Part (7)

380 32 19
                                    

အိမ်က အရင်တိုင်းလေလိုပင် ၊
သို့သော် မေမေ Nagoya က ပြန်လာမယ်ဆိုတဲ့အသိကတော့ ပျောက်ဆုံးမသွားပေ။

မေမေ သိလား ? မေမေ့သားက ဘဝတစ်ကွေ့မှာ မထင်မှတ်ထားတဲ့သူနဲ့တွေ့ဆုံခဲ့ရတယ် ၊ မေမေ့ရန်သူတစ်ဖြစ်လဲ ပေါ့ ၊

ဒါပေမဲ့ သားအပေါ်တော့ကောင်းတယ် မေမေ ။

ကို့အတ္တတစ်ခုထဲကိုသာကြည့်ပီး စိတ်လိုလက်ရ ထင်ဒိုင်းကြဲတဲ့ သူမျိုးနဲ့လဲ ကျွန်တော်ဆုံတွေ့ခဲ့ရပီးပီ ။

သားလေ လူမှုပတ်ဝန်းကျင်ကိုကောင်းကောင်းလေ့လာတတ်ပီ။ သား ရင့်ကျက်ပီလို့ထင်တာပဲ။

မေမေရော ကောင်းကောင်းမွန်မွန်နေထိုင်နေတယ်မလားဟင်။

အိမ်ရှေ့ကွပ်ပစ်လေးမှာထိုင်ရင်း ကောင်းကင်က တိမ်စိုင်လေးတွေကိုငေးကြည့်ကာ စိတါထဲတွင်ပြောနေခြင်းပင်

ညမိုးရွာသွန်းထားတဲ့ အအေးဒဏ်အရှိန်ကြောင့်နာကျင်ကိုက်ခဲသည့် ရှရာအား ခြေဖမိုးကတစ်ဆင့် ပတ်တီးဖြူလေးအားရစ်ပတ်၍ ခြေဖဝါး၌ ရစ်နွယ်ပီးဆုံးသည်။

ခြေထောက်လေးအားစုံမရပ်နိုင်တာကြောင့် ထော့နဲ့နဲ့ ဖြင့် မီးဖိုချောင်ထဲဝင်ကာ မနက်စာပြင်လိုက်သည်။

ခပ်ချိုချိုအရသာရှိသည့် Miso ဟင်းချိုလေး ၊
Saba ငါးကင်စားချင်သော်ငြားလဲ.. မဝယ်ရသေးတာကြောင့် ဟင်းချိုလေးထဲ ထမင်းမြုပ်သည်အထိမွှေကာ ဒီတိုင်းပင် စားလိုက်ရသည်။

ခန္ဓာကိုယ်အောက်ပိုင်းတစ်ပိုင်းလုံး နုံးချိနေသော်လည်း တာဝန်ကတော့ ရှိတာမို့ ပျက်ကွက်လို့မဖြစ်ပြန်။

ခဏကြာတော့ Daddy ခိုင်းထားသည့် အလုပ်က််ိုသတိရ၍ Laptop အိပ် အမြန်ဆွဲကာ သခင်ကြီးအိမ်သို့ပင် ။

" တီး တောင် "

" ဂျိန်းးးး "

"Yoon San "

" Hai "

" So Junghwan ရော "

" ခုနကတင် , Hoshi နဲ့ ရုံးသွားပီ သား "

" ဟုတ်ကဲ့ "

" စာရွက်စာတန်းတွေ Daddy က ပို့ပေးဖို့ပြောထားလို့ပါ , အဲ့ဒါသူ့အခန်းထ ဝင်ခွင့်ပြုပါနော် "

DADDY BROTHER (Complete)Where stories live. Discover now