အပိုင်း(၃၅)

792 47 5
                                    

Unicode

Recommended song_ဝန်ခံပါ ပူစူး

အမင်္ဂလာများသာ သယ်ယူလာသော ဆေးရုံဝန်းအတွင်းတွင် ဦးသျှားမြတ်ခေါင်သည် ဂျူတီကုတ်တလွှားလွှားဖြင့် အပြေးအလွှားရှိနေ၏။မောပါသည်။သို့သော် များပြားလှသော လူနာတွေကြားမှ သွေးသံတရဲရဲဖြင့် ရောက်ရှိလာသောလူနာကို ကြည့်လျက် ဦးသျှားမြတ်ခေါင် ချွေးသိပ်ရ၏။

ခေါင်းကွဲဒဏ်ရာသည် နက်လှ၍ သေမင်းဆီ တစ်ဖက်လှမ်းနေပြီဖြစ်သော လူနာအား ကျွန်တော်နှင့်တကွ တတ်ကျွမ်းပြီးသား ဆရာဝန်ကြီးများ၏ ကြိုးစားအားထုတ်မှုဖြင့် အသက်ကယ်ရသည်။ထို့သို့သော ကိစ္စရပ်များကို ဆရာဝန်သက်တမ်းတစ်လျှောက် အတွေ့အကြုံများခဲ့ပြီးသား ကျွန်တော်က စိတ်အေးအေးထားစွာဖြင့် သွေးကြောမျှင်များအား မပြတ်တောက်စေရန်နှင့် အက်ကွဲနေသော ဦးခေါင်းခွံအားပြန်လည်ကောင်းမွန်စေရန် စိတ်အလုံးစုံကို ထိုဒဏ်ရာဆီ ပို့ထားရ၏။

စက္ကန့်ပေါင်းများစွာ၊အချိန်ပေါင်းများစွာ ကျော်လွန်ပြီးချိန်၌ နောက်ဆုံးအဆင့်ဖြစ်သော ချုပ်ရိုး၏ အဆုံးသတ်ကြိုးကို ဖြတ်တောက်ပစ်လိုက်၏။ထို့နောက် ကျွန်တော်သည် အောင်မြင်သွားသည့်ခံစားချက်နှင့်အတူ ပြီးမြောက်သွားသော အလုပ်ကြောင့် သက်မတစ်ချက်ချလျက် ပိုးသတ်ဝတ်စုံအား တစ်ဆင့်ချင်းစီ ချွတ်လျှက် တိုင်ကပ်နာရီကို တစ်ချက်ကြည့်လိုက်၏။အချိန်မှာ ည၆နာရီထိုးလုနီးနီးပင်။

မကြာပါ။အကြောင်းတစ်ခုခုဖြစ်ပျက်ပါက သတင်းအရမြန်သော လူ့ပါးစပ်များကြောင့် ဆေးရုံဝန်းအတွင်း၌ ထိုခေါင်းကွဲလူနာ၏ သတင်းမှာ တစ်ချို့သော နာစ့်များနှင့် ဆရာမများ၏ ပါးစပ်ဖျားတွင် ရှိနေကြသည်။ပြောစကားအရ ထိုလူသည် ယနေ့ ပြုလုပ်သော ဆန္ဒပြပွဲမှ ကျောင်းသားများ ရိုက်လွှတ်လိုက်သည့် သတင်းထောက်တစ်ယောက်ပင်ဖြစ်လေသည်။ကျွန်တော်သည် ဘုရားတမိလိုက်၏။မသေကောင်း မပျောက်ကောင်းပင်။

ထိုကိစ္စနှင့် ပတ်သတ်၍ ကျွန်တော့်မှာ မည်သည့်ဘက်ကိုမျှ မှတ်ချက်လည်းမပေးချင်၊ဝေဖန်မှုလည်းမပြုချင်ပါ။သို့သော် ထိုရိုက်နှက်မှု၌ ကောင်လေးပါနေနိုင်မလား၊ပါနေလျှင်တော့ အနည်းနဲ့အများတော့ စိုးရိမ်စရာပင်။မပါနိုင်လောက်ပါ၊ကောင်လေးသည် ထိုသို့သော စိတ်ဆတ်လက်ဆတ်တတ်သူ မဟုတ်မှန်း ကျွန်တော်သိပါသည်။သို့သော် လူ့စိတ်ဆိုတာ အတပ်ပြောလို့မရနိုင်ပါ။

ကြယ်တစ်စင်းရဲ့ လရောင်အိမ်မက် (Ongoing)Where stories live. Discover now