Part (3)

390 34 6
                                    

" သူ့ကိုထားခဲ့ အိမ်တော်ထိန်း ယွန်း "

" အဲ့လိုလုပ်လို့မရဘူး သားငယ် "

" ဘာလို့မရရမှာလဲ... ဒီကောင်မျိုးမစစ်ကောင် မျိုးရိုးနာမည်တောင်မရှိကောင် အဲ့တော့ ဘာမှ အရောဝင်နေစရာမလိုဘူး ၊ မောင်းတော့ "

သားငယ်က အဆိုးလေးမို့လို့ မည်သူမျှမနိုင်ပေ။ သို့သော် ဒီကိစ္စကို နေ့စဉ်ရက်စက် ဒီလိုလုပ်ရပ်မျိုးလုပ်လာတာ တစ်ပတ်ကျော်လေပီ။ သခင်ကြီးသာသိသွားရင် ဆိုးဂျောင်ဟွမ်တစ်ယောက်မလွယ်ပေ။

အိမ်တော်ထိန်း ယွန်း လဲ သက်ပြင်းတစ်ချက်ချကာ ခေါင်းယမ်းလိုက်ရင်း သားငယ်ပြောသည့်အမိန့်တိုင်းမောင်းခဲ့ရသည်။

Jaden က အိမ်တော်ထိန်းယွန်းရဲ့ ကားကိုတွေ့တော့ မုဒ်ဝအထိ အမြန်ပြေးထွက်လာပေမဲ့ ကားက ရုတ်တရက်မောင်းထွက်သွားလေသည်။

ကြောင်အအ ကျန်ခဲ့တဲ့ ယိုရှီတစ်ယောက် အုတ်ခုံလေးမှာထိုင်ရင်းပြန်လာခေါ်မှာပါဆိုတဲ့စိတ်နဲ့ စောင့်နေမိခဲ့ပြန်တယ် ၊သိူ့သော် ညနေ ၅ နာရီထိုးအထိ အိမ်တော်ထိန်းယွန်းက ရောက်မလာတာကြောင့် Bus စီးပီးသာ ပြန်ခဲ့ရသည်။

လွန်ခဲ့တဲ့ တစ်ပတ်က သခင်ကြီးဟာ Company နဲ့ share case တွေကြောင့် အလုပ်ရှုပ်ရင်း အိမ်က သားနှစ်ယောက်အား အာရုံစိုက်ချိန်မရပေ။

သို့ပေမဲ့ ဒီနေ့မှာတော့ ကံဆိုးစွာနဲ့ပဲ သခင်ကြီးက ခေါင်းသိပ်မကြည်တာကြောင့်အစောကြီးပြန်ရောက်နေလေသည်။

ထိုစဉ် ကားပေါ်က သားလေးတွေကိုအမောပြေအနေနဲ့ ထွက်ကြိုတော့ သားငယ်လေးက်ုသာတွေ့ပီး Jaden ကိုမတွေ့ပေ။

အိမ်တော်ထိန်းယွန်းရော ဆိုးဂျောင်ဟွမ်ပါ အပေါက်ဝတွက် ကြက်သေသေသွားလေသည်။

" ဟွမ် ... "

" Hai "

ပြန်ဖြေနေသောနှုတ်ခမ်းပါးတွေဟာ တုန်ရီနေလျှက်

" မင်း အကိုရော.. "

" ဘယ်ကအကိုလဲ သားမှာအကိုမရှိဘူး "

" ဘာ... Jaden ကိုငါပြောနေတာလေ "

သခင်ကြီးရဲ့ မျက်ဝန်းတွေဟာ ချက်ချင်းရဲတက်လာသည်။

DADDY BROTHER (Complete)Hikayelerin yaşadığı yer. Şimdi keşfedin