အပိုင်း(၃၃)

796 46 4
                                    

Unicode

Recommend song _Somebody's pleasure

ချစ်ခြင်းမေတ္တာကို သက်သေတည်လို့ လွတ်တင်မိလိုက်သည့် မီးပုံးပျံလေး ၂လုံးမှာ ယခုအချိန်တွင် ဝေဟင်ထက်သို့ မိုင်ပေါင်းများစွာ ပျံသန်းနေလိမ့်မည်။ထို မီးပုံးပျံလေး ၂လုံး ဘယ်အချိန်မှာ ရပ်တန့်၍ ဘယ်အချိန်မှာ ပြီးဆုံးသွားမလဲကိုတော့ ကျွန်တော်မသိပါ။သို့သော် ချစ်ရသူအပေါ် ထားသည့် ကျွန်တော့် ချစ်ခြင်းမေတ္တာမှာမူ ပြီးဆုံးသွားသည်ဟူ၍ မရှိကြောင်း ချစ်ရသူအား သိစေချင်သည်။

မီးပုံးပျံလေး လွတ်တင်စဥ်တုန်းကလည်း ကျွန်တော်ပျော်ရပါသည်။လူတွေကြားထဲက အန်ကယ့်၏ လက်အား မသိမသာလေး ယှက်ကိုင်မိတုန်းကလည်း ကျွန်တော် ပျော်ရပါသည်။မီးပုံးတွေ လွှတ်တင်တုန်း၊မီးပန်းပွားတွေ လွင့်စင်နေတုန်း၊အရောင်တလက်လက်ဖြင့် ညအလား ကြယ်ရောင် လရောင်ကဲ့သို့သော မျက်ဝန်းများဖြင့် ကောင်းကင်ကြီးအား တမော့တမော ငေးကြည့်နေသည့် အန်ကယ့်ကို ငေးကြည့်နေတုန်းကလည်း ဘေးက ကျွန်တော် ပျော်ရပါသည်။အင်း...ပျော်ရပါသည်။အချိန်အပိုင်းအခြားလေး၏ အတိတ်ကာလမှာ ကျွန်တော် ပျော်ခဲ့ရပါသည်။

ယခုတွင်တော့ ထိုအပျော်များ ရပ်တန့်သွားခဲ့ပြီ။ပစ္စုပ္ပာန်ကာလက မိမိသည် တစ်စုံတစ်ယောက်အား ငေးမောကြည့်နေ၏။မြင်ကွင်းထဲက အမျိုးသမီးနှင့် အမျိုးသားသည် တစ်စုံဖြစ်၍ ထိုစုံတွဲ၏ အခြားတစ်ဖက် ဘေးလူသပ်သပ်တစ်ယောက်မှာ ကျွန်တော်ဖြစ်နေကြောင်း ရင်နာနာနဲ့ ပြောရပေလိမ့်မည်၊

တရားခံ ကျွန်တော့်၏ အားပါးတရ ဆုတ်ကိုင်ထားမှုကြောင့် လက်ထဲက အပြစ်မဲ့ ဖယောင်းတိုင်လေးမှာ ထက်ဝက်ကျိုးလို့နေသည်။မီးပလုံးလေးလည်း ကြေမွချင် ကြေမွသွားနိုင်သည်။

ထွန်းစရာမလိုတော့သည့် ဖယောင်းတိုင်လေးလို မိမိအဖြစ်ကိုမူ သတိထားမိသည့် ကျွန်တော်က မိမိအဖြစ်ကို သိပြီးပါလျက်နှင့် ရှေ့မှမြင်ကွင်းအား ငေးကြည့်နေမိသည်မှာ မယုံကြည်ခြင်းများစွာပါဝင်နေသည်။

မြင်ကွင်းကတော့ ရိုးရှင်းသည်။စကားလုံးဖြင့် ဖော်ပြလျှင်လည်း ရိုးရှင်းသည်။အန်ကယ်သည် မနန်းခမ်းပျို၏ မီးမညှိရသေးသည့် မီးပလုံးလေးအား မီးထွန်းပေးနေသည်။ထိုအကြောင်းအရာလေးသည် ဤမျှလောက် ရိုးရှင်းပါလျှက်နှင့် ကျွန်တော့်၏ရင်တွင်းခံစားချက်များမှာမူ ထိုမျှလောက် ရိုးရှင်းမနေခဲ့ပေ။ထိုမီးညှိပေးခြင်း၏ အဓိပ္ပါယ်အား သိထားနှင့်သူပီပီ လက်မခံချင်ဘဲ ရင်နာနာဖြင့် လက်ခံရမည်အဖြစ်ကို ရောက်ရှိခဲ့လေပြီ။

ကြယ်တစ်စင်းရဲ့ လရောင်အိမ်မက် (Ongoing)Where stories live. Discover now