Part (13)

283 27 1
                                    

" ဟေးးး .. ချာတိတ် "

ရုတ်တရက် မှတ်တိုင်မှာ ထိုင်နေရက်နဲ့ မော့ကြည့်လိုက်တဲ့အခါ BMW ကားပေါ်က လူတစ်ယောက်

Red brown suit အပြည့်ဝတ်ထားပီး Leather ဖိနပ်ကို စီးကာ အောက်သို့ဆင်းလာ၍ ထိုင်နေသည့် ယိုရှီမျက်နှာရှေ့သို့လက်ကလေးကမ်းပေးလာသည်။

ထိုလူမှာ အဆင်းရောအချင်းရော ပြည့်စုံတဲ့ယောကျာ်းပမာ ၊ မျက်နှာလေးထောင့်ကျကျ မျက်ခုံးထူထူ အသားဖြူဖြူနဲ့ အပေါ်နှုတ်ခမ်းလေးက အနဲငယ် ပါးလွှာပီး အညိုရောင်လေးသန်းနေလေသည်။

ကမ်းပေးလက်ကို အားနာတာကြောင့်ဆွဲ၍ ထလိုက်မိသည်။

" ဦး က ?? "

" ဦး တဲ့လား ကွာ ၊ Feel အောက်သွားပီ "

" ဟို.. Hana ဦးလေးဆိုတော့ သူ့လိုပဲ ခေါ်လိုက်တာပါ "

" ဟုတ်ပါပီ...ချာတိတ်က ဒီမှာဘာထိုင်လုပ်နေတာလဲ "

" ဟို... သူငယ်ချင်း နဲ့  တွေ့ဖို့လာတာပါ "

" သူငယ်ချင်းကရော "

" ပြန်သွားပါပီ "

" ကားရော... ကားမယူလာဘူးလား "

" ဟုတ်.. ဟုတ်ကဲ့ "

" လာ.. ကိုယ်လိုက်ပို့မယ် တက် "

ယိုရှီက လက်ကလေးကာ၍ အသဲအသန်ငြင်းသည်။

" ရ ရပါတယ် .. ဦးရယ် ကျွန်တော့ဘာသာပဲ Bus စီးပီးပြန်ပါ့မယ် "

" လာပါ .. Uncle နဲ့လဲ သိနေတာပဲ ၊ နောက်ပိုင်း အမျိုးတော်ရတော့မှာမလား "

" ဗျာ "

"  ဟုတ်တယ်လေ ကွာ .. ခုနကပဲ ဂျောင်ဟွမ်နဲ့ ကိုယ်တူမလေးကိုတွေ့လာတာ "

" အော်.. "

" စေ့စပ်မဲ့ရက်ကို နောက်လထဲ ရွေးမလားလို့လေ "

" ဟုတ်.. ဟုတ်ကဲ့ "

သိပ်ကိုလှပတဲ့ ဟန်ဆောင်အပြုံးကို ယိုရှီက မှဲ့နက်လေး အပေါ်သို့မြောက်တက်သည်အထိ ပြုံးလိုက်မိသည်။

Daddy ကို လျှော့တွက်လို့မရဘူးပဲ ။

ဒါပေမဲ့.. ကျွန်တော့ကို လျှော့မတွက်နဲ့ဒယ်ဒီ !

" ခါးပတ်ပတ် ချာတိတ် "

" Hai "

" ကိုယ့် နာမည်က Wato San "

DADDY BROTHER (Complete)Tempat cerita menjadi hidup. Temukan sekarang