Chapter 1(Unicode+Zawgyi)

314 4 4
                                    

ဟုတ်ပါတယ်...ကျွန်တော်ကblစာအုပ်တွေကိုရေးသားတဲ့စာရေးဆရာမြူပါ....

ခုကျွန်တော်ရေးနေတဲ့အကြောင်းအရာလေးက'Back to the century'တဲ့....

အင်း..တနည်းအားဖြင့်ပြောရရင်time zoneကွာလှတဲ့နေရာ...အချိန်ကာလတစ်ခုမှာနေထိုင်ကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ချစ်ခြင်းပေါ့....

သိပ်ကိုဝမ်းနည်းဖွယ်ကောင်းတဲ့အခိုက်အတန့်လေးတွေလဲသူတို့မှာရှိခဲ့သလို...ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့အချိန်အလှည့်အပြောင်းတွေလဲရှိခဲ့ဖူးပါတယ်...

သိပ်ကိုလှပတဲ့သူတို့နှစ်ယောက်ရဲ့စိတ်ကူးယဉ်ဇာတ်လမ်းရဲ့အဆုံးသတ်ကတော့..........

'ဟူး.....'

'မြူရေ....'

'ဗျာ......ကိုထူးလား....?ကျွန်တော်အိမ်ထဲမှာ..ဝင်ခဲ့လေ...'

တထပ်ပျဉ်ထောင်အိမ်လေးကမပြင်တာကြာတော့ဆွေးနေလေပြီလေ...

ကိုထူးအိမ်ပေါ်ကိုတက်လာတော့ကြမ်းတွေတကျွိကျွိမြည်သံကိုကြားလိုက်ရတော့သက်ပျင်းတချက်ကိုခိုးချမိသည်......

အင်း....စားဖို့တောင်အနိုင်နိုင်ကို..ခုအိမ်ကမိုးမရောက်ခင်ပြင်ရပေဦးမည်....

တက်သစ်စစာရေးဆရာဆိုတော့ထွက်သမျှစာအုပ်တွေကထင်သလောက်မှရောင်းမထွက်ခဲ့ဘဲလေ........

'ဟ...မြူ.....မင်းဘာလုပ်နေတာလဲကွ...?'

'ကျွန်တော့်ဝတ္ထုအဆုံးသတ်လေးကိုပြန်ဖတ်ပြီးတွေးကြည့်နေတာ...နက်ဖြန်မြို့တက်ပြီးစာမူသွား ​ပို့ ရဦးမယ်လေ....'

'အေးကွာ....မင်းမလဲ...မြို့မှာ...ဆယ်တန်းအောင်ပြီးသားမင်းလိုလူအတွက်အလုပ်တွေပေါပါရက်နဲ့ခုကြစာရေးဆရာလုပ်သတဲ့...ငါသာဆိုဟိုဘာလဲ....သူတို့ပြောတဲ့အော်ဟစ်ဆိုလား......?'

'အော်ဖစ်လောက်တော့လုပ်ပါကိုထူးရာ...ဟဟ....'(သူတို့ပြောတာoffice-ရုံးပါ..)

'အေး...အော်ဖစ်..အဲ့မှာသွားကိုင်ပြစ်မှာ...'

'ဟာ...ဘာကြီးလဲ..?'

'ဟ....မငွေခင်သမီး....ကိုင်တာလေ...'

'ဘာကြီးတုန်းဗျ...'

Back To The CenturyWhere stories live. Discover now