Part (14)

241 23 4
                                    

One month ago,

Day Club သို့ ယိုရှီတစ်ယောက် တစ်ယောက်ထဲ သောက်ရန်ရောက်လာလေသည်။

Bartender ရှိအကိုတစ်ယောက်က လာနေကြမို့လို့ ယိူရှီ့အား မှတ်မိသည်ပေါ့။

" ခါတိုင်းလိုပဲလား Jeon "

Jeon ' jeon ဆိုတာ ယိုရှီရဲ့ နာမည် BangJeon ကိုအတိုခေါ်လိုက်ခြင်းဖြစ်သည် ၊ BangJeon ဆိုတဲ့နာမည်က တစ်နည်းအားဖြင့် ဤ Bar တွင်ရှိသည့် နံရံကပ်ပန်းချီတွေဆွဲတဲ့အခါ သုံးသည့် ကလောင် နာမည်ပင်ဖြစ်သည်။

Bar တစ်ခုလုံးက Jeon ဆိုသည့်နာမည်ကြားတာနဲ့ သူဆိုတာကို တန်းသိသည်။

" အင်း နဲနဲပြင်းပေးကွာ "

" ထိန်းမဲ့သူပါလို့လား "

" မပါဘူး.... ငါမပြန်နိုင်ရင် ဒီမှာ တစ်ခန်းယူမယ်ကွာ တွဲပီးသာပို့ပေး ကူညီမယ်မလား "

" နေပါဦး Jeon ရဲ့ .. Jeon ကောင်လေးနဲ့အဆင်မပြေပြန်ဘူးလား "

" ငါ လမ်းခွဲလိုက်ပီ "

" ဟာ... Jeon ရယ် ၊ ဘယ်လောက် ပင်ပန်းနေလိုက်မလဲ "

" မင်းသိပါတယ်... ငါ့ရဲ့ အချစ်ဦး ၊ ဟင့်အင်း ငယ်ချစ်ဦးက ငါမှန်းဆလို့မရတဲ့ အတိုင်းအတာတစ်ခုမှာရှိနေပြန်တယ် "

မမူးသေးသည့်သူဟာ Bartender က ကောင်လေးအားပြောပြရင်း ငိုကြွေးနေသည်တဲ့လား

ဘယ်လောက်တောင် မွန်းကြပ်ပြည့်သိပ်နေလိုက်မလဲ?

" Jeon.. Jeon သောက် ဗျာ...ကျွန်တော်ပြင်းပြင်းလေးစပ်ပေးမယ် ဟုတ်ပီလား "

One shot အပြင်းစား သုံးလေးခွက် ဆက်တိုက်‌မော့ပီးနောက် Jeon ဟာ ပုံမှန်မဟုတ်တော့ချေ။

မျက်လုံး များဟာ ရီဝေလာပီး မျက်နှာလေးဟာ ဖောင်းကစ်ရဲတက်လာလေသည်။

သို့သော်.. ဘီယာ အရက် သောက်ဖူးသူတိုင်းသိပေလိမ့်မည် ၊ သောက်လေ သောက်လေ ငတ်မပြေဖြစ်ပေမဲ့ သောက်ပီးလျှင်လည်း ဆီးအနည်းငယ်ရွှင်လေသည်မဟုတ်လား ?

သို့ပေကြောင့် Toilet သို့ ထလာလိုက်သည်

လူဟာ ယိုင်နဲ့နဲ့ပင် ,

ညာဘက်ထောင့်ဝိုင်းက ကောင်မလေးတစ်ယောက်ရဲ့ ဘေး ၊ စိတ်ပျက်လက်ပျက်နဲ့ ငိုင်တိုင်တိုင်ထိုငိနေသည့် Mullet hair style နဲ့ အမျိုးသားတစ်ဦးအား ဖြတိခနဲတွေ့လိုက်တာကြောင့် နောက်ပြန် ကြည့်လိုက်မိသည်။

DADDY BROTHER (Complete)Where stories live. Discover now