"Daddy သတိရပီတဲ့..ဟွမ်..ဟွမ် ထတော့ Daddy သတိရပီတဲ့ "
ရုတ်တရက် မြင်တွေ့လိုက်ရတဲ့ Jaden မျက်နှာပေါ်က အပြုံးတစ်ခု ၊ ဟွမ်က ရုတ်တရက်ထထိုင်လိုက်ရင်း ရင်ဘက်ကို ဖိထားလိုက်သည်။
တစ်ဖက်က Jaden က တော့ ပြောပီးဆိုပီးဆေးရုံသွားရန် ကောက်ထည့်စရာရှ်ိတာ အိတ်ထဲကောက်ထည့်နေလေသည်။
" မြန်မြန်လုပ်လေ...ရေချိုး "
အမြဲရန်သူလိုပြုမူနေတဲ့ သူက ဘာလို့ ဒီနေ့မှ
" အားး.. ကျစ် "
ခေါင်းတစ်ချက်နောက်သွားရင်း ရေချိုးခန်းထဲဝင်သွားလေသည်။
Bathrobe နဲ့ပြန်ထွက်လာတော့ Hotel က အစားအသောက်အား ဟွမ်စားရန် Jaden က ကြိုမှာထားပေးသည်။
" ရော့.. Miso ဟင်းချိုလေးရယ် Saba ရယ် ထမင်းပူပူလေးရယ်လာစား "
ဟွမ် ဒါတွေမစားတတ်ဘူးဆိုတာကိုတော့ Jaden က သိပုံမပေါ်
" အင်း တင်ထားလိုက် စားလိုက်မယ် "
ညကကိစ္စကို မျက်နှာနီကာ ရှက်ရှက်နဲ့ ဘယ်သူဘက်မှ ပြန်၍ ထုတ်မပြောကြချေ။
" ဒါနဲ့ Jaden, တစ်ခုမေးလို့ရမလား "
ရုတ်တရက် တစ်သက်တကိုယ် အခုမှ သူ့နာမည်ကိုခေါ်လိုက်တာကြောင့် အာရုံဟာလွင့်ခနဲ ။
Jaden က ဟိုဘက်လှည့်၍ ထည့်စရာရှိတဲ့ပစ္သည်းရွေးထည့်နေတာကြောင့် ဟွမ့်ကိုတော့လှည့်မကြည့်အား ၊ ထို့ကြောင့် ကျောခိုင်းရင်း ဖြေလိုက်လေသည်။
" အင်း "
" ခင်ဗျားက ဂျပန်လူမျိုးအစစ်ပါနော် "
" အင်း ဘာလို့လဲ "
" အော် နာမည်က English နာမည်ကြီးမို့လို့လေ ၊ ဂျပန် နာမည်မရှိဘူးလား လို့ ၊ လူရယ်လို့စတင်မွေးဖွားလာပီဆိုရင် မိသားစု အသိုက်အမြုံဆိုတာ ရှိကြတာပဲလေ ၊ အသိုက်အမြုံရှိတာနဲ့အမျှမျိုးရိုးဆိုတာရှိရမှာမဟုတ်ဘူးလား "
" အင်း.. "
ရေခဲလိုတောင့်တောင့်ကြီးဖြစ်သွားလျှက်
ထိုစဉ် သူ့ကို စတင်ခေါ်လာသည့်နေ့က Daddy ပြောတဲ့စကားကို ပြန်ကြားရောင်ရင်း