အပိုင်း(၁၂)

2.9K 205 144
                                    

Unicode

Recommended song_pasilyo

မောင့်မေမေရဲ့ ငိုရှိုက်သံ။နှစ်သိမ့်ပေးနေသည့် မမရဲ့အသံ။သည်ကြားထဲ တူမဖြစ်သူ၏ ရှိုက်သံသဲ့သဲ့ကိုပါ ကြားမိ၏။အချိန်အားဖြင့် ည ၉နာရီ။ကျွန်တော့်ရဲ့ ဘုရားစာရွတ်သံကတော့ ခပ်တိုးတိုးသာ။စိုးရိမ်ရေအမှတ် ကျော်လွန်သွားသလို အခုပဲ ခွဲခန်းတံခါးကိုပဲ တွန်းဖွင့် ဝင်လိုက်ရမလား။ဒါမှမဟုတ် အရှက်တရားမဲ့စွာ ငိုနေရမလား။ဖြစ်သမျှအရာအားလုံး ကျွန်တော်ပဲ ကိုယ်စားဝင်ခံလိုက်ရလျှင် ကောင်းမည်။မကြာလိုက် သူနာပြုဆရာမလေး တစ်ယောက်က ရေးကြီးသုတ်ပြာဖြင့် ခွဲစိတ်ခန်းထဲမှ ထွက်လာလေသည်။သွေးလိုနေသည်တဲ့လေ။မောင်မှာ Oသွေးဖြစ်ပြီး ကျွန်တော်သည်လည်းOသွေးဖြစ်၏။သွေးအမျိုးအစားချင်းတူသည်မို့ တော်သေးသည်ဟု ဆိုရမည်။သွေးသွင်းသွေးထုတ်ကိစ္စ အဝဝလုပ်ပြီးချိန်တွင် ကျွန်တော့်တစ်ကိုယ်လုံး အင်အားချိနဲ့ကာ မလှုပ်နိုင်တော့။သို့သော် ကျွန်တော့်စိုးရိမ်စိတ်သည် ကိုယ့်ကိုကိုယ် ဆရာဝန်မှန်း မေ့သွားရလောက်တဲ့အထိ ဖြစ်စေသည်။

၁၁နာရီ မခွဲမှီ ၅မိနစ်အလို။ခွဲစိတ်ခန်း တံခါးဖွင့်ဟလာခဲ့သည်။မစိမ်းသောမျက်နှာနဲ့ ခွဲစိတ်ဆရာဝန် ဦးမင်းထင်ကျော်က ကျန်းမာရေးသုံးမက်စ်ကို ဖြုတ်ရင်း သက်ပြင်းခပ်ဖွဖွချသည်။ဘုရားရေ ။ကျွန်တော့်လက်တွေ တဆတ်ဆတ်တုန်လာသည်။

"ကိုသျှား"

"....."

"ကျွန်တော်တို့ လူနာ့ရဲ့အသက်ကို ကယ်တင်လိုက်နိုင်ပါတယ် စိတ်ချလို့ရပါပြီ ဒါပေမဲ့ လူနာရဲ့ဒဏ်ရာက ပြင်းထန်တဲ့အတွက် အခု လောလောဆယ်တော့ သတိရသေးမှာ မဟုတ်ဘူး"

ကျွန်တော့် တင်းခံနေသည့်စိတ်မှာ အလုံးလိုက်အရင်းလိုက် ကျ သွားတော့၏။ရှုထုတ်လိုက်သော လေထဲတွင် ကျွန်တော့် အသိစိတ်ပါ လွင့်ပါ သွားသည်ထင်သည်။ခြေတွေယိုင်လာပြီး မထိန်းနိုင်ပဲ လဲပြိုသွားတော့၏။နောက်ဆုံးတွင် ကျွန်တော့်အသိစိတ် ပျောက်ဆုံးကာ အမှောင်ထုထဲရောက်ရှိသွား၏။တော်သေးတာပေါ့ မောင် ဘာမှမဖြစ်ဘူး။

ကြယ်တစ်စင်းရဲ့ လရောင်အိမ်မက် (Ongoing)Where stories live. Discover now