အပိုင်း-၁၀

1.2K 18 1
                                    

ကိုယ့်အချစ်က မင်းဆီမှာ (အပိုင်း-၁၀)

ဒီလိုနဲ့ အက္ခရာတို့လင်လင်နှစ်ယောက်လက်ထပ်ထားတာငါးလတောင်ကျော်လာခဲ့ပြီ။ဒီကြားထဲရောင်လေးကအက္ခရာကိုချစ်တယ်လို့မပြောသေးပေမဲ့ အရမ်းချွဲတတ်လာတယ်။တစ်ခုခုအလိုမကျရင်စိတ်ကောက်တတ်လာတယ်။ရစ်တတ်လာတယ်။လိုချင်တာရှိရင်လည်းပူဆာတတ်လာတယ်။အဒ့ဒီအပြုအမူတွေကြောင့်ဒယ်ဒီကြီးခင်မျာအရည်ပျော်ပြီးရင်းပျော်လာခဲ့တာပေါ့။အခုလည်းကြည့် မိုးရွာနေတာမိုးရေဆော့ချင်လို့တဲ့။ပေးမဆော့ပြန်တော့နှုတ်ခမ်းစူပြီးစိတ်ကောက်။ဘယ်ပေးဆော့လို့ရမလဲဗျာ။သူလေးကနုနုနယ်နယ်လေး။မိုးရေကလည်းထိတာနဲ့ကိုဖျားမှာ။ဖျားရင်ဂျီကျမယ်။အီမယ်။လူနားကိုအရမ်းကပ်တယ်။ကြောင်လေးလိုပဲဗျာ။ဒါတွေကိုမမှုပေမဲ့ သူလေးဖျားနေတာကိုကျနော်မကြည့်ရက်ဘူးဗျ။အခုတော့ချော့တော်မူရအုံးမယ်။
"ကလေးရေ ချစ်တုံးလေးရေ ချစ်မဝတုံးလေးရေ ဒယ်ဒီရဲ့နှလုံးသားလေးအသည်းတုံးလေးရေ ဒယ်ဒီရဲ့ကမ္ဘာကြီးလေးရေ စိတ်မကောက်ပါနဲ့တော့ကွာနော် ကလေးလေးကိုမဆော့ခိုင်းစေချင်လို့မဟုတ်ပါဘူးကွာ မိုးရေထိတာနဲ့ကလေးကဖျားတော့တာပဲလေ အဲ့လိုဖျားရင် ကလေးလေးမကြိုက်တဲ့ဆေးခါးခါးကြီးတွေသောက်ရမှာလေကွာ ဒယ်ဒီ့ကလေးလေးစားချင်တာလည်းမစားရတော့ဘူးလေ အဲ့လိုဖြစ်ချင်လို့လားကလေးလေးက"
ထိုအခါ ရောင်လေးကမျက်ရည်လေးဝဲ၍
"အဟင့် 🥺🥺🥺 မဖြစ်ချင်ဘူးဒယ်ဒီ ရောင်ရောင်မိုးရေလည်းမဆော့တော့ဘူးနော် ရောင်ရောင်စားချင်တာကျွေးရမယ်နော်"
"လိမ်မာလိုက်တာကွာ အူးမွ 😘😘😘 ကဲ အခုဒယ်ဒီကလေးလေးကဘာစားချင်လို့လဲ"
"ကြက်ကြော် ပီဇာ ဟော့ပေါ့ ရေခဲမုန့် bubble tea ပြီးတော့ အာလူးကြော် ဟမ်ဘာဂါ ကြေးအိုး စတော်ဘယ်ရီနဲ့ချောကလက်ကိတ် ပြီးရင် အဲ့တာလောက်ပဲဒယ်ဒီ"
"ဟေ စားကုန်ရဲ့လား ကလေးရဲ့"
"ကုန်ပါတယ်နော် ဘာလဲ ဒယ်ဒီကမဝယ်ကျွေးချင်ဘူးလား အာ့ဆို ခုနကထက်ပိုပြီးစိတ်ကောက်မှာနော်"
"ကျွေးနိုင်ပါတယ်ဗျာ စိတ်တော့မကောက်ပါနဲ့"
"စိတ်မကောက်နဲ့ဆိုတော့ ဘာလဲ ချော့ရတာငြီးငွေ့သွားပြီလား မချော့ချင်တော့ဘူးလား 😒😒😒"
ကဲ အရစ်လုံးမောင်လရောင်လွှမ်းအဲ့မှာစရစ်ပါပြီ။
"မဟုတ်ရပါဘူးဗျာ ကလေးလေးစိတ်ကောက်နေရင်ဗိုက်ဆာမှာစိုးလို့ပါ John ရေလာအုံး"
"ဟွန့် 😒😒😒 အရှောင်ကောင်းလို့အထောင်းသက်သာတယ်မှတ်"
"ဘော့စ် ဘာခိုင်းစရာရှိလို့လဲဗျ"
"ရော့ ဒီစာရွက်ထဲကအတိုင်းတစ်ခုမကျန်ဝယ်လာ မရှိရင်လည်းတစ်နိုင်ငံလုံးရှာပြီးဝယ် ကြားလား"
"ဟုတ်ကဲ့ပါ ဘော့စ်"
John တော့ စိတ်အတော်ညစ်နေ။ဘယ့်နှယ့်ဘော့စ်ရယ် ကျနော်လည်းမိုးအေးအေးလေးနဲ့အိပ်ရာထဲကွေးချင်တာပေါ့ဗျ။အခုတော့မိုးကအေးပါတယ်ဆို  အပြင်ကိုထွက်ရတော့မယ်။ဟူးးးးးးးးးးးးအဲ့ကလေးကလည်း စခေါ်လာတုန်းကတော့အခုပဲဘော့စ်ကိုမလိုချင်သလိုလိုဘာလိုလိုနဲ့ အခုတော့သူ့လင်မှသူ့လင်ဖြစ်နေတာ။အရှင်ဘုရားရယ်တပည့်တော်ကိုလည်း ရည်းစားလေးတစ်ယောက်လောက်ပေးသနားတော်မူပါဘုရား။
(ကဲ ဒါဒါတို့ရေ John ကိုဘယ်သူယူမလဲ 😁😁😁)
ဒီလိုနဲ့ John လည်းသူ့ဘော့စ်မှာသမျှတစ်ဆိုင်ပြီးတစ်ဆိုင်ဝင်ဝယ်‌ေနရတာပေါ့။နောက်တော့ ရေခဲမုန့်ဆိုင်ကိုအဝင်မှာ
"ဒုတ်"
"အာ့ နာလိုက်တာ ဘာရီးနဲ့တိုက်မိပါလိမ့်"
John လည်းထူပေးဖို့ကြည့်လိုက်တော့ 😍😍😍 အမယ်လေး အရှင်ဘုရားကငါ့အလိုကိုဖြည့်ဆည်းပေးလိုက်ပြီနဲ့တူတယ်။မျက်လုံးဝိုင်းဝိုင်းလေးနဲ့ နှုတ်ခမ်းပါးပါးလေးနဲ့ဖြူဖြူဖွေးဖွေးသေးသေးလေး။ဆွယ်တာအဖြူလေးနဲ့အောက်က‌jean pant အဖြူလေးနဲ့လိုက်ဖက်စွာဝတ်ဆင်ထားသောကောင်လေးတစ်ယောက်။မျက်တောင်ထူထူကော့ကော့လေးနဲ့နှာတံစင်းစင်းလေးနဲ့ပြီးတော့ပါးဖောင်းဖောင်းလေးပါ ပါသေးတယ်။john ကိုပြူးပြီးကြည့်နေလေရဲ့။ပြီးတော့
"အကိုရီး သားကိုဝင်တိုက်ပြီး ထူလည်းမထူပေးဘူး"
"အာ ဆောရီးပါကောင်လေးရယ် ကိုယ်အရေးကြီးနေလို့ဝင်တိုက်မိတာပါ"
"ရပါတယ်ဗျ"

#Akvi

ကိုယ့်အချစ်က မင်းဆီမှာ (Complete)Where stories live. Discover now