Part (4)

334 32 6
                                    

" ဒီပုံတေက ဘာလဲ .... ကျစ် "

တစ်ချက်စုပ်သတ်လိုက်ရင်း Phone screen က ပုံကို ဒေါသတကြီးကြည့်နေမိသည်။

ထိုစဉ် ဖုန်းနံပါတ်တစ်ခုအားကောက်နှိပ်လိုက်ရင်း

" Moshi Moshi "

" Jaden... မင်းသိပ်ကိုရွှင်ပြနေတယ်ပေါ့ "

" ဟွမ် မင်းစကားကဘာသဘောလဲ "

" ခင်‌ဗျား ပါးစပ်က ဟွမ် လို့မခေါ်နဲ့ ရွံလို့ "

" ဘာကိုလဲ ငါဘာလုပ်မိလို့ဒေါသထွက်နေတာလဲ "

" Daddy နဲ့ ခင်ဗျား က ကျုပ်မရှိ‌တုန်းဘယ်အခြေအနေထိ ရောက်ပီးကြပီလဲ ဟမ် "

" မင်း ငါ့ကို မစော်ကားနဲ့နော် ၊ မင်းစကားကို မင်းပြန်ရုတ်သိမ်း "

" အဟက်...အသံက ဘာလို့ တုန်နေတာလဲ "

" မင်း မဟုတ်တာတွေပဲပြောနေမယ်ဆို ဖုန်းချလိုက်တော့မယ် ၊ ငါ့မှာ မင်းလိုအချိန်မရှိဘူး "

" ဘာလဲ.. အငယ်အနှောင်းလုပ်ဖို့ အချိန်ထဲကတော့ မောင့် အတွက်ဖြစ်ဖြစ် ဖဲ့ပေးလေ အချစ်ရယ် "

" ဘာ.. မင်းသိပ်ရွံဖို့ကောင်းနေပီနော် ဆိုးဂျောင်ဟွမ် , မင်း ငါ့သိက္ခာကိုမစော်ကားနဲ့ "

" ပုံတွေက သက်သေပဲလေ ခင်ဗျားရဲ့ "

" ဘာပုံလဲ... ဘာတွေလာပြောနေတာလဲ ၊ ငါနဲ့ Daddy က ပုံမှန်ပဲ ၊ မင်းအရင်က ပြောခဲ့ဖူးသလိုမျိုး ဦး နဲ့ ကလေးဇာတ်လမ်းလဲမဟုတ်ဘူး ၊ မင်းငါ့ကိုအမြင်မကြည်တာနဲ့ပဲ မင်း. Daddy ကို အဲ့လို စွပ်စွဲဖို့မကောင်းပါဘူး ၊ ဒါမင်း Daddy ကိုမယုံတာနဲ့ အတူတူပဲ "

" ‌Daddy ကို ယုံတယ် ၊ Daddy နားမှာ လိပ်ပြာတစ်ကောင်လို တဝဲဝဲလည်နေတဲ့ ခင်ဗျားကိုမယုံတာ ရှင်းလား။ ဒီ့ထက်ရှင်းအောင်ပြောရရင် ခင်ဗျားလိုမျိုးမစစ်ကောင်က Daddy ဘယ်လိုဆက်နွယ်ပီးရောက်မှန်းကိုမသိတာမို့ ပို ပီး ကျုပ်ဘဝအတွက် အပိတ်အဆို့ဖြစ်သလို အကျည်းတန်စေတယ် , နားလည်လား ခင်ဗျား "

" တော်လောက်ပီ ဂျောင်ဟွမ် "

" ခင်ဗျား..Moshi Moshi , တောက် ၊ ဟာကွာ "

ဖုန်းကိုနံရံမှာ ပစ်ပေါက်လိုက်ရင်း ကုတင်ပေါ်သို့ ဆောင့်အောင့်ထိုင်ချလိုက်လေသည်။

DADDY BROTHER (Complete)Where stories live. Discover now