" Daddy ... "
"....."
" ကျွန်တော့ကိုပြောစရာ မရှိဘူးလား "
" ဘာတွေအရေးကြီး ခွင်းကျယ်လာလုပ်နေသလဲ ဟွမ် ၊ ငါမအားဘူး "
" မင်း အကိုရော... "
" အကို??? အဟက် .. အကိုတဲ့ လား "
" ဟုတ်တယ် .. မင်းအကို. "
" ကျွန်တော်တို့က ဘာမှမတော်ဘူးလေ ၊ ဒါကို Daddy လဲ သိနေတာပဲ , ပီးတော့ Daddy သားအရင်းကို ဘာလို့များ ပစ်ချင်သလို ပစ်ထားရက်ရတာလဲ "
" ငါပစ်ထားမိသလား? တစ်ဆိတ်ရှိစိတ်ကောက်ပီး သူ့အမေအိမ်ပြန်ပြန်သွားတာမဟုတ်ဘူးလား "
နှုတ်ခမ်းကော့တက်သည်အထိရယ်မိသည်။
" အခုရော.....မင်းအကိုဘယ်မလဲ "
" မသိဘူး... "
" မင်း မသိဘူးဆိုတာဖြစ်နိုင်မလား "
" ဘာလို့မဖြစ်နိုင်ရမှာလဲ... ကျွန်တော့ကို ပစ်သွားပီလေ အဲ့တာ Daddy ကြောင့် ၊ ကျေနပ်ပီလား ဟမ် "
" ဘာကွ.... မင်းစကားတွေ လွန်မလာနဲ့နောိ ၊ ငါမင်း Daddy "
" Daddy... ကျွန်တော့ ခံစားချက်ကို ဘယ်တော့မှ နားလည်လာမှ မဟုတ်ပါဘူး ၊
Daddy ရဲ့ ပုံစံခွက်ထဲမှာနေရတာ သိပ်က်ုရွံမုန်းမိတယ် "ဖြောင်း...
ပြင်းထန်ရိုက်ချက်ကြောင့် ဟွမ်တစ်ယောက် မူးဝေသွားသည်။
" မရိုက်နဲ့တော့... သတ်လိုက်.. သတ်ပစ်လိုက် ၊ ငယ်ငယ်ထဲ အခုထိ Daddy ရဲ့စကားကိုနားမထောင်တာရှ်ိခဲ့ဖူးသလား "
"မင်းတော်လိုက်တော့ ငါကမင်းအတွက် .."
" Daddy က ကျွန်တော့အတွက် အနာဂတ်လှပဖို့အရေး ဆင်မြန်းပေးချင်တယ်ပေါ့ ၊ ဒါဆို ကျွန်တော့ခံစားချက်ကြတော့ ဘာလို့ထည့်မတွက်ရတာလဲ "
" ဟွမ်... မင်းပြောချင်တာပြောပီးပီမလား သွားတော့ "
ဆက်ပြောနေရင်လည်း ဟွမ်စကားတွေဟာ သူ့အတွက် ဘောင်ဝင်မှာမဟုတ်ပေ။
" နောက်အပတ် Sunday, စေ့စပ် ပွဲရှိတယ် ၊ Dinner ပါပါမယ် ၊ အကုန်ကြိုတင်ပြင်ဆင်ထား "