Part (1)

706 41 8
                                    

ခြံဝန်းကြီးကိုပိုလို့လှစေတဲ့ Sakura ပန်းတွေက
အိမ်ရဲ့ အရောင်အထည်လှပနေမှုကို ပိုလို့ပင်သက်ရောက်နေသည်။

ကြီးကျယ်ခန်းနားပီး ရှေးဟောင်းကျွန်းသစ်တွေနဲ့ပြုလုပ်ထားတဲ့ ဂျပန်ရိုးရာပုံစံ ဆွဲတံခါးတွေက ရှေးခေတ် ပုံစံကို ပြန်သတိရအောင် ဖော်ညွှန်းခြင်း ပုံစံဖြစ်ပေလိမ့်မည်။

" မင်းလာစမ်း..... "

တုံတုံရီရီနဲ့ နှုတ်ခမ်းကိုက်ကာ ထွက်လာတဲ့ လူငယ်တစ်ယောက် ၊ ချွေးတွေလဲ ရွှဲနေ၍ လက်‌ကောက်ဝတ် ကိုအတင်းအကြပ်ဆွဲခံထားရတာ‌ကြောင့် နီရဲတွတ်နေသည်

နာကျင်မှုကိုအန်တုရင်း အံကိုကြိတ်ကာ တင်းခံရင်း ခြံဝန်းထဲက ကွတ်ပြစ်လေးဘေး‌တွင် ယိုင်နဲ့နဲ့နှင် အပုံလိုက်လေး လဲနေသည်။

" မင်းအမေကိုခေါ်စမ်း "

အိမ်တွင်ရှ်ိသမျှပစ္စည်းတွေအား ချိုးဖဲ့ ဆောင့်ကန်ပစ်လေသည်။

" ဖြောင်းးးး.... "

ပြင်းထန်လှတဲ့ရိုက်ချက်တစ်ခုဟာ ကလေးငယ်ရဲ့ ပါးဖောင်းလေးဆီသို့ပင် အရှိန်ပြင်းစွာကျ
ရောက်လျှက်

" ‌ဒီသောက်ခလေး လာစမ်း "

ဆံပင်ကို အရင်းမှဆွဲထားတာကြောင့် ခြံဝန်းအပြင်ဘက်သိူ့ ဒရွတ်တိုက်ပါသွားရင်း ဒူးတွေဟာပွန်းပဲ့၍ စုတ်ပြတ်သက်ကုန်သည်။

" $ ရည်ပဲကျမနေနဲ့.... မင်းအမေဘယ်မှာလဲငါ့ကိုပြော "

" ဟင့်အင်း ကျွန်တော်မသိဘူး .. သိရင်တောင်မပြောဘူး "

" အာ....ဖြောင်းးး ဖြောင်းး "

ဆံပင်ဆွဲရက်ပင် ထိုလူကြီး၏ ခြေထောက်အားဖက်၍ ငိုယိုတောင်းပန်သော်လဲ မရပေ။

အပေါ်ကိုမျက်ဝန်းလဲ့လဲ့နှင့်မော့ကြည့်ပြန်တော့
ရိုက်သာရိုက်ရတာ သနားလာပြန်သည်။

တကယ်ဆို အပြစ်မရှိတဲ့ကလေးမှတ်လား ??

" ငါ ဒီအိမ်ကိုသိမ်းမယ် "

" မလုပ်ပါနဲ့ ဦး ရယ်... ကျွန်တော့မှာ နောက်ဆုံးကျန်တာ ဒါလေးပဲရှိတာပါ "

" ဟ.. ငါမင်းကိုမသတ်ချင်ဘူးကလေး "

မျက်ဝန်းတွေဟာ သိမ်ငယ်လွန်းသည့် အနေအထား ၊ ရင်ဘက်တွေဟာ နာကျင်လွန်းလှသည့်ပုံရိပ်ရောင်တွေဟာ မျက်နှာမှာထင်းခနဲ

DADDY BROTHER (Complete)Where stories live. Discover now