လမ်းတစ်လျှောက် Sakura ပန်းတွေဟာ ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေ လေပီ ။
စိမ်းသက်လှသည့် လေဟုန်က တီးတိုးတိုက်ခိုက်လာသည်ဟုမဆိုပဲ အရွက်တွေဟာ လေပေါ်မှာ ခဏတာမျှ ရီစဲ့သဲ ပျံနေလေသည်။
အချိန်အားဖြင့် လေးနှစ်ခွဲကျော်လေပြီပေါ့
ဝှီးချဲနဲ့လူတစ်ယောက် Sakura ပန်းခြောက်တွေကြား နောင်တ သံဝေဂ ရသည့် မျက်ဝန်းတို့ရဲ့ လူငယ်လေးတွေကို လိုက်ကြည့်နေမိသည်။
ဝှီးကျဲ လက်ကိုင်လေးကို ကိုင်ထားသူကလည်း
ဝှီးချဲပေါ်က သူကို ကြည့်နေလေသည်။" သခင်ကြီး..ချမ်းနေလားဟင် ဒီနေရာက လေအရမ်းတိုက်တယ် ၊ ကားထဲမှာ စောင်ပါးပါးလေးတစ်ထည်ပြေးယူလိုက်ရမလား ? "
" နေပါစေ.. ယွန်း ၊ ငါအဆင်ပြေပါတယ် "
သခင်ကြီးကိုကြည့်ပီး ယွန်း က စိတ်မကောင်း ၊
ပြန်ထွက်လာပီး.. မကြာဘူး ၊ ဇာတိပြန်မယ်လုပ်တော့ ယွန်း ကိုဆွဲထားတာကြောင့် မပြန်ဖြစ် ၊
အင်းလေ။ မဟုတ်ရင် သားတွေကလည်းမရှိတာနဲ့ အထီးကျန်နေတော့မှာ ၊ သခင်ကြီးအနည်းအကျဉ်းပြောပြထားတာရယ် ၊ J ထဲ မဝင်ခင်ကတည်းက သားတို့အကြောင်းတွေကိုတပ်အက်သိထားတာနဲ့ပေါင်းလိုက်ရင်
ထွေထွေထူးထူးပြန်မေးနေစရာမှမလိုတာ
သခင်ကြီးက သူထွက်လာပီး မကြာဘူး Car Accident ဖြစ်သွားသည်။ ကားထဲကနေ အ ေရှ့သို့ခါးပတ်ကြိုးပြုတ်ကာ လွင့်စင်ထွက်သွားပီး ဟိုဘက်ကလာတဲ့ Truck ကားက မြေပြင်ပေါ်သို့ လွင့်ထွက်သွားတဲ့ သခင်ကြီးခြေထောက်တွေကိုအရှိန်မထိန်းနိုင်စွာ တက်ကြိတ်မိသည်။
အဲ့လိုကနေ အရိုးအကြောပြကြည့်ရင်း ခြေထောက်အကြောတွေ ဆိုင်းဖို့များတယ်လို့ Doctor Yamada ပြောလေသည်။
ဒီလိုနဲ့ ဇာတိမပြန်ဖြစ်တော့ပဲ သခင်ကြီးနားမှာပဲ အရင်ကလို ထပ်ကြပ်မကွာ စောင့် ရှောက်ပေးမယ်လို့ ဆုံးဖြတ်ချက်ချခဲ့သည်လေ။
ထိုစဉ်..သခင်ကြီးက ခေါင်းလေးနောက်လှည့်ကာ မော့၍ ယွန်းစံ အားကြည့်ကာ မေးခွန်းထုတ်တော့သည်။
![](https://img.wattpad.com/cover/353193240-288-k169829.jpg)