အပိုင်း(၁၁)

2.4K 180 92
                                    

Unicode

Recommended song_ promise

စားပွဲပေါ်က စာရွက်ဖြူသည် ကြမ်းပြင်အောက်ဆီသို့  လုံးကြေကာ အရှိန်ပြင်းပြင်း ကျသွားလေသည်။တရားခံက ကျွန်တော်သာဖြစ်သည်။ဘယ်နှစ်ကြိမ်မြောက် လွင့်ပစ်မိသည်မသိ။သစ်တောထိန်းသိမ်းရေးဝန်ကြီးသာ ကျွန်တော့်အိမ်ကြမ်းပြင်ကို မြင်လျှင် စာရွက်ဖြုန်းတီးမှုနဲ့ တစ်ချက်လောက်ခေါင်းပူနေအောင် ထုခံရလောက်သည်။အမေမြင်လျှင် အဆူခံရမည်မို့ အောက်ကျနေသည့် လုံးကြေနေသော စာရွက်တွေကို ကောက်သိမ်းရင်း အမှိုက်တောင်းထဲ ပစ်ထည့်လိုက်၏။

ပြင်သစ်ဘောပင်ကို လက်ညိုးနဲ့ညှပ်ကာ လှည့်ကစားနေရင်း စာရွက်ပြောင်ကို မျက်မှောင်ကြုတ် ကြည့်နေသည်က မသိရင်တော့ သင်္ချာတွက်နေသည့်ပုံစံမျိုးပင်။အဲ့လိုဆိုရင်တောင် ပုစ္ဆာအတွက် အဖြေရချင်ရဦးမည်။အခုတွင် ကျွန်တော့်ခေါင်းမှာ ပူထူကာ ညှော်နံ့ပင်ထွက်နေပြီလားဟု အမှတ်မှားမိသေးသည်။

ထိုအချိန်တွင် ရည်းစားစာတွေပတ်ပေးနေသည့် အတန်းဖော်သူငယ်ချင်းအား အမှတ်ရမိသွား၏။ဘယ်လိုများတွေး၍ ဘယ်လိုများရေးရနိုင်ရသနည်း။ကျွန်တော့်အဖို့ ရည်းစားစာရေးရတာသည် တော်တော်ခက်သည့်ဟု ယူဆမိသည်။ဒီတိုင်း "အန်ကယ့်ကို ချစ်တယ်"ဟု ရေးလိုက်ရင်ရော။မဟုတ်သေးဘူး။ဒါက မလေးစားရာရောက်သည်။

ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ စားပွဲပေါ် ခေါင်းမှောက်ကာ အိပ်ပစ်လိုက်၏၊မှောင်မဲနေသည့် အမြင်အာရုံထဲ အလင်းတန်းတစ်ခုလို ထိုးဖောက်ဝင်ရောက်လာသည်က တစ်စုံတစ်ဦးသာ။ရောက်တဲ့အရပ်တိုင်း အတွေးထဲနေရာဝင်ယူနေတဲ့သူ။ကိုယ်တစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့ အသိလေးက ကျွန်တော့်ရင်ထဲနွေးကနဲဖြစ်သွားစေ၏။
နှလုံးသားတိုက်ပွဲမှာ စစ်မကြေငြာသေးခင်ကတည်းက အရှုံးပေးနေမိသည့် ကျွန်တော် နဲ့နှလုံးသားကို အနိုင်ယူသွားသည့် အရှင်သခင်။ဟုတ်တာပေါ့ အန်ကယ်က မောင့်ရဲ့ အရှင်သခင်။မောင်ဟာ အန်ကယ်ပိုင်တဲ့ စစ်သုံ့ပန်းတစ်ယောက်...

ကြယ်တစ်စင်းရဲ့ လရောင်အိမ်မက် (Ongoing)Where stories live. Discover now