်ကြိုးစားပါအဖေ"
"ဘာ မင်းစကားတွေလွန်လာပြီနော် အေ ငါကလည်းရှင်းရှင်းပဲပြောမယ် မင်း ငါ့သူငယ်ချင်း ဧကရီရဲ့သမီး ယုဝါလှိုင်ကိုလက်ထပ်ရမယ် ဒီကောင်လေးကိုကွာရှင်းလိုက်တော့"
"ဟက် ကျနော့်ကိုအဖေဘယ်တုန်းကချုပ်ကိုင်နိုင်ဖူးလို့လဲ အဲ့ဒီဒေါ်ဧကရီ ဆိုတာက အဖေ့သူငယ်ချင်းအို့လို့လား အဖေအမ်းနေတဲ့ပျော်တော်ဆက်ထဲကနစ်ယောက်ပဲလေ အဖေကအမေကိုအမ်းပြီး သမီးကိူပါဆက်အမ်းနေတော့ အခုလက်လွန်ကုန်ပြီး ဖုံးမနိုင်ဖိမနိုင်ဖြစ်မှ ကျနော့်ကိုနွားလာမလုပ်ခိုင်းနဲ့ အဖေတို့ခင်းတဲ့နွားဇာတ်ထဲမှာတော့ကျနော်သေရင်တောင်ပါမယ်မစဉ်းစားနဲ့"
"ကျနော် အခုလိုအဖေ့ကိုအိမ်ထဲဝင်ခိုင်းပြီး လက်ခံစကားပြောနေတာပဲ ကံကောင်းတယ်မှတ်ပါ အဖေ့ကိုသွေးသားတော်စပ်မှုအရအဖေတော်နေရုံပဲ သွားနိုင်ပါပြီ"
"မင်း မင်း"
ဦးကျော်ဝ‌ဏ္ဏလည်းဘာမှမပြောနိုင်တော့ပဲ တောက်ခေါက်ပြီးထွက်သွားလေတော့တယ်။အက္ခရာပြောတာလည်းအားလုံးမှန်နေတာပဲလေ။အက္ခရာလည်းသူ့အဖေပြန်သွားတော့အပေါ်ထပ်ကိုတက်လာခဲ့တယ်။အခန်းထဲဝင်လာတော့‌ရေမိုးချိုးပြီးကုတင်ပေါ်ကွေးကွေးလေးအိပ်ပျော်နေသောရောင်လေးကိုမြင်‌လိုက်တော့ခုနကထွက်နေသောဒေါသတွေကယူပစ်သလိုပျောက်သွားခဲ့တယ်။ကုတင်နားသွားပြီးကလေးငယ်နှဖူးကိုနမ်းလိုက်ကာ
"ဘာတွေပဲဖြစ်လာဖြစ်လာကလေးကဒယ်ဒီ့အပိုင်ပဲ ဒယ်ဒီအသက်ရှင်နေသရွေ့ကလေးကိုဘယ်ကောင်ကမှလက်ဖျားနဲ့တောင်ထိလို့မရစေရဘူး အရမ်းချစ်တယ် ဒယ်ဒီရဲ့ဘဝလေး အူးမွ 😘😘😘"
အက္ခရာလည်းကလေးကိုနမ်းပြီး ရေချိုးခန်းထဲဝင်သွားခဲ့တယ်။ဒါပေမဲ့ရောင်လေးကအိပ်ချင်ယောင်ဆောင်နေတာတော့သူမသိခဲ့ဘူး။ရောင်လေးလည်းအက္ခရာရေချိုးခန်းထဲဝင်သွားတာနဲ့မျက်လုံးပွင့်လာပြီး ခုနကအက္ခရာနဲ့သူ့အဖေပြောနေတဲ့စကားတွေကိုပြန်စဉ်းစားနေလိုက်တယ်။သူလည်းဒယ်ဒီနဲ့မခွဲနိုင်ပါဘူး။မရရတဲ့နည်းနဲ့ဒယ်ဒီ့ကိုဖက်တွယ်ထားမှာ။ဒယ်ဒီကနှင်ထုတ်ရင်တောင်မထွက်သွားဘူး။သူသေတဲ့အထိဒယ်ဒီ့နားမှာပဲနေမှာ။သူသေရင်တောင်သူ့ဒယ်ဒီလက်ပေါ်မှာပဲသေမှာ။အဲ့တာကဒယ်ဒီ့ကိုရောင်ရောင်အရမ်းချစ်လို့ပဲဒယ်ဒီ။ရောင်လေးကသူတို့နှစ်ယောက်မဂ်လာပွဲတုန်းကပုံကိုကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်။
"အရမ်းချစ်တယ် ဒယ်ဒီ"

#Akvi

ကိုယ့်အချစ်က မင်းဆီမှာ (Complete)Where stories live. Discover now