Chapter - 24

46.4K 3.3K 818
                                    

အတိတ်ကာလတစ်ခုတွင် ဖြစ်၏။

ထိုကာလသည် မြတ်ဘုန်းခေါင် Car Accident မဖြစ်ခင်ကာလ၊ သူနှင့် သူရိန်မင်းထင်တို့ လက်ထပ်ခဲ့ပြီးနောက် တစ်နှစ်ကျော်ခန့်အချိန်လည်း ဖြစ်သည်။

“သူရိန်မင်းထင်! ဒီ Message က ဘာလဲ!”

ယင်းသို့မေးလိုက်သော မြတ်ဘုန်းခေါင်၏ အသံမှာ အတော်လေး ခက်ထန်လှ၏။ သို့ဖြစ်၍ အလုပ်စားပွဲ၌ စာအုပ်တစ်အုပ်ကို ဖတ်လိုက်၊ Laptop ကိုကြည့်လိုက်နှင့် အလုပ်ရှုပ်နေပါသော သူရိန်မင်းထင်က သူ့အား လှည့်ကြည့်လိုက်သည်။

“ဘာလဲ”

သူရိန်မင်းထင်၏ အသံဟာလည်း သိပ်တော့ ညင်သာမနေပါချေ။ သို့သည့်တိုင် မြတ်ဘုန်း၏ အသံလောက်တော့ ခက်ထန်မနေပါ။

အချိန်သည်ကား ညအိပ်ခါနီးအချိန်ဖြစ်ပြီး ယင်းနေ့၌ မြတ်ဘုန်းက တစ်နေကုန် အလုပ်ရှုပ်နေခဲ့သောကြောင့် ည ၈ နာရီကျော်မှ အိမ်ပြန်ရောက်ခဲ့သည်။ အပြင်တွင်သာ ညစာစားလာခဲ့သည်မို့ ပြန်ရောက်ရောက်ချင်း ရေဝင်ချိုးခဲ့ပြီးနောက် သူ ပြန်ထွက်လာချိန်တွင်တော့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို သူရိန်မင်းထင်၏ ဖုန်းထံသို့ Msg တစ်စောင် ဝင်လာခဲ့ခြင်း ဖြစ်၏။

အဆိုပါဖုန်းဟာ အိပ်ရာနံဘေးရှိ စားပွဲထက်၌ ရှိနေခဲ့လေသည်။ ထို့ကြောင့် အိပ်ရာနံဘေးမှဖြတ်၍ အဝတ်ဗီရိုများထံသို့ သွားဖို့ပြင်နေသော မြတ်ဘုန်းတစ်ယောက် Msg ဝင်သံကို သတိထားမိသွားခဲ့ပြီး ဖုန်းအား ယူကြည့်ခဲ့၏။

(ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် ကိုသူရိန်။ နောက်ရက်ကျ ကိုသူရိန့်ကို ကျွန်မ နေ့လယ်စာဝယ်ကျွေးပါရစေ။)
တစ်နေကုန် အလုပ်ရှုပ်ခဲ့သည်မို့ စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်နေခဲ့သော မြတ်ဘုန်းခေါင်တစ်ယောက် အဆိုပါစာအား ဖတ်မိလိုက်ချိန်တွင်တော့ စိတ်ထဲ ထောင်းခနဲပင် ဖြစ်သွားခဲ့သည်အထိ။ သို့ဖြစ်၍ ထိုဖုန်းကိုယူကာ အလုပ်လုပ်နေသော တစ်ဖက်လူထံသို့ ခြေလှမ်းကျဲတို့ဖြင့် လျှောက်သွားခဲ့ပြီး ပြဿနာရှာခဲ့ခြင်း ဖြစ်သည်။

သူဟာ ထိုစဉ်က ရေချိုးပြီးခါစမို့ Bath robe ကိုသာ ဝတ်ဆင်ထားပြီး သူရိန်မင်းထင်သည်ကား ဝတ်နေကျဖြစ်သော အဖြူရောင် ရှပ်အင်္ကျီလက်တို၊ ကွက်စိပ်ပုဆိုးတို့နှင့် ဖြစ်၏။

Let's Get Divorced! [Completed]Where stories live. Discover now