အပိုင်း-၁၉(ဇာတ်သိမ်းပိုင်း)

1.7K 27 3
                                    

ကိုယ့်အချစ်က မင်းဆီမှာ (အပိုင်း-၁၉)(ဇာတ်သိမ်းပိုင်း)

ဒီနေ့ဟာဆိုရင်တော့ ရောင်လေးဆေးရုံကဆင်းတဲ့နေ့ပါ။ရောင်လေးဆေးရုံမှာချည်းနေရတာပျင်းလာပြီ။ဒယ်ဒီကလည်းရောင်လေးကျန်းမာရေးကြောင့်ဆိုပြီးမဆင်းခိုင်းသေး။ဒါနဲ့ရောင်လေးလည်းငိုယိုပြီးမရမကပြောတော့မှာဆင်းခိုင်းတော့တယ်။အဲ့ဒယ်ဒီကလေဘာမှန်းလဲမသိဘူး။ဆရာဝန်ထက်သူကပိုတတ်နေတာ။ဆရာဝန်ကတောင်ဆေးရုံဆင်းခိုင်းတာတောင်သူကမဆင်းရသေးဘူးတဲ့။ခုလည်းဆေးရုံဆင်းလက်မှတ်သွားယူတာပြန်မလာသေးဘူး။ကြာလိုက်တာ ပြန်လာမှစိတ်ကောက်ပစ်မယ်ဟွန့်။ရောင်လေးတွေးနေတုန်းမှာပဲ
"ကျွီ"
"ဒယ်ဒီ ဘာလုပ်နေလို့ကြာနေတာလဲ ဟွန့်"
"ဆောရီးပါကလေးငယ်ရယ် ဒယ်ဒီ့လူတွေကိုမှာကြားနေရင်းနဲ့ကြာသွားတာပါကွာ စိတ်မဆိုးနဲ့နော်ကလေးလေး"
"မဆိုးပါဘူး ရောင်ရောင်အိမ်ကိုပြန်ချင်ပြီလို့ ဒီမှာမနေချင်တော့ဘူး အခုသွားမယ်"
"ဟုတ်ပါပြီခင်ဗျား လာ သွားရအောင်"
"ဟီးဟီး ဒယ်ဒီကအကောင်းဆုံးပဲ အရမ်းချစ်တယ် မွခ်ျ"
"ဒယ်ဒီကပိုချစ်တာပါကွာ မွခ်ျမွခ်ျ"
ဒီလိုနဲ့အက္ခရာနဲ့ရောင်လေးဆေးရုံကနေအိမ်ကိုပြန်လာခဲ့ကြတယ်။အိမ်ရှေ့ဆင်ဝင်အောက်မှာရပ်ထားတဲ့ကားတစ်စီးကြောင့်အက္ခရာမျက်နှာသိသိသာသာတည်တင်းမာကြောသွားတယ်။ထို့အတူရောင်လေးလည်းအက္ခရာလက်ကိုတင်းတင်းလေးဆုပ်ကိုင်ထားခဲ့တယ်။ဧည့်ခန်းထဲဝင်လိုက်တာနဲ့
"သား"
"ဘာကိစ္စရှိလို့လဲ ဦးကျော်ဝဏ္ဏ ခင်ဗျားရဲ့မယားငယ်နဲ့သမီးကြောင့်ကျနော့်ကလေးအခုလိုဖြစ်ရတာမြင်တာပျော်လားဟမ်"
"မဟုတ်ပါဘူးသားရယ် အဖေ့အမှားတွေအတွက်လာတောင်းပန်တာပါ အဖေမှားမှန်းအဖေသိပါပြီသားရယ် သားအပေါ်အဖေမပီသခဲ့တာတွေအတွက်လည်းတောင်းပန်ပါတယ်ကွယ် သားခွင့်မလွှတ်ချင်နေပါသားရယ် အဖေတောင်းပန်တာကိုတော့အသိအမှတ်ပြုပေးပါကွယ် အဖေနောက်ဆိုသားရှေ့ပေါ်မလာတော့ပါဘူးကွယ်"
ထိုစဉ်ရောင်လေးက
"ဒယ်ဒီ ဘာပဲဖြစ်ဖြစ်ဦးဦးကဒယ်ဒီအဖေပဲလေ အဖေဆိုတာကိုယ့်သားသမီးအပေါ်ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့ မချစ်ဘူးဆိုတာတော့မရှိပါဘူး အဖေဟာအဖေပဲလေဒယ်ဒီရယ် ခုလည်းဦးဦးကသူ့အမှားတွေသိလို့တောင်းပန်နေပြီပဲ ဒယ်ဒီကသားတစ်ယောက်အနေနဲ့ခွင့်လွှတ်ပေးရမယ်လေ ဒါမှတမလွန်ကဒယ်ဒီ့အမေလည်းစိတ်ချမ်းသာနေမှာပေါ့နော်ဒယ်ဒီ ခွင့်လွှတ်ပေးလိုက်ပါနော်"
အက္ခရာကတော့သူ့ကလေးလေးရဲ့လူကြီးဆန်ဆန်ပြောနေပုံကိုကြည့်ပြီးအသည်းယားပြီးချစ်လို့မဆုံးနိုင်။တစ်ဆက်တည်းသူတွေးလိုက်တာက
"ကောင်းပါပြီ အဖေ့ကိုကျနော်ခွင့်လွှတ်ပါတယ်"
"ဝမ်းသာလိုက်တာသားရယ် ဒီကသားရောင်ကိုလည်းအဖေကကျေးဇူးတင်ပါတယ်ကွယ် သားရောင်သာခုလိုဝင်မပြောရင်အဖေတို့သားအဖခုချိန်ထိတည့်ကြမှာမဟုတ်ဘူးကွယ်"
"ရပါတယ်ဦးဦး ဦးဦးကဒယ်ဒီ့အဖေဆိုတော့ရောင်ရောင်အဖေပါပဲ အဖေမရှိတဲ့ရောင်ရောင်အတွက်ဦးဦးကိုရောင်ရောင်အဖေလို့သတ်မှတ်ထားပါတယ်"
"အဖေလို့ခေါ်လေသားရယ် သားကအဖေ့သားငယ်လေးပါပဲ"
"အဖေ"
"လာပါဦးသားငယ်ရယ်အဖေဖက်ပါရစေအုံး"
ဖက်ကြပြီးနော် ဦးကျော်ဝဏ္ဏလည်းစာရွက်တစ်ခုကိုထုတ်ကာ
"ရော့ ဒါကသားတို့အတွက်အဖေကလက်ဖွဲ့ပေးတာ အဖေ့ပိုင်ကုမ္ပဏီရော ဘဏ်ထဲကပိုက်ဆံတွေရော ပြီးတော့မြေကွက်တွေ အဖေ့မှာရှိသမျှအားလုံးလွှဲပေးထားတယ်နော်သား"
"အဖေကရော"
"အဖေကအသက်ကြီးပြီလေကွယ် အနားယူရမှာပေါ့"
"ဒါဆိုသားတို့အိမ်မှာလာနေပါအဖေ အဖေ့ကိုလုပ်ကျွေးချင်လို့ပါ"
"တကယ်လားသားကြီး အဖေဝမ်းသာလိုက်တာကွာ"
"သားလည်းအဖေ့အပေါ်ကာယကံဝစီကံမနောကံတွေနဲ့ပြစ်မှားမိတာရှိခဲ့တာမို့လို့ ခွင့်လွှတ်ပေးပါအဖေ"
"ခွင့်လွှတ်ပါတယ်သားရယ်"
"အခုသားရဲ့ခင်ပွန်းမှာသားရဲ့ရင်သွေးလေးရှိနေပြီအဖေ အဖေမြေးချီရတော့မယ်"
"ဟင် ဒယ်ဒီ"
"ဟေ တကယ်လား "
"ဟုတ်တယ်အဖေ"
"ဒယ်ဒီ ရောင်ရောင့်မှာဘယ်လိုလုပ်"
"ဟုတ်တယ်ကလေး ဒယ်ဒီဆေးရုံမှာဆက်နေခိုင်းတာလည်းဒီအချက်ကြောင့်ပဲ ဒီနေ့မှအဖြေကသေချာသွားတာ ကိုယ်ဝန်ကသုံးလဖြစ်နေပြီကလေး"
"ဒါဆိုရောင်ရောင်ကဒယ်ဒီ့ကလေးလေးမွေးပေးရတော့မယ် ဝမ်းသာလိုက်တာ"
"ကဲကဲ သားတို့သွားနားကြတော့ သားကြီးသားငယ်ကိုသေချာဂရုစိုက်နော်"
"ဟုတ်ကဲ့အဖေ အဖေလည်းနားတော့လေ ဒေါ်ကြီးအဖေ့အတွက်အခန်းလိုက်ပြပေးပါ"
"ဟုတ် ဘော့စ်"
နောက်ဆုံးတော့လည်းသာယာပြီးပြည့်စုံတဲ့မိသားစုလေးဖြစ်သွားပြီပေါ့။
၆လခန့်အကြာ
ဒီကနေ့ကတော့John နဲ့ ခေတ်တို့ရဲ့မဂ်လာပွဲလေးပေါ့။ဗိုက်ဗိုက်လေးကတော့ပျော်လို့မဆုံးနိုင်။သူ့သူငယ်ချင်းကြီးကသူ့လိုပဲလင်ရသွားလို့လေ။ခုလည်းမဂ်လာစင်မြင့်ထက်သတို့သားနှစ်ယောက်ကတိသစ္စာပြုနေကြစဉ်
"အားးးးးးးး ဒယ်ဒီရောင်ရောင်ဗိုက်နာတယ် အဟင့် အားးးးးးးးး နာတယ်"
"ဟင် မွေးတော့မှာလားမသိဘူး ဟေ့ကောင်တွေကားထုတ်ထား"
"သားကြီး အဖေလည်းလိုက်မယ် လာလာအမြန်သွားရအောင်"
"ဟုတ်အဖေ"
ဆေးရုံတွင်ရောင်လေးတစ်ယောက်ခွဲစိတ်ခန်းထဲဝင်သွားတာကြာပြီ။ခုထိထွက်မလာသေး။အက္ခရာကလည်းစိတ်ပူလို့ထိုင်မနိုင်ထမနိုင်။
"သားကြီးရယ်ထိုင်နေပါကွာ သားငယ်အဆင်ပြေမှာပါ စိတ်အေးအေးထား"
"အဖေ ကလေးကအဆင်ပြေမှာပါနော်"
"ပြေမှာပြေမှာ စိတ်ချ"
ထိုစဉ်ဆရာဝန်ထွက်လာပြီး
"ဒေါက်တာကျနော့်ကလေးလေးအခြေအနေရော"
"အားလုံးကျန်းမာပါတယ်ဗျာ ဖခင်ရောကလေးတွေရောကျန်းမာပါတယ်"
"ကလေးတွေဆိုတာက"
"အမွှာလေးမွေးပါတယ် ယောက်ျားလေးနဲ့‌မိန်းကလေးပါ"
"ဟာတကယ်လား ဝမ်းသာလိုက်တာဗျာ ကျေးဇူးတင်ပါတယ်ဆရာ"
"ရပါတယ်ဗျာ ခနနေရင်အခန်းပြောင်းပြီးပြီမို့ဝင်ကြည့်လို့ရပါပြီ"
ဒီလိုနဲ့၅နှစ်ခန့်ကြာသော်
"လမင်းအက္ခရာ သက်တံ့ပန်းရောင် လာကြစမ်းအခု"
"ဖိုးဖိုးရီးရေ ကယ်ပါအုံး"
"ဟောဟော မြေးလေးတို့ချော်လဲမယ် ဘာဖြစ်ကြတာလဲ ပြောကြအုံး"
"ပါးပါးလိုက်ရိုက်နေလို့"
"ငါ့မြေးတို့ကဘာသွားလုပ်လို့တုန်း"
"ဟီးဟီး သားတို့ကပါးပါးမပင်ပန်းအောင်ဆိုပြီးပန်းကန်သွားဆေးပေးတာ ပန်းကန်ကကျကွဲသွားတယ်"
တစ်နေ့တစ်နေ့ဒီအမွှေစိန်နှစ်ယောက်လည်းမနိုင်ပါဘူး။မမွှေရရင်မနေနိုင်။
"လာကြစမ်း မင်းတို့နှစ်ယောက် ဒီလောက်တားနေတဲ့ကြားကမွှေသွားသေးတယ်"
"အားးးးးးးး ဖိုးဖိုးရေကယ်ပါအုံး"
"ကဲကဲ သားငယ်ရယ်စိတ်လျှော့လိုက်ပါ ကလေးတွေကစေတနာနဲ့လုပ်ပေးတာပါ"
"အဖေရယ် အဖေ့မြေးတွေအကြောင်းမသိတာကျလို့"
ထိုစဉ် John နဲ့ခေတ်ရောက်လာပြီး"ကဲ ဒီသားအဖတွေဘာဖြစ်ကြတာတုန်း လာပါအုံးလေးလေးကလေးလေးတွေ"
"ခေတ်နဲ့အကိုမင်းထက် ညစာစားပီးမှပြန်နော်"
"အေးပါ အေးပါ"
ဒီလိုနဲ့မိသားစုစုံစုံလင်လင်ညစာစားကြပြီးပြီနောက်ခေတ်တို့လည်းပြန်သွားကြပြီ။ရောင်လေးလည်းအခန်းထဲဝင်လာစဉ်
"သားနဲ့သမီးရောကလေး"
"ဒီနေ့သူ့အဖိုးဆီမှာပဲ အိပ်မှာတဲ့"
"ဒါဆို ဒယ်ဒီတို့နှစ်ယောက်တည်းပေါ့ 🌚🌚🌚"
"အင်းလေ"
"‌ဒါဆိုဒယ်ဒီတို့နောက်ကလေးရအောင်ကြိုးစားရအောင်"
"ဒယ်ဒီနော်"
"နော် "
"ဒယျဒီ မလုပျနဲ့လို့ အားးးးးးးးးးးးးးးးးးးးးးးးးး"
                           ပြီးပါပြီ

#Akvi

🎉 You've finished reading ကိုယ့်အချစ်က မင်းဆီမှာ (Complete) 🎉
ကိုယ့်အချစ်က မင်းဆီမှာ (Complete)Where stories live. Discover now