အပိုင်း(၁၈)

1.8K 136 30
                                    

Unicode

အနက်ရောင် ချည်လုံးလေးသည် ဆောင်းတွင်းတွင် အသုံးပြုဖို့အတွက် တဘတ်တစ်ထည်ဖြစ်ရန် အဆင်သင့်ဖြစ်လို့နေသည်။ချည်ထိုးတံလေးသည် တစ်ဆင့်ပြီးတစ်ဆင့် ကူးပြောင်းသွားရင်း ပတ်ဝန်းကျင်မှာ နွားနိုးအိုးတည်သံမှအပ စိတ်ငြိမ်လျှက်ရှိသည်။မလိုင်များမှ ကြိုက်သော ဖေဖေ့ကြောင့် နွားနို့အိုးသည် မလိုင်များဖြင့် အနံ့ပင်ထွက်ကာ မွေးကြိုင်လျက်ရှိသည်။နွားနိုးအိုးတည်ကာ စောင့်နေသည့် ကျွန်မသည် ကုလားထိုင်ပေါ်ထိုင်ရင်း အနက်ရောင်ချည်တဘတ်လေးကို စိတ်ရှည်လက်ရှည် ထိုးနေ၏။တဘတ်လေးသည် တစ်ဝက်ပင်ကျိုးကာ မကြာခင် အပြီးသတ်ရန် သိပ်မလိုတော့ပေ။အနက်ရောင်ကို ကျွန်မ မကြိုက်ပါ။သို့သော် အနက်ရောင်ကိုမှ ရှားရှားပါးပါး ကြိုက်တတ်သည့် မိန်းကလေးအတွက်သာဖြစ်သည်။

မှတ်မိပါသေးသည်။တစ်ခါက အလုပ်ကိစ္စဖြင့် တောင်ကြီးက အပြန် ရှမ်းထည်များကို မိတ်ဆွေများကို ဝေငှဖို့ အရောင်အစုံအလင်ဖြင့် လောက်လောက်ငှငှ ဝယ်လာခဲ့ရာ ပထမဦးဆုံး သတိရမိသူသည် မိမိ မေတ္တာမျှနေသော မိန်းကလေး မြတ် သာဖြစ်သည်။
မြတ် စိတ်တိုင်းကျ ရွေးနိုင်စေဖို့ ဝယ်လာသမျှ ရှမ်းထည်တွေအား အကုန် ယူချလာကာ မြတ်ကို ဦးစားပေးစွာဖြင့် ကြိုက်သည့် အထည်ကို ရွေးစေခဲ့သည်။မြတ်မကြိုက်၍ ကျန်သည့် အထည်များကိုသာ မိတ်ဆွေတွေကို ဝေငှလိုက်မည်ဟု သူမတွေးထားပြီးသားပင်။

ပင်နီရောင်၊အဖြူရောင်၊အပန်းရောင်၊မြင်းချေးရောင် စသည့် အရောင်များ အနက် မြတ်သည် ပင်နီရောင်တစ်ထည်နဲ့ အနက်ရောင်တစ်ထည်ကို ရွေးထုတ်ယူသည်။ထိုနောက်တွင် ကျွန်မက သဘောမကျသလို အဒွန့်တက်လိုက်သည်။မြတ် အသားအရေနဲ့ဆို အပန်းရောင်လေးနဲ့ သိပ်လိုက်မည်ဟု ကျွန်မ တွေးမိသည်။သို့သော် မြတ်သည် ကျွန်မစကားအား နာခံမှုမရှိစွာ "မြတ်က အနက်ရောင် ကြိုက်တာ အန်တီရဲ့" ဟူသည့် စကားကို ပြောလာသည်။ထိုအခါ ကျွန်မရဲ့ လိုအင်ဆန္ဒသည် ထိုစကားအောက် ပြားပြားဝပ်သွားခဲ့လေသည်။

အနက်ရောင်သည် ဝမ်းနည်းခြင်း အထိမ်းအမှတ်ရဲ့ ပြရုပ်ဖြစ်သောကြောင့် ကျွန်မ မကြိုက်ပါ။ထိုအတွေးသည် အနက်ရောင် ချည်ထည် ရှမ်းဝတ်စုံလေးနဲ့ လှပကျော့ရှင်းသည့် မြတ်ကြောင့် ကျွန်မ အတွေးများ တစ်စစီ ပျက်စီးသွားခဲ့၏။အနက်ရောင်သည် ခမ်းနားခြင်း၊ကျက်သရေရှိခြင်း ဆိုတဲ့ အလှတရားကို စွမ်းဆောင်နိုင်သည့် အရောင်သာ ဖြစ်သည်ဟု ကျွန်မ မှတ်ချက်ချမိသည်။ကျွန်မ ထိုးပေးထားသော တဘတ်အနက်လေးအောက် ဖြူဖွေးလှသည့် မျက်နှာလေးမှာ ထင်းနေမှာ အသေအချာပေ။ကျွန်မရဲ့ မေတ္တာတွေဖြင့် လွမ်းခြုံစွာ ထိုမိန်းကလေးအား နွေးထွေးစေချင်သည်။ကျွန်မ မေတ္တာကို အသိအမှတ်ပြုစေချင်သည်။

ကြယ်တစ်စင်းရဲ့ လရောင်အိမ်မက် (Ongoing)Where stories live. Discover now