အိစက်နေသည့်အိပ်ရာပေါ်တွင်အကောင်ပေါက်လေးတစ်ယောက် ရင်ခွင်ကျယ်ကြီးထဲနစ်မြုပ်နေလေသည်။
မျက်လုံးအရင်ပွင့်လာသူက ယိုရှီပင်
ယိုရှီက သူ့ခန္ဓာကိုယ်ကိုပြန်ကြည့်တော့ ဟွမ်က အကျီလဲ၍ သန့်ရှင်းပေးထားတာကိုတွေ့ပီးပြုံးမိပြန်သည် ။
ညက နာကျင်မှုနဲ့သာယာမှုကို တစ်ပြိုင်နက်ထဲခံစားနေရချိန် မွှန်နေတာကြောင့် ဟွမ်အားသူ့နှုတ်မှ ချစ်တယ်လို့ပြောမိတာကို တစ်ယောက်ထဲ လက်ကလေးအုပ်ပီး ရှက်နေလေရဲ့
အတန်ကြာလက်တွေပြန်ခွာချိန် ဟွမ်က သူ့အား ရုတ်တရက် နိုးနေ၍ စိုက်ကြည့်နေသည်။
" အဲ့လက်ဖောင်းဖောင်းလေ ဖယ်ကွာ.. ဘာလို့ပြန်အုပ်သွားတာလဲ အချစ်ရဲ့ "
" ဘာပြောတယ် "
" ဘာလို့ပြန်အုပ်သွားတာလဲ လို့ပါ "
"မဟုတ်ပါဘူး ဘယ်လိုခေါ်လ်ုက်တာလဲ "
" ဟင်.. တစ်ခါတစ်လေ အဲ့လိုခေါ်နေကြပဲကို အခုမှ ထူးထူးဆန်းဆန်း "
"ဒါနဲ့ ... ဘာလို့ အကျီချွတ်ပီးအိပ်နေတာလဲ "
" ဟင်.. မောင် အိမ်မှာလဲ အမြဲဒီတိုင်းအိပ်နေကြပဲကို "
" ဘာ.. မောင် လဲ "
" ဟဲဟဲ..."
" မရီနဲ့.. "
" ဟောဗျာ... ညကပဲ အဖြေပေးလို့ ချစ်သူဖြစ်သွားကြပီ မဟုတ်ဘူးလား "
" ပြန်ရုပ်သိမ်းတယ် "
" အဲ့လိုရလား??? ခင်ဗျား "
" ရတယ်လေ.. လူဆိုးကောင်ရဲ့ "
" ဘာလို့လူဆိုးကောင် ဖြစ်ရပြန်တာလဲ "
ဟွမ်က ပြောရင်း ပြောရင်း နဲ့ ယိုရှီ့ဘေးတဇောင်းလှဲနေတဲ့ ခါးသိမ်သိမ်လေးကို အားနဲ့ ဆွဲဖက်ကာ သူ့အရှေ့တိုးလိုက်တာကြောင့် နှာဖျားလေးနှစ်ခုကပ်သည်အထိကို နီးစပ်သွားခဲ့ ပီး မျက်ဝန်းများဟာ အချင်းချင်းစိုက်ကြည့်နေမိသည်။
လက်သီးဆုပ်လေးနဲ့ဟွမ့်ရင်ဘက်ကို ကလေးပမာ တွန်းထုတ်တာကြောင့် ဟွမ်က အဲ့လက်သီးစုပ်လေးကို ယူ၍ လက်ချောင်းလေးတေကိုငုံခဲလိုက်လေသည်။