အပိုင်း(၃၄)

760 38 7
                                    

Unicode

"အဟင်း ဟင်း ဟင်း သောက်ရူးတွေပဲ အေး ဒါပေမဲ့ အဲ့အရူးတွေက လူ့အပယ်ခံအရူးမျိုးတော့ မဟုတ်ဘူး အဲ့လိုအရူးမျိုးတွေကို သိပ်ချစ်ကြတဲ့လူတွေလည်း ရှိသေးတယ် ဘယ်လိုလူတွေ ချစ်ကြသလဲဆို ဆယ်နှစ်ရာသီလုံးပေါ်တဲ့ ဖားပေါင်းစုံဟာ သူတို့တွေကို သိပ်ချစ်ကြတယ်"

ယမန်နေ့တွင် ကန်တင်းမှာ ပုံမှန်ထပ်လူကျနေ၏။ဒီဇင်ဘာလအဝင်၏ ချမ်းစီးမှုတွင် မြတ်သည် အငွေ့တစ်ထောင်းထောင်းထနေသော ရေနွေးကြမ်းကို တစ်ခွက်မော့ခြင်းဖြင့် အနွေးဓါတ်ယူရ၏။

မြတ်တို့ဝိုင်း၌ မြတ်နှင့်ကိုဖိုးမောင်သည် ဘေးချင်းကပ်ရပ်ဖြစ်ပြီး ကိုဖိုးမောင်ဘေးတွင် မောင်ရှိသည်။သူမဘေးတွင် ဥမ္မာနှင့် စိုးစိုးအေး ရှိသည်။ထို့အပြင် ကိုဖိုးမောင်၏ အပေါင်းအပါဖြစ်သော သူငယ်ချင်း ၂ယောက်လည်း ပါလာသည်။

မျက်နှာချင်းဆိုင်ဝိုင်းဆီက အဆီ
တဝင်းဝင်း မှုတ်ဆိတ်ခပ်​ရေးရေး ဝဝဖိုင့်ဖိုင့် ကျောင်းသားတစ်ဦး၏ အနှောင့်အသွားမလွှတ်သောစကားသည် မည်သည်ကို ဦးတည်နေမှန်းသိ၍ ယနေ့ ကန်တင်းတွင် စုနေသူ အများစုက ထိုအကြောင်းအရာတစ်ခုတည်းကြောင့်ပဲ စကားဝိုင်းဖွဲ့ဖို့ရာ ရောက်လာကြသည်မဟုတ်ပါလား။

"အဲ့လိုအရူးတွေကို တရားတာနဲ့ မတရားတာဟာ ဘာလို့လဲမေးရင် ဖြေပါလိမ့်မယ် တရားခြင်းကတော့ မြန်မာစာလုံးပေါင်း ၃လုံး၊မတရားခြင်းကတော့ မြန်မာစာလုံးပေါင်း ၄လုံးပေါ့လို့ ဖြေကြမှာပဲ တရားခြင်းမတရားခြင်းအဓိပ္ပါယ်တောင် မသိတော့တဲ့ အရူးတွေကို ဘယ်တော့မှ အမှန်အမှားခွဲခြားပြလို့ ရလာမှာ မဟုတ်တော့ဘူး"

မျက်နှာချင်းဆိုင်ဝိုင်းမှ ထပ်မံခနဲ့တဲ့တဲ့စကားသည် စောစောကထပ် ပို၍ကျယ်လောင်စွာထွက်လာလေသည်။

အခြားသော နိုင်ငံရေး မသမာမှုများနှင့် လွန်ခဲ့သည့်၁လခန့်က စက်မှုတက္ကသိုလ် ကျောင်းသားတွေ၏ နိုင်ငံရေးနှင့်မသက်ဆိုင်သော သာမာန်ရန်ပွဲတစ်ခုဖြစ်ခဲ့သည်။ရဲစခန်းမှ ကျောင်းသားတွေကို ထပ်မံရိုက်နှပ်သည်ဟုလည်း သတင်းကြားခဲ့ရသည်။

ကြယ်တစ်စင်းရဲ့ လရောင်အိမ်မက် (Ongoing)Where stories live. Discover now